Healthy Life Ad
Health Tips

ခရီးသွားရင်း အကောင်းကနေ ရုတ်တရက်ဖျားတာ ဘာကြောင့်လဲ . . .

———၊ အထွေထွေအထူးကု ဆရာဝန်ကြီးတစ်ဦး ဖြေကြားသည်။ ၊———

Q. ခရီးသွားတုန်းက စုရပ်က နေအရမ်းပူတဲ့နေရာ၊ ကားက Air Con ကား အဲ့လိုမျိုးသွားရင်းက နေလို့လည်း အကောင်းကြီးကနေ လုံးဝစကားမပြောနိုင်၊ လမ်းတောင်မလျှောက်နိုင်တော့တဲ့ထိ ဖျားဖူးပါတယ်။ အဖျားလည်း ၁၀ဝ ကျော်သွားပါတယ်။ ဘာကြောင့်ဖြစ်တာပါလဲဆရာ။ ခရီးသွားတော့မယ်ဆိုရင် ဘာတွေဂရုစိုက်ဖို့ လိုပါသလဲ။
ChawChaw (FB)

A. အပူအအေး ပြောင်းလဲမှုကြောင့် ဖြစ်ရတယ်လို့ ထင်ပါတယ်။ စုရပ်က နေအရမ်းပူတဲ့နေရာဖြစ်ပြီး အဲကွန်းကားထဲ ဝင်လိုက်တဲ့အချိန်မှာ အပူဒဏ်သင့်ခြင်း(Heat Stress) ဖြစ်သွားတယ်လို့ ထင်ပါတယ်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhustion)နဲ့ အပူကြောင့်ဖြစ်တဲ့ ဝေဒနာ(Heat Stroke)ဆိုပြီး နှစ်မျိုးရှိပါတယ်။ အခုဖြစ်တာကတော့ အဖျားက ၁၀ဝ ဒီဂရီကျော်တာဆိုတော့ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) လို့ယူဆပါတယ်။ အဖျား ၁၀၄ ဒီဂရီကျော်သွားရင်၊ ချွေးလုံးဝမထွက်ဘဲ ပူနေရင် ပိုပြီးစိုးရိမ်ရပါတယ်။ အဲဒါကိုတော့ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) လို့ ခေါ်ပါတယ်။

ခရီးသွားတော့မယ်ဆိုရင် ကိုယ်စီးမယ့်ယာဉ်အမျိုးအစားပေါ် မူတည်ပြီး ဆောင်သင့်၊ ရှောင်သင့်တာတွေ ရှိပါတယ်။ အဓိကကတော့ ကိုယ်သောက်နေကျ ဆေးဝါးတွေ ယူသွားဖို့ပါ။ ကားမူးတာ၊ လေယာဉ်မူးတာတွေ ဖြစ်တတ်ရင်၊ ခရီးသွားရင်း အရင်က ပင်ပန်းဖူးရင်၊ ကျန်းမာရေးပြဿနာ တစ်ခုခုရှိရင် ခရီးမသွားခင်ကတည်းက ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးကြိုသောက်ထားသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top