Healthy Life Ad
Health Tips

သင်တကယ် ကျန်းမာရေးကောင်းတဲ့သူလား

စူး (ဆေးဝါးတက္ကသိုလ်)

ကျန်းမာရေးကောင်းမွန်တဲ့ ဘဝကိုရရှိတာဟာ အဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်တစ်ရပ်ပါပဲ။ ဒါကြောင့် ”ကျန်းမာခြင်းသည်လာဘ်တစ်ပါး” ဆိုပြီး တင်စားပြောဆိုခဲ့ကြတာပါ။ ဘဝတစ်လျှောက်လုံး ကျန်းကျန်းမာမာ အသက်ရှည်ရှည် နေနိုင်တဲ့သူတွေကတော့ ရှားပါတယ်။ အဲဒီလို ကျန်းမာရေးကောင်းမွန်တဲ့ သူတစ်ဦးဖြစ်လာအောင် သူတို့ မှာ ထူးခြားတဲ့အမူအကျင့် လေးရပ်ရှိပါသတဲ့။ သင်ကကော ကျန်းမာတဲ့သူဟုတ်၊ မဟုတ်သိအောင် ဆန်းစစ်ကြည့်ပါစို့။

(၁) စိတ်ရှည်သည်းခံရဲ့လား

လေ့ကျင့်ခန်းကို အလေ့အထတစ်ရပ်လို ဖြစ်လာအောင်လုပ်ရတာ အနည်းဆုံး အချိန်နှစ်ပတ်လောက်ကြာပြီး တစ်ခါတစ်ရံမှာ ရှစ်ပတ်လောက် ကြာတတ်ပါတယ်။ ဘဝမှာ ကြုံရတတ်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်လောက်အောင် လုံလောက်တဲ့ကြံ့ခိုင်မှု သင့်မှာရှိသင့်ပါတယ်။ အဲဒီလို ကျန်းမာကြံ့ခိုင်နေစေဖို့ လေ့ကျင့်ခန်းတစ်ခုကို အချိန်သုံးပတ်လောက် ပုံမှန်လုပ်ဆောင်ရင်း အလေ့အထကောင်းတစ်ရပ်အဖြစ် ပျိုးထောင်သွားပါ။ လေ့ကျင့်ခန်းလုပ်တာကို တစ်ကြိမ်ပျက်ကွက်လိုက်တာနဲ့ နောက်ထပ်အကြိမ်ကြိမ် ပျက်ကွက်ဖို့ လွယ်ကူသွားတတ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ သူတွေကတော့ လေ့ကျင့်ခန်းကို ပုံမှန်အလေ့အထဖြစ်နေအောင် စိတ်ရှည်သည်းခံစွာ ကျင့်တတ်ပါတယ်။

(၂) ကိုယ်စားသောက်မယ့်အရာကို အလေးထားရဲ့လား

ကျန်းမာနေတဲ့သူတွေက သူတို့လိုအပ်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုပဲ ဝယ်ယူလေ့ရှိပါတယ်။ လူမှုရေးအတွက်၊ အားကစားအတွက် အချိန်တွေကို သတ်မှတ်ထားလေ့ ရှိပါတယ်။ ကျန်းမာရေးအတွက် အခွင့်အရေးကောင်းတွေကိုလည်း ဘယ်တော့မှ လက်လွှတ်ခံသူမဟုတ်ပါဘူး။

(၃) သူများကို လှုံ့ဆော်တတ်ရဲ့လား

ကျန်းမာရေးကောင်းမွန်သူတွေဟာ သူတို့ကျန်းမာရေးကောင်းရတဲ့ အကြောင်းရင်းနဲ့ အလေ့အထတွေ အကြောင်းကို တခြားသူတွေအား ဖြန့်ဝေလေ့ရှိသလို ကျန်းမာရေးလိုက်စားတဲ့ သူတွေဖြစ်လာအောင် တတ်နိုင်သမျှ အားပေးလှုံ့ဆော်တတ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ အားကစားခန်းမကို သွားလေ့ရှိသလို နေ့လယ်စာစားပြီး လမ်းအတူလျှောက်တာ၊ မလိုအပ်ဘဲ အစာတွေမစားမိအောင် သူငယ်ချင်းတွေနဲ့ ဖုန်းခေါ်တာ စတာတွေကို လုပ်ဆောင်လေ့ရှိပါတယ်။

(၄) သေးငယ်တဲ့ အပြောင်းအလဲတွေကို အလေးထားရဲ့လား

အသေးအမွှားကိစ္စတွေက အရေးပါတယ်ဆိုတာကို ကျန်းမာရေးကောင်းတဲ့သူတွေက နားလည်ထားကြပါတယ်။ ဒါကြောင့် သူတို့က လိုက်နာသင့်တဲ့ သေးငယ်တဲ့အရာတွေက နောက်ပိုင်းမှာ အကျိုးကျေးဇူးရနိုင်တာကို သဘောပေါက်ပြီး အရက်ကို အလွန်အကျွံ သောက်လိုက်မယ်ဆိုတာမျိုး၊ ဆေးလိပ်ကို တစ်လိပ်တည်းပါပဲဆိုတာမျိုး လုပ်လေ့မရှိပါဘူး။

Most Popular

Healthy Life Ad
To Top