Healthy Life Ad
Health Tips

ဆေးသောက်စရာမလိုဘဲ နာကျင်မှုအမျိုးမျိုးကို ရပ်တန့်နိုင်မည့် လှည့်ကွက် ၁၀

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

လည်ချောင်းနာတာ၊ ခေါင်းတစ်ခြမ်းကိုက်တာ၊ ခါးနောက်ကျောနာတာ စတဲ့ နာကျင်မှုဝေဒနာတွေ ဖြစ်လာရင် လောလောဆယ်မှာ ဆေးသောက်စရာမလိုဘဲ သက်သာအောင်လုပ်နိုင်မယ့် လှည့်ကွက်လေးတွေကို အကြံပြုပေးလိုက်ပါတယ်။

alignnone size-medium wp-image-58830
(၁) လည်ချောင်းနာခြင်း သက်သာစေရန် အမည်းရောင်ချောကလက်စားပါ

ဘာအတွက် အသုံးဝင်သလဲ-ချောင်းဆိုးပြီး လည်ချောင်းနာနေရင် အမည်းရောင်ချောကလက် တကွက်စာ စားပေးပါ။ အထဲမှာ ကိုကိုးအမှုန့်ပါတဲ့ ချောလက်ကို စားပေးပါ။

ဘယ်လိုထိရောက်မှုရှိသလဲ-ချောကလက်က တခြားအိမ်တွင်းကုထုံးတွေထက် ပိုကောင်းပြီး လည်ချောင်းနာတာကို အနာကျက်စေသလို ချောင်းဆိုးတာကိုလည်း ချိုးနှိမ်ပေးပါတယ်။ ချောကလက်မှာပါတဲ့ ကိုကိုးက ချောင်းဆိုးတဲ့ အကြိမ်ရေကို လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

alignnone size-medium wp-image-58831
(၂) ခေါင်းတစ်ခြမ်းကိုက် ရောဂါဝေဒနာ သက်သာစေရန် ရေများများသောက်ပါ

ဘာအတွက် အသုံးဝင်သလဲ-ရေများများသောက်ပါ။ နှစ်နာရီကြာတိုင်း ရေတစ်ဖန်ခွက်နီးပါးသောက်ဖို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

ဘယ်လိုထိရောက်မှုရှိသလဲ-အပျော့စား ခေါင်းကိုက်ဝေဒနာနဲ့ ပြင်းထန်တဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါတွေက ရေဓာတ်ခမ်းခြောက်မှုကြောင့် မကြာခဏ ဖြစ်တတ်ပါတယ်။ ကိုယ်တွင်းမှာ အရည်ဓာတ်နဲ့ ဓာတ်ဆားဓာတ် ဟန်ချက်ညီမျှမှုမရှိရင် ကိုယ်တွင်းစနစ်ရဲ့ လုပ်ငန်းဆောင်တာ လုပ်ဆောင်နိုင်စွမ်း လျော့ကျသွားပါတယ်။ ရေအလုံအလောက် သောက်ပေးရင် ရေဓာတ်ခမ်းခြောက်မှုကို တွန်းလှန်နိုင်ပြီး ခေါင်းတစ်ခြမ်းကိုက် ရောဂါဝေဒနာလက္ခဏာတွေကို သက်သာစေပါတယ်။

alignnone size-medium wp-image-58832
(၃) ရောင်ရမ်းမှုကြောင့်ဖြစ်တဲ့ နာကျင်တဲ့ဝေဒနာကို ရပ်တန့်ဖို့ ကာကူမင်ဓာတ်တချို့ မှီဝဲပါ

ဘာအတွက်အသုံးဝင်သလဲ-ကာကူမင်ဓာတ်ပါတဲ့ နနွင်းမှုန့်မှီဝဲတာက ရောင်ရမ်းမှုကို လျော့ပါးသက်သာစေပါတယ်။

ဘယ်လိုထိရောက်မှုရှိသလဲ-နနွင်းမှုန့်က အာရှမှာ ရေပန်းစားတဲ့ ဟင်းခတ်အမွှေးအကြိုင်ဖြစ်ပြီး ရောင်ရမ်းမှုကို ဟန့်တားပေးတဲ့ ကာကူမင်ဓာတ် ပါဝင်ပါတယ်။ လေ့လာမှုတချို့အရ ကာကူမင်ဟာ အကိုက်အခဲပျောက်ဆေး အိုင်ဗျူပရိုဖန်လိုပဲ ကိုက်ခဲနာကျင်မှုကို လျော့ပါးစေတယ်လို့ သိရပါတယ်။

alignnone size-medium wp-image-58833
(၄) ခါးနာတဲ့ဝေဒနာ သက်သာဖို့ ဆွဲဆန့်လေ့ကျင့်ခန်းလုပ်ပါ

ဘာအတွက် အသုံးဝင်သလဲ-သက်သောင့်သက်သာရှိတဲ့ အဝတ်အစားဝတ်ပြီး ယောဂဖျာပေါ်လှဲပါ။ သင်လုပ်နိုင်တဲ့ ဆွဲဆန့်လေ့ကျင့်ခန်း မျိုးစုံရှိပါတယ်။ ထိုင်ပြီး ဒူးအထိ ဦးခေါင်းကိုငုံ့တာ၊ လှဲလျောင်းရင်း ဒူးကိုကွေးတာ စတဲ့ ကျင့်စဉ်တွေပါ။ ခါးနာနေတယ်ဆိုရင် လေ့ကျင့်ခန်းလုပ်တဲ့အခါ ဖြည်းဖြည်းနဲ့ ညင်ညင်သာသာ လုပ်သင့်ပါတယ်။

ဘယ်လိုထိရောက်မှုရှိသလဲ-ဆွဲဆန့်လေ့ကျင့်ခန်းလုပ်တာက ခါးနောက်ကျောကို ပံ့ပိုးနေတဲ့ ကြွက်သားတင်းအားကို ပြေလျော့စေပြီး တစ်ကိုယ်လုံးလှုပ်ရှားမှုကို အားကောင်းစေပါတယ်။

alignnone size-medium wp-image-58834
(၅) ခေါင်းကိုက်ဝေဒနာ သက်သာစေရန် မရှိမဖြစ် ရနံ့ဆီရှူရှိုက်ပါ

ဘာအတွက် အသုံးဝင်သလဲ-တစ်ရှူးစထဲမှာ မရှိမဖြစ်ရနံ့ဆီ အစက်အနည်းငယ် ဆွတ်ပြီး ရှူပေးပါ၊ ရေချိုးကန်ထဲ ရနံ့ဆီအစက်အနည်းငယ်ထည့်ပြီး ရေချိုးပါ၊ နဖူးနဲ့ နားထင်မှာ ရနံ့ဆီ သုတ်လိမ်းပါ။ မရှိမဖြစ်ဆီက အရေပြားလောင်စေနိုင်တဲ့အတွက် အရေပြားမှာ မလိမ်းခင် အုန်းဆီလို တခြားအဆီနဲ့ ရောပေးရပါမယ်။ ရောနိုင်တဲ့ တခြားအဆီတွေက လာဗန်ဒါဆီ၊ ပူစီနံဆီ၊ ချမိုမိုင်းဆီတို့ ဖြစ်ပါတယ်။

ဘယ်လိုထိရောက်မှုရှိသလဲ-မရှိမဖြစ်ဆီက အေးမြအပန်းပြေစေတဲ့ အစွမ်းရှိပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများတာနဲ့ စိုးရိမ်စိတ်များတာတို့ကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာကို ကုသပေးနိုင်တာပါ။

alignnone size-medium wp-image-58835
(၆) သွားကိုက်ဝေဒနာ သက်သာစေရန် ပူစီနံလက်ဖက်ရည်ကြမ်း သောက်ပါ

ဘာအတွက် အသုံးဝင်သလဲ-ရေနွေးကြမ်းပူပူထဲ ပူဒီနာ(ပူစီနံ)လက်ဖက်ခြောက် လက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး မိနစ် ၂၀ ကြာ ထားပေးပါ။ အေးတဲ့အခါကျမှ ပါးစပ်ထဲငုံပေးပါ။ သွားကိုက်တာကို သက်သာစေပါတယ်။

ဘယ်လိုထိရောက်မှုရှိသလဲ-ပူစီနံမှာ ထုံစေတဲ့ အစွမ်းရှိပြီး သွားကိုက်/သွားနာဝေဒနာကို သက်သာစေပါတယ်။ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့ မန်သော်ဓာတ်လည်း ပါဝင်ပါတယ်။

alignnone size-medium wp-image-58836
(၇) အရိုး၊ အဆစ် ကိုက်ခဲနာကျင်မှု သက်သာစေရန် ဆားခါးနဲ့ရေချိုးပါ

ဘာအတွက် အသုံးဝင်သလဲ-ချိုးရေထဲ ဆားခါး အကြမ်းပန်းကန်လုံးစာ နှစ်ခွက်ထည့်ပြီး အချိန် ၁၅ မိနစ်ကြာ စိမ်ထားပါ။ အဲဒီအရည်ထည့်ထားတဲ့ ရေစိမ်ကန်ထဲမှာ စိမ်ပေးပါ။

ဘယ်လိုထိရောက်မှုရှိသလဲ-ဆားခါးမှာ မဂ္ဂနီဆီယမ်ပါဝင်မှု များတာကြောင့် ခန္ဓာကိုယ်ထဲက အင်ဇိုင်း ၃၀ဝ ကျော်ကို ထိန်းညှိပေးပြီး ကိုယ်တွင်းစနစ်ကို ကောင်းကောင်း အလုပ်လုပ်ဖြစ်စေပါတယ်။ အဆိပ်အတောက်ကင်းပြီး စိတ်ဖိစီးမှုနဲ့ ရောင်ရမ်းမှု လျော့ကျစေပါတယ်။

alignnone size-medium wp-image-58839
(၈) အန်ဒေါ်ဖင်ဓာတ်ထွက်ပြီး နာကျင်မှုတွန်းလှန်နိုင်စေရန် လမ်းလျှောက်ပါ

ဘာအတွက် အသုံးဝင်သလဲ-နာကျင်မှု တွန်းလှန်နိုင်ဖို့ လမ်းလျှောက်ပါ။

ဘယ်လိုထိရောက်မှုရှိသလဲ-လမ်းလျှောက်တာလို ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာက အန်ဒေါ်ဖင်ဓာတ် အထွက်တိုးစေပြီး နာကျင်တဲ့ ခံစားချက်ကို လျော့ကျစေပါတယ်။ အန်ဒေါ်ဖင်က ကိုယ်ခံအားတုံ့ပြန်မှု အားကောင်းစေကာ စိတ်ကြည်နူးနှစ်သိမ့်မှုကို ရရှိစေပါတယ်။


(၉) ရာသီလာစဉ် ကိုက်ခဲနာကျင်မှုဝေဒနာ သက်သာစေရန် ငှက်ပျောသီးစားပါ

ဘာအတွက် အသုံးဝင်သလဲ-ရာသီလာချိန် ကိုက်ခဲနာကျင်နေရင် ကွတ်ကီး၊ ချောကလက်တွေအစား ငှက်ပျောသီးစားပါ။

ဘယ်လိုထိရောက်မှုရှိသလဲ-ငှက်ပျောသီးမှာ ပိုတက်စီယမ်နဲ့ ဗီတာမင် B6 ပါဝင်တာကြောင့် ကြွက်တက်တာကင်းစေပြီး လေပွတာလည်း ကာကွယ်နိုင်ပါတယ်။

alignnone size-medium wp-image-58840
(၁၀) ကြွက်သားနာကျင်မှု ကင်းဝေးစေရန် အပူကုထုံးသုံးပါ

ဘာအတွက် အသုံးဝင်သလဲ-ကြွက်သားဆွဲဆန့်မှုကြောင့် နာကျင်နေရင် ရေနွေးအိတ်ကပ်ပေးပါ။ ရေဘူးထဲ ရေနွေးထည့်ရင် တဘတ်စပတ်ပြီး နာကျင်တဲ့နေရာပေါ် အုပ်ပေးပါ။

ဘယ်လိုထိရောက်မှုရှိသလဲ-အပူကုထုံးက ကြွက်သားတွေကို ပြေလျော့စေပြီး နာကျင်မှုဝေဒနာ သက်သာစေပါတယ်။

Most Popular

Healthy Life Ad
To Top