ကိုထက်
(၁) သူ့ကိုယ်သူ တိုးတက်အောင်မြင်လာအောင် အမြဲစိန်ခေါ်တယ်။
(၂) ကျေးဇူးတင်တတ်တဲ့ အကျင့်ရှိတယ်။
(၃) ပန်းတိုင်တွေချမှတ်ပြီး အဲဒါတွေဆီမရောက်ရောက်အောင် လျှောက်လှမ်းတယ်။
(၄) အဟန့်အတား၊ အနှောင့်အယှက်တွေကို ဖြည်းဖြည်းချင်း လျှော့ချတယ်။
(၅) အရေးပါဆုံး အလုပ်ကိစ္စတွေကို ဦးစားပေးလုပ်ဆောင်တယ်။
(၆) ကိုယ့်ဘာသာ တိုးတက်အောင်မြင်စေဖို့ အဆက်မပြတ်လုပ်ဆောင်တယ်။
(၇) စာဖတ်ခြင်းနဲ့ လေ့လာခြင်းကို ဘယ်တော့မှ ရပ်မပစ်ဘူး။
(၈) ကျန်းမာရေးနဲ့ လေ့ကျင့်ခန်းကို ဦးစားပေးအဖြစ် အမြဲလုပ်ဆောင်တယ်။
(၉) မနက်ခင်းမှာ အလုပ်ကောင်းကောင်း လုပ်တတ်သူဖြစ်ပါတယ်။
(၁၀) သူ့ဘဝကို အမြဲအစီအစဉ်တကျဖြစ်နေအောင် အချိန်တွေကို စီမံခန့်ခွဲတတ်တယ်။
(၁၁) အလုပ်ကနေ အနားယူသင့်တဲ့အချိန်ကို သိနားလည်တယ်။
(၁၂) ဦးဆောင်စွမ်းဆောင်တတ်သူ ဖြစ်တယ်။
(၁၃) ကြင်နာတတ်တယ်၊ ကိုယ်ချင်းစာတတ်တယ်။
(၁၄) သူက အကောင်းမြင်တတ်သူ၊ စိတ်ကောင်းရှိသူတွေနဲ့ အလုပ်တွဲလုပ်တတ်တယ်။
(၁၅) သူ့အတွက် သီးသန့်အချိန်ပေးတယ်။
(၁၆) ဘယ်သူနဲ့မဆို ပွင့်ပွင့်လင်းလင်း ဆက်ဆံတယ်။
(၁၇) ငွေကြေးကို စုဆောင်းထားတတ်တယ်။
(၁၈) နားထောင်သူကောင်း ဖြစ်တယ်။
(၁၉) အရှုံးကို လုံးဝ မကြောက်တတ်ပါဘူး။
(၂၀) ရလဒ်ထက် ဖြတ်သန်းရတဲ့ ခရီးကို ပိုချစ်မြတ်နိုးသူ ဖြစ်တယ်။