Healthy Life Ad
Health Tips

ကြွက်သား နာကျင်ကိုက်ခဲခြင်းအတွက် လေ့ကျင့်ခန်းများ

—————၊ လရိပ်မေ ၊—————-

ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပြီးချိန်မှာ ကြွက်သားနာကျင်ကိုက်ခဲတဲ့ဝေဒနာ ခံစားရတတ်ပါတယ်။ တောင်တက်တာ၊ မာရသွန်ပြေးတာတို့လို ကြွက်သားအုပ်စုကို ဒဏ်အလွန်အမင်းဖြစ်စေတဲ့ လုပ်ဆောင်မှုနဲ့ အချိန်ကြာကြာ ကိုယ်လက်လှုပ်ရှားမှု လုပ်တာတို့ကြောင့် ကြွက်သားအမျှင်တွေ ထိခိုက်ပျက်စီးတာတို့ ဖြစ်တတ်ပါတယ်။ အဲဒီလိုအခြေအနေမှာ ကြွက်သားနာကျင်ကိုက်ခဲမှုဝေဒနာ လျော့ပါးသက်သာစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

alignnone size-medium wp-image-55806
(၁) အနှိပ်ခံခြင်း

အားသွန်ခွန်စိုက်လုပ်ရတဲ့ လေ့ကျင့်ခန်းတွေကြောင့် ခန္ဓာကိုယ်က စွမ်းအင်လောင်ကျွမ်းရသလို ကြွက်သားနာကျင်ကိုက်ခဲမှုလည်း ဖြစ်တတ်ပါတယ်။ သွေးလှည့်ပတ်မှုမကောင်းတဲ့အတွက် ကြွက်သားတွေ တောင့်တင်းရတတ်ပါတယ်။ ဒါကြောင့် သွေးလှည့်ပတ်စီးဆင်းမှု ကောင်းကောင်းပြန်ရအောင် ကြိုးစားပါ။ နာကျင်တောင့်တင်းနေတဲ့ ကြွက်သားနေရာတွေကို ညင်ညင်သာသာ နှိပ်နယ်ပေးတာကြောင့် သွေးလှည့်ပတ်မှု ကောင်းမွန်လာပြီး နာကျင်ကိုက်ခဲမှု သက်သာသွားတတ်ပါတယ်။

alignnone size-medium wp-image-55801
(၂) အပူပေးခြင်းနှင့် အအေးကပ်ခြင်း

သင်က အားကစားသမားဖြစ်ရင် ပြိုင်ပွဲအတွက် လေ့ကျင့်နေစဉ် ကြွက်သားတောင့်တင်းတဲ့အခါ အပူကုထုံး ဒါမှမဟုတ် အအေးကုထုံးကို သုံးရပါလိမ့်မယ်။ ကြွက်သားတောင့်တင်းမှု အလွန်အမင်းဖြစ်နေရင် တောင့်တင်းတဲ့နေရာကို အအေးဝတ် ၁၀-၂၀ မိနစ်ခန့် ကပ်ပေးတာကြောင့် ရောင်ရမ်းမှုနဲ့ နာကျင်ကိုက်ခဲမှု သက်သာလျော့ပါးစေပါတယ်။ ရောင်ရမ်းမှုကျမှသာ အပူကုထုံးသုံးပါ။

alignnone size-medium wp-image-55802
(၃) ဆွဲဆန့်လေ့ကျင့်ခန်းလုပ်ခြင်း

တောင့်တင်းနေတဲ့ ကြွက်သားတွေ ပြေလျော့စေဖို့ ဆွဲဆန့်လေ့ကျင့်ခန်းလုပ်ပေးရင် သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။

alignnone size-medium wp-image-55803
(၄) ပရိုတင်းနှင့် ကာဗိုဟိုက်ဒရိတ်မှီဝဲခြင်း

ကြွက်သားနာကျင်တောင့်တင်းမှု သက်သာစေဖို့ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစားအသောက်တွေကို စားပေးရပါမယ်။ ဒါဆိုရင် ကြွက်သားတောင့်တင်းမှုကို မြန်မြန်သက်သာစေပါတယ်။

alignnone size-medium wp-image-55804
(၅) လွယ်ကူသောလေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်း

ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ လမ်းလျှောက်တာ၊ ကိရိယာလွတ်လေ့ကျင့်ခန်းလုပ်တာ စတာတွေကို ပုံမှန်ပြုလုပ်ပေးတာကြောင့် ကြွက်သားနာကျင်တောင့်တင်းမှုဝေဒနာကို သက်သာစေနိုင်ပါတယ်။

alignnone size-medium wp-image-55805
(၆) ဆေးလိမ်းခြင်း

ကြွက်သားနာကျင်တောင့်တင်းမှု ဝေဒနာ ချက်ချင်းသက်သာစေဖို့ လိမ်းဆေးခပ်ပါးပါး လိမ်းပေးပါ။

(Ref;fitday)

Most Popular

Healthy Life Ad
To Top