Healthy Life Ad
Q & A

အော်ဂဲနစ်အစာ ဘာကြောင့် စားသင့်သလဲ . . .

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. အခုအချိန်မှာ အော်ဂဲနစ်အစားအစာတွေကို ပိုစားဖို့ပြောနေကြပါတယ် ဆရာမ။ ဘာကြောင့်ပါလဲ။

Win Win (FB)

A. အော်ဂဲနစ်ဆိုတာ ပိုးသတ်ဆေးတွေ လုံးဝအသုံးမပြု၊ တာရှည်ခံတဲ့ဆေးတွေ လုံးဝမသုံးဘဲ စိုက်ပျိုးစားသုံးနိုင်တဲ့ အစာမျိုးကို ပြောတာဖြစ်ပါတယ်။ ဆရာမတို့နိုင်ငံမှာ အော်ဂဲနစ်အစာတွေ ကျန်ပါသေးတယ်။ နိုင်ငံခြားမှာက အခုဆို အော်ဂဲနစ်မှ အော်ဂဲနစ် ဖြစ်နေကြပါတယ်။ အမေရိကန်မှာဆို တစ်ဒေါ်လာကို လိမ္မော်သီးသုံးလုံးရပေမယ့် အော်ဂဲနစ်လိမ္မော်သီးဆို တစ်ဒေါ်လာကို တစ်လုံးလောက်ပဲ ရပါတယ်။ နှစ်ဆလောက် ဈေးကြီးတာပေါ့လေ။ ဒီတော့ ပိုက်ဆံချမ်းသာတဲ့ အသိုင်းအဝိုင်းဆို အော်ဂဲနစ်ပဲ စားကြတာပေါ့။ ဆရာမတို့ဆီမှာကတော့ အော်ဂဲနစ်တွေ အရမ်းကြီးမရှားပါဘဲ ကျန်နေပါသေးတယ်။ ကန်စွန်းရွက်၊ ဘူးညွန့်၊ ဟင်းနုနယ်တို့ဆို အော်ဂဲနစ်ပါပဲ။ ဒါပေမဲ့ အခုဆရာမတို့တွေ့နေရတဲ့ အော်ဂဲနစ် မဟုတ်တဲ့ သစ်သီးတွေကတော့ ပန်းသစ်တော်နဲ့ စပျစ်သီးအကြီးကြီးတွေပါ။ နိုင်ငံရပ်ခြားကသူတွေ အော်ဂဲနစ်တွေကိုမှ လိုက်ပြီး ရွေးစားနေတဲ့အချိန်မှာ ဆရာမတို့ဆီမှာတော့ အော်ဂဲနစ်မဟုတ်တဲ့အစာတွေကို ဈေးကြီးပေးပြီး စားနေကြပါတယ်။ ဆရာမတို့ ငယ်ငယ်တုန်းကစားတဲ့ လိမ္မော်သီးဆို ချိုချဉ်အရသာလေးပေါ့။ အခုတော့ ချိုရဲနေမှ စားကြပါတယ်။ ဒါတွေက အဆင့်ဆင့်ပြင်ဆင်ပြီး ထုတ်ထားတာ ဖြစ်ပါတယ်။ အော်ဂဲနစ် မဟုတ်ပါဘူး။ အရင်တုန်းက သစ်တော်သီးတွေ၊ မာလကာသီးတွေဆို မာပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ အရမ်းပွပြီး စားရတာအရမ်းလွယ်ပါတယ်။ ပိုကောင်းအောင် ပြောင်းလဲထားတာပေါ့နော်။ သင်္ဘောသီးဆို အခုနောက်ပိုင်းမှာ အစေ့တွေတောင် မပါတော့ပါဘူး။

Most Popular

Healthy Life Ad
To Top