Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်မိခင် ညဘက်ရေချိုးလို့ ရ၊ မရ

———–၊ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်၊———-

Q. ကိုယ်ဝန်ဆောင်က ညဘက်ရေချိုးလို့ရလား ဆရာ။ အရမ်းပူတဲ့ ရာသီဆိုတော့ ချိုးချင်လို့။ ကောင်းလား/ဆိုးလား ပြောပေးပါဆရာ။ ကိုယ်ဝန်ဆောင်တွေက သန်ချဆေးကိုကော သောက်သင့်လား၊ မသောက်သင့်လား ရှင်းပြပေးပါဆရာ။

A. ကိုယ်ဝန်ဆောင်ချိန်မှာ ညဘက်ရေချိုးလို့ ရပါတယ်။ သတိထားရမှာကတော့ ချွေးတွေရွှဲနေတုန်း ရေအေးအေးကြီးနဲ့ အမြန်မလောင်းဖို့၊ အပူကြီးကပြန်လာရင် နည်းနည်းအအေးခံပြီးမှ ချွေးတိတ်မှ ချိုးဖို့။ ချိုးပြီး ရေကိုသေချာသုတ်ဖို့လိုတယ်။ ကိုယ်ဝန်ဆောင်မှာ ဆေးတွေက လိုရင်သောက်၊ မလိုရင် မသောက်သင့်ဘူး။ ကိုယ့်မှာ သန်ရှိရင်သောက်၊ သန်မရှိရင် မသောက်သင့်ပါဘူး။ ဒီနိုင်ငံမှာ မိခင်အများစုက သန်ရှိတာမို့ စီမံချက်နဲ့ အားလုံးကိုတိုက်တာပါ။ ကိုယ့်တစ်ယောက်ချင်းကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး အကျိုးအပြစ်ချင့်ချိန်ပြီး သောက်သင့်ရင်သောက် . . .မလိုရင် မသောက်ပါနဲ့။

Most Popular

Healthy Life Ad
To Top