Healthy Life Ad
Health Tips

အမျိုးသမီးများ ခါးတုတ်လျှင် နှလုံးရောဂါရနိုင်ခြေ ပိုမြင့်တက်စေနိုင်

———၊ ကိုထက် ၊———

အမျိုးသမီးတွေရဲ့ ခါးနဲ့တင်ပါး အတိုင်းအတာ အချိုးအစား နှိုင်းယှဉ်ကြည့်လို့ ခါးပိုတုတ်သူတွေက အမျိုးသားခါးတုတ်သူတွေနဲ့စာရင် နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများတာကို တွေ့ရှိရတယ်လို့ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ဂျော့တက္ကသိုလ်လေ့လာမှုအရ သိရပါတယ်။

ကိုယ်ခန္ဓာပုံပန်းမှာ ခါးတုတ်သူတွေကို ပန်းသီးပုံလို့ခေါ်ပြီး ဒီလေ့လာမှုအရ ခါး-တင် အချိုးအစားဟာ ဝတယ်လို့ပြောလေ့ရှိတဲ့ Body mass index (BMI) မြင့်မားတာထက် ပိုပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို ပိုသိရစေတယ်လို့ ဆိုပါတယ်။ BMI များရင် အမျိုးသားရော အမျိုးသမီးမှာပါ နှလုံးရောဂါရနိုင်ခြေ ပိုများပြီး ခါးတင်အချိုးအစားအရ ခါးတုတ်သူတွေမှာ ယောကျာ်းတွေမှာ ၆% က နှလုံးရောဂါရကြပြီး အမျိုးသမီးတွေမှာ ၁၈% က နှလုံးရောဂါရတယ်လို့ လေ့လာမှုမှတ်တမ်းအရ သိရပါတယ်။

ဒီလေ့လာမှုကို ယူကေနိုင်ငံမှာ အသက် ၄၀ မှ ၆၉ နှစ်ရှိသူ လူပေါင်း ၅ သိန်းကို လေ့လာခဲ့တာ ဖြစ်ပါတယ်။ နှလုံးရောဂါ(Heart Attack)ရဲ့ လက္ခဏာတွေကတော့ –

• ရင်ဘတ်အောင့်ခြင်း (ရင်ဘတ်အလယ်တည့်တည့်မှာ ဖိအားများခြင်း၊ တောင့်တင်းခြင်းနဲ့ ဖျစ်ညှစ်ထားသလို ခံစားရခြင်း)

• ကိုယ်တခြမ်းနာခြင်း (ရင်ဘတ်ကနေ လက်မောင်းအထိ နာကျင်ခြင်း)

• ခေါင်းထဲပေါ့နေခြင်း ဒါမှမဟုတ် မူးခြင်း၊

• ချွေးပြန်ခြင်း၊

• အသက်ရှူမဝခြင်း၊

• နေမကောင်းတာကို ခံစားရခြင်း၊

• စိုးရိမ်စိတ်လွန်ကဲခြင်း၊

• ချောင်းဆိုးခြင်းနဲ့ အသက်ရှူသံစီစီဆိုပြီး ကြားရခြင်းတွေ ဖြစ်ပါတယ်။

ရင်ဘတ်အောင့်တာက မကြာခဏ ပြင်းထန်နေပေမယ့်လည်း တချို့လူတွေက အစာမကြေတာလိုမျိုး အသေးအမွှားနာကျင်မှုလို့ ထင်နေတတ်ကြပါတယ်။ အထူးသဖြင့် ဆီးချိုရှိသူ၊ အသက်ကြီးသူနဲ့ အမျိုးသမီးတွေဆိုရင် ရင်ဘတ်အောင့်တဲ့အခါ ပေါ့ပေါ့ဆဆ သဘောမထားသင့်ပါဘူး။

(Ref;BBC 28-2-19)

Most Popular

Healthy Life Ad
To Top