Healthy Life Ad
Health Tips

နုပျိုစေရန် ကြက်ဥ၊ ဘဲဥ စားပါ

ကြွက်သားယိုယွင်းပျက်စီးမှု လျော့ကျပြီး ကျန်းမာရေးအန္တရာယ်ကို ကာကွယ်နိုင်ဖို့ ကြက်ဥ၊ ဘဲဥက အသုံးဝင်ပါတယ်။ တစ်နေ့ကို ကြက်ဥ ဒါမှမဟုတ် ဘဲဥတစ်လုံးစားပေးတာက ကြွက်သားတွေရဲ့ ယိုယွင်းပျက်စီးမှုကို လျော့ကျစေပြီး နှလုံးရောဂါ၊ မျက်စိကွယ်ခြင်းနဲ့ အိုမင်းခြင်း စတဲ့ကျန်းမာရေး အန္တရာယ်တွေကို လျှော့ချပေးနိုင်တယ်လို့ အာဟာရနှင့် သိပ္ပံပညာဂျာနယ်အရ သိရပါတယ်။ ကြက်ဥ၊ ဘဲဥမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာယိုယွင်းပျက်စီးမှုကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်မှ အရေးကြီးတဲ့ ပရိုတင်းဓာတ်မဆုံးရှုံးအောင် ကာကွယ်ပေးပါတယ်။

Most Popular

Healthy Life Ad
To Top