Healthy Life Ad
Q & A

အပူရှပ်ပြီး အဖျားကြီးတဲ့အခါ . . .

—–၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—–

Q. အပူရှပ်ပြီး အဖျားကြီးတဲ့အခါ သက်သာအောင် ဘယ်လိုလုပ်သင့်ပါသလဲ။
KK (FB)

A. လူတွေက အဖျားတက်တယ်ဆိုရင် အဖျားကျအောင် စောင်တွေခြုံပြီး နေတတ်ကြပါတယ်။ စောင်တွေထပ်ခြုံလေလေ၊ ခန္ဓာကိုယ်က အငွေ့ပြန်တာ မဖြစ်လေလေ၊ အဖျားပိုကြီးလေလေ ဖြစ်လာပါတယ်။ အပူရှပ်ပြီး အဖျားကြီးတဲ့အခါမှာ ပတ်ဝန်းကျင်အပူချိန်နည်းတဲ့ အဲယားကွန်းအခန်းတွေ လိုလာပါတယ်။ နွေရာသီတိုရင် ဆေးရုံတွေမှာ အပူရှပ်တာတွေအတွက် အခန်းတွေ လုပ်ထားရပါတယ်။ အဖျား ၁၀၄ ဒီဂရီဖာရင်ဟိုက် ကျော်တာနဲ့ Heat Stoke အခန်းထဲ ထည့်ခိုင်းထားတတ်ကြပါတယ်။ တကယ်လို့ အဲယားကွန်းခန်းမရှိလည်း ရေပတ်တိုက်ပြီး ခန္ဓာကိုယ်အပူချိန်ကျအောင် လုပ်ပေးရပါတယ်။ တချို့က အပူများနေတဲ့ ချိုင်းတွေ၊ နဖူးတွေကို ရေခဲအုံပေးတတ်ကြပါတယ်။ ဆရာတို့ကတော့ ရေခဲကို မသုံးစေချင်ပါဘူး။ ရေခဲက သွေးကြောတွေကို ကျဉ်းသွားစေ (Vasoconstriction) တဲ့အတွက် ဖြစ်ပါတယ်။ ရိုးရိုးရေကပဲ သွေးကြောတွေကို ကျယ်စေတဲ့ Vasodilation အာနိသင်ရစေတာကြောင့် ရိုးရိုးရေကိုပဲ သုံးစေချင်ပါတယ်။

အပူမရှပ်အောင် ကာကွယ်ဖို့ကတော့ နေပူထဲ သိပ်မသွားပါနဲ့။ သွားရင်လည်း ထီး၊ ဦးထုပ်ဆောင်းပေးပါ။ အပူကိုစုပ်တဲ့ အနက်ရောင်တွေ သိပ်မဝတ်သင့်ပါဘူး။ ချွေးထွက်နည်းစေတတ်တဲ့ ကျပ်တဲ့ အဝတ်အထည်တွေ မဝတ်သင့်ပါဘူး။ ချောင်ချောင်ချိချိ လေဝင်လေထွက်ကောင်းတဲ့ အထည်တွေကိုသာ ဝတ်သင့်ပါတယ်။ အဆင်မသင့်ရင် လေဖြတ်တာတွေ၊ သတိလစ်တာတွေ ဖြစ်တတ်တဲ့အတွက် အပူမရှပ်အောင် ဂရုစိုက်ဖို့ကလည်း အရေးကြီးပါတယ်။ ရာသီဥတု ပူပြင်းချိန်မှာ ချွေးထွက်လေကောင်းလေ ဖြစ်ပါတယ်။ ချွေးကို အောင်းမထားမိစေပါနဲ့။ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာနေပါ။ အနွေးထည်အထူကြီးတွေဝတ်တာ၊ စောင်တွေခြုံထားတာတွေ မလုပ်ပါနဲ့။ အပြင်က ပြန်ရောက်ရောက်ချင်း ရေမချိုးရပါဘူး။ ရေချိုးတဲ့အခါမှာလည်း ခြေထောက်၊ ဒူး၊ ပေါင် အစရှိသဖြင့် တဖြည်းဖြည်းချင်း ရေလောင်းပြီးမှ ရေချိုးပေးရပါမယ်။ ပူပြင်းတဲ့အချိန်မှာ ချောင်းရေ၊ စမ်းရေတွေ ချိုးတာမျိုး မလုပ်ရပါဘူး။

Most Popular

Healthy Life Ad
To Top