Healthy Life Ad
Health Tips

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်ရေးအတွက် ဘယ်လိုနေထိုင်စားသောက်ရမလဲ . . .

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ဖြေကြားသည်။

Q. ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်ရေးအတွက် ဘယ်လိုနေထိုင် စားသောက်သင့်ပါသလဲ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်ဆိုတော့ သိပ်စိုးရိမ်မိပါတယ်။
Hnin(FB)

A. COVID-19 က မဖြစ်ဖို့ရာ ကာကွယ်ဖို့ အထူးအရေးကြီးပါတယ်။ တကယ်လို့များ ကူးစက်ခဲ့ရင် ကိုယ်ဝန်ဆောင်မိခင်အတွက်ရော ဗိုက်ထဲက ကလေးအတွက်ပါ အသက်ရှင်ဖို့ တော်တော်လေးဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ခါတိုင်း ဗိုင်းရပ်စ်ပိုးတွေ မဝင်အောင် ကာကွယ်သလိုပဲ-

(၁) လက်ကို မကြာခဏ သန့်ရှင်းစင်ကြယ်အောင် ဆေးကြောရပါမယ်။

(၂) အာဟာရ ပြည့်ဝမျှတတဲ့ အစားအသောက်တွေကို စားသောက်ပေးရပါမယ်။ ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ ကိုယ်ခံအားစနစ် မြင့်တက်နေစေဖို့ အသီးတွေမှာ ဗီတာမင်စီပါဝင်မှုများတဲ့ လိမ္မော်သီး၊ ဆန်းကစ်သီး စတာတွေ စားပေးပါ။ အသားတွေကို ကျက်အောင်ချက်စားပြီး တစ်ရက်ကို ၁၀ သားအပြည့်အဝ စားပေးပါ။ နို့သောက်ပြီး ကြက်ဥလည်း စားပေးပါ။ ဒီစားသောက်နည်းတွေက ကိုယ်ဝန်ဆောင်ကာလမှာ မိခင်ရောကလေးပါ ကျန်းမာနေစေမယ့် စားသောက်နည်းတွေပါ။

(၃) လူထူထပ်ပြီး လူများတဲ့နေရာတွေကို အတတ်နိုင်ဆုံး မသွားပါနဲ့။

(၄) အစားအသောက်စားတဲ့အခါ ပုဇွန်အစိမ်း၊ အသားကင်ပြီး မကျက်တကျက်ဖြစ်နေတာမျိုးကို လုံးဝရှောင်ပြီး ဘယ်အစားအသောက်မဆို ကျက်အောင်ချက်ပြီး စားဖို့က ကိုယ်ဝန်ဆောင်မေမေတွေအတွက် အထူးအရေးကြီးပါတယ်။

(၅) နှာစေး၊ ချောင်းဆိုးနေရင် တစ်ရှူးအုပ်ကာတာ၊ သုံးပြီးသားတစ်ရှူးကို အမှိုက်ပုံးထဲ သေချာစွန့်ပစ်တာတို့ လုပ်ရပါမယ်။ နှာစေး၊ ချောင်းဆိုး၊ ဖျားနာနေသူနဲ့လည်း ဝေးဝေးမှာ နေသင့်ပါတယ်။

(၆) နေမကောင်းရင် သေချာအနားယူပြီး ကိုယ်ပြသနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

(၇) အိပ်ရေးဝ၀ အိပ်စက်အနားယူဖို့လည်း လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top