Healthy Life Ad
Health Tips

သွေးတွင်းမကောင်းသော ကိုလက်စထရော လျော့ကျစေမည့် နည်းလမ်း ၁၀

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

သွေးတွင်းကောင်းတဲ့ ကိုလက်စရော မြင့်တက်ပြီး မကောင်းတဲ့ကိုလက်စထ ရောလျော့ကျစေဖို့ လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေကို ရေးသားလိုက်ရပါတယ်။

alignnone size-medium wp-image-54729
(၁) တစ်နေ့လျှင် အစာကို ခြောက်ကြိမ်နှင့်အထက် စားပေးပါ

ဗြိတိန်အရွယ်ရောက်သူတွေကို လေ့လာမှုကြီးတစ်ခုအရ တစ်နေ့အစာကို ခြောက်ကြိမ်နဲ့အထက်၊ တစ်ကြိမ်စားရင် နည်းနည်းချင်းစီ စားတဲ့သူတွေဟာ တစ်နေ့နှစ်ကြိမ်ပဲ စားတဲ့သူတွေထက် ကိုလက်စထရောပမာဏ လျော့ကျမှုရှိတယ်လို့ သိရပါတယ်။

(၂) ပျော်ရွှင်စွာ ရယ်မောပါ

လေ့လာမှုတစ်ခုအရ ပျော်ရွှင်စရာ ဟာသဇာတ်လမ်းတွေကို တစ်နေ့မှာ မိနစ် ၃၀ ကြာကြည့်တဲ့ ဆီးချိုရောဂါရှင်တွေအနေနဲ့ နှလုံးရောဂါဖြစ်နှုန်း သိသိသာသာ လျော့ကျမှုရှိတယ်လို့ သိရပါတယ်။ သူတို့ဟာ ပျော်ရွှင်ရယ်မောမှု မရှိသူတွေထက် သွေးတွင်းကောင်းတဲ့ ကိုလက်စထရောပမာဏ ၂၆ ရာခိုင်နှုန်း ပိုများတာကို တွေ့ရပါတယ်။

alignnone size-medium wp-image-54732
(၃) စွပ်ပြုတ်ကို စတင်စားပါ

အစာမစားခင် စွပ်ပြုတ်အရင်စားသောက်တဲ့ သူတွေဟာ ဗိုက်ဆာတာမျိုးမဖြစ်ဘဲ တစ်နေ့တာကို ကယ်လိုရီနည်းနည်းနဲ့ ဖြတ်သန်းနိုင်တယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ အဲဒီလူတွေဟာ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောပမာဏလည်း လျော့နည်းနေတတ်ပါတယ်။

alignnone size-medium wp-image-54730
(၄) ဘယ်ရီသီးစားပါ

စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး အစရှိတဲ့ ဘယ်ရီသီးအနွယ်ဝင်တွေကို တစ်နေ့တစ်ခွက်ခန့် စားတဲ့သူတွေဟာ ရှစ်ပတ်အကြာမှာ သွေးတိုးကျပြီး သွေးတွင်းကောင်းတဲ့ ကိုလက်စထရောလည်း မြင့်တက်မှုရှိတယ်လို့ လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။

(၅) အမျှင်ဓာတ်ကို မှီဝဲပါ

လေ့လာမှုတွေအရ တစ်နေ့မှာ အမျှင်ဓာတ် ၁၀-၃၀ ဂရမ် မှီဝဲတာကြောင့် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောပမာဏ ၁၀ ရာခိုင်နှုန်းခန့် လျော့ကျမှုရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အမျှင်ဓာတ်က တစ်ခါတည်းများများ မှီဝဲရင် လေပွလေထစေနိုင်တာကြောင့် ဖြည်းဖြည်းချင်း မှီဝဲပေးသင့်ပါတယ်။

(၆) သံလွင်ဆီကို သုံးပါ

ဟင်းရွက်သုပ်စားတဲ့အခါ သံလွင်ဆီထည့်စားပါ။ လေ့လာမှုတစ်ခုအရ သံလွင်ဆီစစ်စစ်ကို နေ့စဉ်ထမင်းစားဇွန်း နှစ်ဇွန်းခန့် စားတာကြောင့် တစ်ပတ်အကြာမှာ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့် လျော့နည်းပြီး သွေးထဲမှာ အင်တီအောက်ဆီးဒင့်ပမာဏ မြင့်မားလာတယ်လို့ သိရပါတယ်။

alignnone size-medium wp-image-54733
(၇) အသက်ပြင်းပြင်း ရှူသွင်း/ရှူထုတ်ပါ

တစ်ပတ်မှာ လေးကြိမ်ခန့် အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ် လုပ်ပေးပါ။ စိတ်ဖိစီးမှု များနေချိန်မှာ အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်လုပ်တာကြောင့် စိတ်ဖိစီးမှုလျော့ကျကာ သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။

(၈) ညွှန်ကြားချက်အတိုင်း ဆေးမှီဝဲပါ

ကိုလက်စထရောအဆင့် မြင့်တက်နေတာကြောင့် ဆေးဝါးမှီဝဲဖို့ လိုအပ်ရင် ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာပေးသင့်ပါတယ်။

(၉) လှုပ်ရှားတက်ကြွစွာ လုပ်ဆောင်ပါ

ဥယျာဉ်ခြံမြေစိုက်ပျိုးတာ၊ တံမြက်စည်းလှည်းတာ အစရှိတဲ့ နေ့စဉ်လုပ်ဆောင်မှုတွေ လုပ်ပြီး တစ်နေ့အနည်းဆုံး ခြေလှမ်း ၂၀ဝ၀ ခန့် လှမ်းသင့်ပါတယ်။

alignnone size-medium wp-image-54731
(၁၀) ကွန်ပျူတာဖြင့် ကိုယ့်ကိုယ်ကိုယ် သတိပေးပါ

ကွန်ပျူတာသုံးချိန် တစ်နာရီကြာတိုင်း လမ်းထလျှောက်ဖြစ်နိုင်ဖို့ ကွန်ပျူတာမှာ ဗူမောပေးထားပါ။ ဒီအချက်ပေးသံကြားရင် မတ်တပ်ထရပ်ပြီး ငါးမိနစ်ခန့် လမ်းလျှောက်ပေးပါ။

Most Popular

Healthy Life Ad
To Top