Healthy Life Ad
Q & A

ဆယ်ကျော်သက်အရွယ်ပေါက်တဲ့ ဝက်ခြံ

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ၊—–

Q. ကျွန်မသမီးက အခု ၁၄ နှစ်ကျော်ရှိပါပြီ။ ဝက်ခြံတွေ စထွက်နေလို့ပါ။ ဘာလို့ဖြစ်ရတာလဲ၊ အစားမှားလို့လားရှင့်။

A. ဆယ်ကျော်သက် ကလေးအတော်များများက ဝက်ခြံထွက်တဲ့ ပြဿနာကို ခံစားရပါတယ်။ အများအားဖြင့်တော့ ဆယ်ကျော်သက် ဝက်ခြံထွက်တာက အစားအစာကြောင့်ဖြစ်တာ မဟုတ်ပါဘူး။ လူတွေက ထင်တာက အစားအသောက်မှားလို့၊ အငန်စားလို့၊ အဆီတွေအများကြီးစားလို့ ဝက်ခြံထွက်တယ်လို့ ထင်ရပါတယ်။ ဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ သူရဲ့ သဘာဝအရဖြစ်လာတဲ့ အသားအရေအမျိုးအစားနဲ့ ဟော်မုန်းပြောင်းလဲတာတွေကြောင့် ဖြစ်ပါတယ်။ နောက်ပြီး ဖုန်ထူတဲ့နေရာတွေ သွားတာကြောင့် ဝက်ခြံထွက်တာ ဖြစ်ပါတယ်။ အစားအစာကြောင့် မဟုတ်ဘူးလို့ ပြောပေမယ့် အငန်ဓာတ်အစားများတာတော့ ဒီအရွယ်မှာ လျှော့သင့်ပါတယ်။ အငန်နဲ့ အဆီအစားများရင်တော့ ဒီအရွယ်မှာ မလိုအပ်ဘဲ အဝလွန်တာတွေ ဖြစ်သွားနိုင်ပါတယ်။ ဝက်ခြံကြောင့် အစားအသောက်တွေ ရှောင်ဖို့ပြောတာ မဟုတ်ပေမယ့် ရှောင်ရင်တော့ တခြားရောဂါတွေလည်း မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်စေတာကြောင့် ပိုကောင်းတယ်လို့ ပြောတာဖြစ်ပါတယ်။ နောက်ပြီး ဒီအရွယ်မှာ ဗီတာမင်အေ၊ ဗီတာမင်ဘီ ၁၂၊ ရွိုင်ဗိုဖလဗင်းတို့လည်း လိုအပ်တာကြောင့် အစားအသောက်ဆိုလို့ရှိရင် ဒါတွေပေါကြွယ်ဝတဲ့ အစာတွေစားပေးဖို့ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top