Healthy Life Ad
Health Tips

အူမကြီးရောင်ရမ်းခြင်းကြောင့် အဖြစ်များသော လက္ခဏာ ၇ မျိုး

မီမိုးမေ(ဆေးဝါးတက္ကသိုလ်)

အူမကြီး(Colitis)ရောင်ရမ်းနေချိန်မှာ အဖြစ်များတဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဗိုက်အောင့်ခြင်း

အူမကြီးရောင်ရမ်းတာက အစာဟောင်းအိမ်နဲ့ အူမကြီးရဲ့ အတွင်းလိုင်းတွေကို ထိခိုက်စေနိုင်ပြီး အစာအိမ်အနာကို ဖြစ်စေနိုင်ပါတယ်။ အစာအိမ်အူလမ်းကြောင်း ထိခိုက်မှုကြောင့် ပြင်းထန်တဲ့ ဗိုက်အောင့်ဝေဒနာရတာ၊ ဗိုက်နာတာနဲ့ ပျို့ချင်အန်ချင်ဖြစ်တာ စတဲ့ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။

(၂) သွေးနှင့်အချွဲပါသော ဝမ်းသွားခြင်း

အူမကြီးရောင်ရမ်းနေတဲ့အချိန်မှာ လူနာအများစုက သွေးပါတဲ့ ဝမ်းသွားတတ်တယ်လို့ မကြာခဏ ဆိုကြပါတယ်။ တစ်ခါတရံ အချွဲ ဒါမှမဟုတ် ပြည်ပါတဲ့ ဝမ်းသွားတတ်ပါတယ်။

(၃) အိမ်သာတက်ချင်စိတ် အလောသုံးဆယ်ဖြစ်ပေါ်ခြင်း

တချို့လူနာတွေက အူလှုပ်ရှားမှု သိသိသာသာ မဖြစ်ခင်ကတည်းက ဝမ်းသွားချင်ကြောင်း အချက်ပြတာကို အနည်းငယ် သိနေတတ်ပါတယ်။ ဒါပေမဲ့ အိမ်သာကို အချိန်မီရောက်ဖို့ ခက်ခဲပြီး ဝမ်းကိုထိန်းနိုင်ဖို့ မလွယ်ကူတာမျိုး ဖြစ်တတ်ပါတယ်။

(၄) အိပ်ရေးပျက်ခြင်း

အူမကြီးရောင်ရမ်းမှု ဖြစ်နေတဲ့အချိန်အတောအတွင်းမှာ မကြာခဏ အူလှုပ်ရှားမှုဖြစ်ပြီး ဝမ်းသွားချင်စိတ်ပေါ်တာကြောင့် တချို့လူတွေဟာ ညဘက်မှာ လန့်နိုးနေတတ်ပါတယ်။

(၅) ကိုယ်အလေးချိန်လျော့ကျခြင်း

အူမကြီးရောင်ရမ်းတဲ့ သူတွေဟာ ခန္ဓာကိုယ်က အာဟာရနဲ့ ကယ်လိုရီကို စုပ်ယူနိုင်စွမ်းကို အဟန့်အတား ဖြစ်စေတတ်ပါတယ်။ ရလဒ်အနေနဲ့ အူမကြီးရောင်ရမ်းမှုဆိုင်ရာ ဝေဒနာရှင်တွေအနေနဲ့ အာဟာရချို့တဲ့မှု အဖြစ်များတတ်သလို ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းနိုင်ဖို့လည်း ခက်ခဲရတတ်ပါတယ်။

(၆) ရေဓာတ်ခမ်းခြောက်ခြင်း

လူအများစုဟာ အူမကြီးရောင်ရမ်းမှု ပြင်းပြင်းထန်ထန် ခံစားနေရချိန်မှာ ရေဓာတ်ခမ်းခြောက်မှု အဖြစ်များတတ်ပါတယ်။ ရေဓာတ်ခမ်းခြောက်မှုကို ရှောင်လွှဲနိုင်ဖို့ ဖြစ်နိုင်ရင် ရေကိုများများသောက်ဖို့ လိုအပ်ပါတယ်။

(၇) ဝမ်းလျှောခြင်း

အူမကြီးရောင်ရမ်းနေသူတွေဟာ မကြာခဏ ဝမ်းလျှောတာမျိုးလည်း ဖြစ်တတ်ပါတယ်။

Most Popular

Healthy Life Ad
To Top