Healthy Life Ad
Health Tips

ဆေးဝါးတွေရဲ့အာနိသင် ကောင်းနေအောင်

ဇွန်

တကယ်တော့ ဆေးသေတ္တာအများစုက သွားတိုက်ဆေးနဲ့ အစိုဓာတ်ထိန်းခရင်မ်ဘူးတွေထည့်ဖို့ပဲ ကောင်းပါတယ်။ ဆေးဝါးတွေထည့်ထားဖို့ အဆင်မပြေပါဘူး။ ဆေးဝါးအများစုကို ခြောက်သွေ့တဲ့နေရာ အခန်းအပူချိန်မှာပဲ ထားသင့်တာပါ။ ရေချိုးခန်းအများစုက စိုစွတ်ပူနွေးတာကြောင့် ဆေးဝါးတွေ ပျက်စီးလွယ်၊ အာနိသင်ဆုံးရှုံးလွယ်ပါတယ်။ အိမ်အများစုမှာတော့ အိပ်ခန်းတွေက ဆေးဝါးတွေထားသိုဖို့ ပိုကောင်းတတ်ပါတယ်။

ဆေးဝါး ဒါမှမဟုတ် ဖြည့်စွက်ဆေးတွေကို မသောက်ခင်မှာ အညွှန်းကိုကြည့်ပြီး သက်တမ်းကုန်မယ့်ရက်စွဲကို အမြဲစစ်ဆေးပါ။ ဆေးဝါးတွေကို ခြောက်သွေ့တဲ့နေရာ အခန်းအပူချိန်မှာ ထားပေးမှသာ သတ်မှတ်ထားတဲ့ ရက်စွဲအတိုင်း ပြည့်မီအောင် အသုံးပြုနိုင်မှာပါ။ သတ်မှတ်ရက်စွဲ မပြည့်သေးရင်တောင် ဆေးအရောင်က ပြောင်းနေရင် ဒါမှမဟုတ် ဆေးတွေက ကြေမွနေရင် ဒါမှမဟုတ် ဆေးသောက်ထားပေမယ့် အာနိသင်မရှိဘူးလို့ထင်ရင် ဒါမှမဟုတ် ဆေးတွေရဲ့အနံ့က ပြင်းနေရင် (ဥပမာပြောရရင် ရက်လွန်သွားတဲ့ အက်စပရင်ဆေးပြားဟာ ရှလကာရည်အနံ့နဲ့ ဆင်သွားတတ်ပါတယ်) မမှီဝဲသင့်တော့ပါဘူး။

သင်ဟာ သက်တမ်းလွန်နေတဲ့ ဆေးဝါးကို သတိမပြုမိဘဲ သောက်လိုက်မိရင်လည်း လန့်မသွားပါနဲ့။ သက်တမ်းလွန်တဲ့ ဆေးဝါးတွေဟာ သက်မှတ်ကာလထက် အများကြီး မကျော်လွန်သေးဘူးဆိုရင် သင့်ကိုနာမကျန်းဖြစ်နိုင်ခြေ နည်းပါတယ်။

Ref;RD

Most Popular

Healthy Life Ad
To Top