Healthy Life Ad
Q & A

ကျောက်ကပ်ပြည်တည်တာက မခွဲစိပ်ပဲ ဆေးစွဲသောက်မယ်ဆိုရင် ပျောက်နိုင်လား

Q.ကျောက်ကပ်ပြည်တည်တာက မခွဲစိပ်ပဲ ဆေးစွဲသောက်မယ်ဆိုရင် ပျောက်နိုင်လားရှင်။
TM(FB)

A. ကျောက်ကပ်ပြည်တည်တာက သိပ်မကြာသေးဘူး၊ အများကြီးလည်း မဖြစ်သေးဘူး။ ရေအိတ်လိုလည်း ဖြစ်မနေဘူးဆိုရင်တော့ ပဋိဇီဝ ပိုးသတ်ဆေး (Antibiotics) တွေ အချိန်မီပေးနိုင်မယ်ဆိုရင်တော့ မခွဲမစိတ်ဘဲ ကုသပျောက်ကင်းနိုင်ပါတယ်။ ဒါပေမဲ့ ပြည်တွေက များလာတယ်၊ ပျစ်လည်းပျစ်တယ်၊ ခန္ဓာကိုယ်ထဲမှာ သွေးဆိပ်ပြန့်သလို လက္ခဏာတွေနဲ့ ကိုယ်အပူချိန်ကလည်း မြင့်တက်နေတယ်ဆိုရင်တော့ အဲဒီအချိန်မှာ ပြည်ကို ဖောက်ထုတ်ဖို့ လိုအပ်တဲ့အခြေအနေမျိုးဆိုရင် ခွဲစိတ်ကုသရပါမယ်။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

အသည်းခြောက်သူ သရက်ရွက်ကြီးနေခြင်း
——————————————-
Q. သမီးရဲ့အမေက အသည်းခြောက်နဲ့ ဆီးချိုရှိပါတယ်။ ရေဖျင်းလဲရှိတယ်။ အခုဆေးရုံမှာပါ။ ရောဂါကတခုထပ်တိုးပါတယ်။ သရက်ရွက်ကြီးနေတယ်တဲ့။ အဲဒါ ဘယ်လိုအခြေနေမျိုးတွေ ရှိလဲဆိုတာ ရှင်းပြပေးလို့ရမလားဆရာ။
HK(FB)

A.အသည်းခြောက်တဲ့သူတွေမှာ သူ့ဆီကိုဝင်လာတဲ့ သွေးပြန်ကြောတွေထဲမှာ အထဲက ခြောက်နေတဲ့အခါကျတော့ သွေးပြန်ကြောထဲက ဖိအားတက်ပါတယ်။ ဖိအားတက်တဲ့အခါ နောက်ဆက်တွဲအနေနဲ့ သရက်ရွက်ကြီးလာတတ်ပါတယ်။ ဒါက အသည်းခြောက်ခြင်းရဲ့ နောက်ဆက်တွဲလက္ခဏာတစ်ခု ဖြစ်ပါတယ်။ အသည်းခြောက်တဲ့အခြေအနေ ပိုပြီးဆိုးလာတယ်လို့လည်း ပြောနိုင်ပါတယ်။ ဆေးရုံမှာဆိုတော့ အထဲကိုဝင်တဲ့ သွေးပြန်ကြောဖိအားချတဲ့ ဆေးလေးတွေ ပေးခြင်းအားဖြင့် သက်သာအောင် လုပ်လို့ရပါတယ်။ အသည်းခြောက်တဲ့သူတွေမှာ သရက်ရွက်ကြီးလာတယ်ဆိုရင်တော့ ရောဂါရဲ့ နောက်ဆက်တွဲအခြေအနေတစ်ခု ဖြစ်လာတယ်လို့ အကြမ်းအားဖြင့် ပြောလို့ရပါတယ်။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

Most Popular

Healthy Life Ad
To Top