Healthy Life Ad
Health Tips

မရမ်းသီးစားခြင်းကြောင့် ရရှိနိုင်သည့် ကျန်းမာရေးကောင်းကျိုးများ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

မရမ်းသီးစိမ်း ချဉ်ချဉ်စပ်စပ်လေးနဲ့ဆို ထမင်းမြိန်လိုက်မယ့် ဖြစ်ခြင်းလို့ တွေးနေကြပြီလား။ မရမ်းသီးမှည့်ချိုချိုလေး စားရတာလည်း အရသာတမျိုးပဲလို့ တွေးမိပါသလား။ မရမ်းသီးစိမ်းကော အမှည့်ကော စားတာကြောင့် ကျန်းမာရေးကောင်းကျိုးတွေ ရှိနေပါတယ်။

(၁) ကင်ဆာရောဂါ ကာကွယ်ပေးပါတယ်

မရမ်းသီးမှာပါတဲ့ အင်တီအောက်ဆီးဒင့်က အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ သွေးကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတို့ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ မရမ်းသီးမှာ ကွာစီတင်၊ အိုက်ဆိုကွာစီတင်၊ အစ်စထရာဂါလင်၊ ဖီဆက်တင်၊ ဂါလစ်အက်စစ်နဲ့ မီသိုင်းဂါလိတ်တို့လို အင်ဇိုင်းတွေ ပါဝင်မှုများပါတယ်။

(၂) သွေးတွင်း ကိုလက်စထရောအဆီ ကျစေပါတယ်

မရမ်းသီးမှာ ပပ်တင်အမျှင်ဓာတ်နဲ့ ဗီတာမင်စီ ပါဝင်မှုမြင့်မားတာကြောင့် သွေးတွင်းကိုလက်စထရော၊ အထူးသဖြင့် သိပ်သည်းဆနည်းတဲ့ လိုက်ပိုပရိုတင်းကို လျော့ကျစေပါတယ်။

(၃) အသားအရေ ကြည်လင်သန့်စင်စေပါတယ်

မရမ်းသီးစားတာကြောင့် အင်တီအောက်ဆီးဒင့် ရရှိကာ အသားအရေ ကြည်လင်လှပစေပါတယ်။

(၄) မျက်စိကြည်လင်စေပါတယ်

မရမ်းသီးမှာ ဗီတာမင်အေ ပါဝင်မှုများတာ သင်သိပါသလား။ မရမ်းသီးပါးပါးလှီးထားတဲ့ အကြမ်းပန်းကန်လုံး တစ်ခွက်စာပမာဏ စားတာကြောင့် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်အေ ၂၅ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ မရမ်းသီးစားတာကြောင့် အမြင်အာရုံကောင်းစေပြီး မျက်စိခြောက်သွေ့မှု ကင်းစင်စေကာ ညဘက်မျက်စိမမြင်ခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၅) ခန္ဓာကိုယ်ကို စံဓာတ်ထိန်းပေးပါတယ်

မရမ်းသီးမှာပါတဲ့ တာတရစ်အက်စစ်၊ မဲလစ်အက်စစ်နဲ့ စစ်ထရစ်အက်စစ်အနည်းငယ်တွေက ခန္ဓာကိုယ်ကို စံဓာတ်ထိန်းပေးပါတယ်။

(၆) ကိုယ်အလေးချိန် ကျစေပါတယ်

မရမ်းသီးမှာ ဗီတာမင်တွေနဲ့ အာဟာရဓာတ် များများပါဝင်တာကြောင့် ခန္ဓာကိုယ်ကို အားပြည့်စေပါတယ်။ မရမ်းသီးမှာပါတဲ့ အမျှင်ဓာတ်က ကယ်လိုရီလောင်ကျွမ်းစေခြင်း၊ ကိုယ်အလေးချိန် လျော့ကျစေခြင်းနဲ့ အစာခြေလုပ်ငန်းဆောင်တာကို ကောင်းမွန်စေခြင်း စတဲ့ အာနိသင်တို့ ရရှိစေပါတယ်။

(၇) ဆီးချိုသွေးချိုရောဂါ ကာကွယ်ပေးပါတယ်

မရမ်းသီးစားတာကြောင့် အင်ဆူလင်အဆင့်ကို ထိန်းညှိပေးကာ ဆီးချိုသွေးချိုရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၈) ချစ်စိတ်တိုးစေပါတယ်

မရမ်းသီးမှာ ချစ်စိတ်တိုးစေတဲ့ အရည်အချင်းတွေ ရှိတာကြောင့် ချစ်မေတ္တာသစ်သီးလို့ ခေါ်ဆိုကြပါတယ်။ မရမ်းသီးက အမျိုးသားတွေမှာ စွမ်းဆောင်နိုင်စွမ်းအား ကောင်းစေလို့ပါ။

(၉) အစာကြေညက်စေပါတယ်

မရမ်းသီးမှာ အင်ဇိုင်းတွေ ပါဝင်တာကြောင့် ပရိုတင်းဓာတ်ကို ချေဖျက်ပေးပါတယ်။ မရမ်းသီးမှာပါတဲ့ အမျှင်ဓာတ်က အစာကြေညက်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။

Most Popular

Healthy Life Ad
To Top