Healthy Life Ad
Health Tips

သင်သိထားသင့်သည့် ကျန်းမာရေးဆိုင်ရာ ကိန်းဂဏန်းများ

——၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊——-

ကျန်းမာသက်ရှည်စွာ နေထိုင်နိုင်ဖို့ရာအတွက် သိထားသင့်တဲ့ ကိန်းဂဏန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အကောင်းမြင်ခြင်း (+ကိုးနှစ်ခွဲ အသက်ရှည်စေနိုင်)

သင့်အနေနဲ့ အကောင်းမြင်စိတ်ရှိတာကြောင့် ဘဝမှာ ကိုးနှစ်ခွဲခန့် အသက်ပိုရှည်ရှည် နေရနိုင်ပါတယ်။

(၂) ဆီးချိုသွေးချိုရောဂါရှိပြီး ထိန်းသိမ်းမှုမရှိခြင်း (x နှစ် အသက်တိုစေနိုင်)

ဆီးချိုသွေးချိုရောဂါ ရှိသူတွေဟာ ဆီးချိုရောဂါ မရှိသူတွေနဲ့ နှိုင်းယှဉ်ရင် စောစောသေဆုံးနိုင်ခြေ နှစ်ဆပိုများနေပါတယ်။

(၃) အအေးမိသက်သာနိုင်ခြေနည်းသူ = ဝေဒနာခံစားရသူ၏ ၂၅ရာခိုင်နှုန်း

အအေးမိရောဂါပိုး ကူးစက်ခံရသူတွေရဲ့ ၂၅ ရာခိုင်နှုန်းခန့်ဟာ အအေးမိဝေဒနာ သက်သာနိုင်ခြေ သိသိသာသာ လျော့နည်းတတ်ပါတယ်။

(၃) ရင်ပူသောဆေးဝါး မှီဝဲရခြင်း = ဆေးရုံတက်ရသူ၏ ၅၀ ရာခိုင်နှုန်းရှိ

ဘာအကြောင်းကြောင့်ပဲ ဆေးရုံတက်ရ၊ တက်ရ ဆေးရုံတက်ရတဲ့ လူနာတွေအနက် ၅၀ ရာခိုင်နှုန်းခန့်ဟာ အလွန်အမင်း ရင်ပူစေတဲ့ ဆေးဝါးတွေကို မှီဝဲရနိုင်ခြေ ရှိနေပါတယ်။

(၅) အင်ဆူလင် ခုခံနိုင်စွမ်းအား ထိခိုက်ခြင်း= တစ်ညအိပ်ရေးပျက်ခြင်း

တစ်ညတာအိပ်ရေးပျက်ရုံနဲ့ အင်ဆူလင်ခုခံနိုင်စွမ်းအား ထိခိုက်စေကာ အိပ်ရေးပျက်တာ ကြာလာတာနဲ့အမျှ ဆီးချိုသွေးချိုရောဂါ အန္တရာယ်ကို မြင့်တက်စေပါတယ်။

(၆) ကြက်ဥ၊ ဘဲဥအနှစ်= ဗီတာမင်ဒီ ၅၀ အိုင်ယူ

တစ်နေ့တာရယူသင့်တဲ့ ဗီတာမင်ဒီ ပမာဏ ၁၀ဝ၀ အိုင်ယူကို ရဖို့အတွက် ကြက်ဥ/ဘဲဥအနှစ်ကလည်း အရေးပါပါတယ်။ ကြက်ဥ၊ ဘဲဥအနှစ်တစ်လုံးကို စားပေးရင် ၅၀ အိုင်ယူရရှိမှာ ဖြစ်လို့ပါ။

Most Popular

Healthy Life Ad
To Top