Healthy Life Ad
Q & A

“သက်မဲ့ပစ္စည်းချစ်သူ”

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

ခေါင်းလောင်းနှိပ်သံကြားလို့ တံခါးဖွင့်ကြည့်လိုက်တော့ စာရေးသူရဲ့မိတ်ဆွေကိုတာကို တွေ့ရတယ်။

“ဘယ်ကနေ ဘယ်လို ခြေဦးလှည့်လာတာလဲ”

“ကြုံလို့ဝင်လာတာပါ။ မိုးခိုရင်း စကားပြောချင်လို့”

“အတော်ပဲ။ မိုးတစိမ့်စိမ့်ရွာနေလို့ အပျင်းပြေ “ယူကျု”ဖွင့်ကြည့်နေတာပါ”

“ယူကျုဆိုလို့ ကျွန်တော်သတိရလာတာတစ်ခုကို မေးချင်တယ်”

“မေးပါ . .”

“လွန်ခဲ့တဲ့ တစ်လလောက်က ဖေ့စ်ဘွတ်ခ်ထဲမှာ “ရှယ်ယာ” လုပ်ထားတဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ မြိတ်မြို့က အမျိုးသမီးဘော်ဒါဆောင်တစ်ခုမှာ ယောကျာ်းတစ်ယောက်က မိန်းမအတွင်းခံဘောင်းဘီတွေကို ခိုးယူတဲ့ အမှုကိစ္စပါ။ သူခိုးက အဆောင်ထဲမှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေကိုမယူဘဲ မိန်းမအောက်ခံဘောင်းဘီကိုသာ ရွေးပြီး ခိုးယူသွားတယ်တဲ့။ အမှုလိုက်တဲ့ ရဲအရာရှိလည်း မစဉ်းစားနိုင်အောင် ဖြစ်နေတယ်လို့ ဖတ်လိုက်ရတယ်။ အဲဒါ ကိုအုန်းကျော် ဘယ်လိုကောက်ချက်ချမလဲ”

“သူခိုးက သူတန်ဖိုးထားတဲ့ ပစ္စည်းကိုရွေးပြီး ခိုးယူတာ ဖြစ်မှာပေါ့”

“မိန်းမအောက်ခံဘောင်းဘီအဟောင်းက သူ့အတွက် ဘယ်လိုအသုံးကျမှာလဲ”

“အဲဒီသူခိုးအတွက်တော့ တန်ဖိုးရှိတဲ့ပစ္စည်း ဖြစ်နေနိုင်ပါတယ်။ သူ့စိတ်ဆန္ဒကို ဖြေဖျောက်ပေးနိုင်တဲ့ ပစ္စည်းဖြစ်နိုင်တယ်”

“ခင်ဗျားက စိတ်ကျန်းမာရေးဆေးပညာရှုထောင့်က ပြောနေတာလား”

“ဟုတ်ပါတယ် ကိုတာ။ စိတ်ရောဂါတစ်မျိုးအကြောင်း စဉ်းစားမိလို့ပါ”

“ရှင်းပြဗျာ”

“နေလှန်းထားတဲ့ မိန်းမအောက်ခံဘောင်းဘီကို ခိုးယူသွားတဲ့အမှုတွေ သြစတြေးလျနိုင်ငံမှာလည်း ရှိပါတယ်။ သူခိုးကို ဖမ်းမိလို့ အမှုစစ်လိုက်ရင် “လိင်ဆန္ဒသွေဖည်ရောဂါ”(Paraphilia)တစ်မျိုးခံစားရတာကို တွေ့ရှိရတယ်”

“ဘာရောဂါလို့ ခေါ်သလဲ”

Fetishistic Disorder လို့ခေါ်တယ်။ သက်မဲ့ပစ္စည်းတစ်ခုအပေါ်မှာ လိင်ဆန္ဒပြင်းပြလွန်းတဲ့ ရောဂါဖြစ်ပါတယ်။ တချို့ကတော့ လိင်အင်္ဂါမဟုတ်တဲ့ မိန်းမကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခုခုအပေါ် လိင်ဆန္ဒပြင်းပြမှုရှိတယ်”

ကိုတာက ကြားဖြတ်မေးပါတယ်။

“အဲဒီတော့ Fetishistic Disorder ကို ဘယ်လိုဘာသာပြန်မလဲ”

“သက်မဲ့ပစ္စည်းတစ်ခုခုအပေါ်မှာ လိင်ဆန္ဒ တပ်မက်တဲ့ရောဂါဆိုတော့ “သက်မဲ့ပစ္စည်းချစ်ရောဂါ”

“မဂိုခေတ်တုန်းကတော့ “ဒဏ်ပေးတဲ့ကုထုံး” (Aversion Therapy)ကို စတင်အသုံးပြုပါတယ်။ ဥပမာ-ခင်ဗျားပြောတဲ့သူခိုးဆိုပါတော့။ ကုသခန်းထဲမှာ လူနာကို မိန်းမအတွင်းခံဘောင်းဘီနဲ့ထိတွေ့ပေးပြီး လိင်ဆန္ဒနှိုးဆွပေးပါတယ်။ လိင်ဆန္ဒပြင်းပြပြီး စိတ်ထလာရင် လူနာကို ဒဏ်ပေးတယ်” . . .

လို့ ခေါ်မယ်ဗျာ”

“ထားပါတော့။ ဒီတော့ အဲဒီရောဂါအကြောင်း ပြောပြပါ”

“သက်မဲ့ပစ္စည်းချစ်ရောဂါအကြောင်း မပြောခင် သာမန်လူတွေထဲမှာ တွေ့ရှိရတဲ့ ထူးခြားချက်လေးတွေကို ပြောပြမယ်။ တချို့လူတွေက သက်မဲ့ပစ္စည်းတစ်ခုခုကို စဉ်းစားလိုက်ရင် ဒါမှမဟုတ် မြင်တွေ့ရရင် လိင်ဆန္ဒနှိုးဆွမှု ခံစားရတာရှိတယ်။ (ဥပမာ-မိန်းမအဝတ်အစား၊ ဒေါက်ဖိနပ်၊ ပျော့ပျောင်းတဲ့အထည်စ)။ နောက်ပြီး မိန်းမခန္ဓာကိုယ်အစိတ်အပိုင်းဆိုရင်လည်း ဆံပင်၊ ခြေထောက်၊ တင်ပါးဆုံ စတဲ့နေရာတွေကို ပိုမိုစုံမက်တဲ့ စိတ်ဆန္ဒရှိတတ်ကြပါတယ်။ ဒါပေမဲ့ “သက်မဲ့ပစ္စည်းချစ်ရောဂါ” ရှိတယ်လို့ တော့ မပြောနိုင်ဘူး။ အဲဒီလို လိင်ဆန္ဒအနည်းငယ် သွေဖည်နေတဲ့လူတွေ ယောကျာ်းထုထဲမှာ ၃၀ ရာခိုင်နှုန်းရှိပါတယ်”

“သက်မဲ့ပစ္စည်းချစ်ရောဂါ” အမှန်တကယ် ခံစားနေရသူက ဘယ်လောက်များပြားသလဲ”

“ယောကျာ်းတွေထဲမှာ ၁ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ဒီရောဂါကို မိန်းမတွေထဲမှာ မတွေ့ရှိရပါဘူး”

“သက်မဲ့ပစ္စည်းချစ်ရောဂါရှိတယ်လို့ ရောဂါသတ်မှတ်နိုင်ဖို့ ဘယ်လိုအချက်တွေကို စဉ်းစားရမလဲ”

“အမေရိကန်နိုင်ငံ စိတ်ကျန်းမာရေးဆရာဝန်ကြီးများအဖွဲ့က ထုတ်ဝေထားတဲ့ DSM-V ကျမ်းမှာ ဖော်ပြထားပါတယ်။ (က) သက်မဲ့ပစ္စည်းကို စိတ်ကူးလိုက်ရင်၊ မြင်တွေ့ရရင် လိင်လှုံ့ဆော်မှုကို နှိုးဆွမှုခံစားရခြင်း။ အဲဒီသက်မဲ့ပစ္စည်းကို အသုံးချပြီး လိင်ဆန္ဒဖြေဖျောက်ခြင်း (ဥပမာ-ကိုင်တွယ်ပွတ်သပ်ခြင်း၊ နမ်းရှုပ်ခြင်း၊ အရသာကိုမြည်းစမ်းကြည့်ခြင်း၊ အဲဒီပစ္စည်းကိုအသုံးပြုပြီး မိမိဘာသာမိမိ လိင်ဖြေဖျော်ခြင်း စတဲ့အပြုအမူတွေ ဖြစ်ပါတယ်)။

စာရေးသူစကားဆုံးတော့ ကိုတာက ပြုံးစိစိ လုပ်နေပါတယ်။

“ခင်ဗျားက ဘာကိုသဘောကျသွားလို့လဲ”

“မြိတ်မြို့က မိန်းမအောက်ခံဘောင်းဘီကို ခိုးယူသွားတဲ့သူခိုးကို စဉ်းစားမိလို့ပါ”

“သက်မဲ့ပစ္စည်းချစ်ရောဂါရှင် တပ်မက်တဲ့ပစ္စည်းအမျိုးမျိုး ရှိပါတယ်။ မိန်းမအဝတ်အထည် (ဥပမာ-အောက်ခံအောင်းဘီ၊ ဘရာစီယာ၊ ဂါဝန်၊ ခြေအိတ်ရှည်)က ၅၈ ရာခိုင်နှုန်း။ မိန်းမဖိနပ်၊ ဒေါက်ဖိနပ်စတာတွေက ၁၄ ရာခိုင်နှုန်း၊ သားရေနဲ့ ပြုလုပ်ထားတဲ့ပစ္စည်း (ဥပမာ-ခါးပတ်)က ၁၄ ရာခိုင်နှုန်း၊ ပျော့ပျောင်းနူးညံ့တဲ့အဝတ်စ (ဥပမာ-နိုင်လွန်စ၊ ပိုးထည်စ)က ၆ ရာခိုင်နှုန်းနဲ့ မိန်းမခန္ဓာကိုယ်အစိတ်အပိုင်း (ဆံပင်၊ ခြေထောက်၊ တင်ပါးဆုံ)က ၁၄ ရာခိုင်နှုန်းဖြစ်ပါတယ်”

“အဲဒီလိုပစ္စည်းတွေအပေါ်မှာ လိင်ဆန္ဒတပ်မက်မှုရှိရင် ရောဂါလို့ မှတ်ချက်ချသလား”

“မလုံလောက်သေးပါဘူး။ (ခ) အဲဒီလိုသွေဖည်တဲ့ လိင်ဆန္ဒနဲ့ လိင်ဖြေဖျောက်တဲ့ အပြုအမူတွေကြောင့် ကာယကံရှင်မှာ ထိခိုက်နစ်နာမှုတွေ ခံစားရမယ်။ စိတ်ဖိစီးမှုဒဏ်ခံစားရမယ်၊ အလုပ်အကိုင်ကို ထိခိုက်ရမယ်၊ လူမှုရေးကိစ္စ၊ စီးပွားရေးကိစ္စတွေမှာ နစ်နာဆုံးရှုံးမှုရှိရမယ်။ အဲဒီလို ကြုံတွေ့လာရရင် (က)မှာ ဖော်ပြခဲ့တဲ့ အပြုအမူကို ရောဂါလို့ သတ်မှတ်ပါတယ်”

“ဒီရောဂါက ဘာကြောင့် ဖြစ်ပွားရတာလဲ”

“လူပျိုဖော်ဝင်စအချိန်မှာ စတင်ဖြစ်ပွားတတ်ပါတယ်။ လူပျိုဖော်ဝင်စ လိင်ဆန္ဒပြင်းပြလာချိန်မှာ ရှေးဦးစွာ လိင်အတွေ့အကြုံတွေက အရေးကြီးပါတယ်။ အဲဒီအချိန်မှာ သက်မဲ့ပစ္စည်းတစ်ခုခုနဲ့ လိင်ဆန္ဒဖြေဖျောက်တဲ့ အပြူအမူ ဆက်စပ်မှုရှိခဲ့ရင် ဖြစ်တတ်ပါတယ်။ သင်ယူတတ်မြောက်မှုလမ်းချော်သွားတာ ဖြစ်ပါတယ်။ တချို့ကတော့ အတုမြင်အတတ်သင်လို့ အဲဒီလိုရောဂါမျိုး ရရှိလာနိုင်ပါတယ်။ ငယ်စဉ်ဘဝမှာ လူကြီးတစ်ယောက်ယောက်က မတော်တရော်လုပ်နေတာကိုမြင်ရရင်၊ ရုပ်ရှင်၊ ဗီဒီယိုနဲ့ လူမှုဆက်ဆံရေးမီဒီယာကွန်ရက်ထဲမှာ အဲဒီလိုအပြုအမူတွေကို တွေ့ရှိရရင် စိတ်ထဲမှာစွဲမြဲသွားတတ်ပါတယ်”

မိုးတစိမ့်စိမ့်ရွာနေလို့ အချမ်းပြေသောက်ဖို့ တည်ခင်းပေးထားတဲ့ ဝိုင်အရက်နီတကျိုက်သောက်လိုက်ပြီး ကိုတာက မေးခွန်းထုတ်ပါတယ်။

“အဲဒီလိုလူနာမျိုးကို ခင်ဗျားကုသဖူးလား”

“သက်မဲ့ပစ္စည်းချစ်ရောဂါနဲ့ တခြားလိင်ဆန္ဒသွေဖည်ရောဂါ ခံစားနေရသူတွေက သူတို့ရောဂါကို ကုသမှုမခံယူလိုကြပါဘူး။ ကုသဖို့ လိုအပ်တယ်လို့လည်း မယူဆကြဘူး။ ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်မှာ ခင်ဗျားဖတ်လိုက်တဲ့ မိန်းမဘောင်းဘီသူခိုး လူနာမျိုးကို ဆေးကုသမှုခံယူဖို့ တရားရုံးက အမိန့်ချမှတ်နိုင်ပါတယ်။ သက်မဲ့ပစ္စည်းချစ်ရောဂါအတွက် ကုသနည်းသုံးမျိုးရှိတယ်။ (က) အပြူအမူကုထုံး (Behaviour Therapy)၊ (ခ) ဆေးပေးကုသခြင်းနဲ့ (ဂ) အတွေးပြောင်းလဲစေတဲ့ စိတ်ကုထုံး(Cognitive Therapy) တို့ ဖြစ်ပါတယ်”

“နည်းနည်းရှင်းပြဗျာ”

“အပြုအမူကုထုံးရဲ့ ရည်ရွယ်ချက်ကတော့ သွေဖည်နေတဲ့ လိင်အပြုအမူလျော့နည်းပြီး ပုံမှန်လိင်အပြုအမူကြီးထွားလာအောင် ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်”
မဂိုခေတ်တုန်းကတော့ “ဒဏ်ပေးတဲ့ ကုထုံး” (Aversion Therapy)ကို စတင်အသုံးပြုပါတယ်။ ဥပမာ-ခင်ဗျားပြောတဲ့ သူခိုးဆိုပါတော့။ ကုသခန်းထဲမှာ လူနာကို မိန်းမအတွင်းခံဘောင်းဘီနဲ့ ထိတွေ့ပေးပြီး လိင်ဆန္ဒနှိုးဆွပေးပါတယ်။ လိင်ဆန္ဒပြင်းပြပြီး စိတ်ထလာရင် လူနာကို ဒဏ်ပေးတယ်”

“ဘယ်လို ဒဏ်ပေးလဲ”

“လက်ကောက်ဝတ်ကို လျှပ်စစ်ဓာတ်နဲ့တို့ပြီး နာကျင်စေတယ်။ ဒါမှမဟုတ် အနံ့ဆိုးတဲ့ ဆေးတစ်မျိုးကို ရှူရှိုက်ခိုင်းတယ်။ အဲဒီတော့ မိန်းမအတွင်းခံဘောင်းဘီကို ထိတွေ့နေတဲ့အချိန်မှာ သာယာတဲ့ စိတ်ခံစားမှုအစား နာကျင်မှုကို ခံစားရမယ်။ အဲဒီလို အကြိမ်ကြိမ်လေ့ကျင့်ပေးရင် သွေဖည်နေတဲ့ လိင်ဆန္ဒကို လျော့နည်းစေပါတယ်”

“ရက်စက်ရာ ရောက်တာပေါ့”

“မှန်ပါတယ် ကိုတာ။ ဒီကုသနည်းက လူနာရဲ့ လူသားအခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို ချိုးဖောက်သလို ဖြစ်နေပါတယ်။ ဒါကြောင့် အခုခေတ်မှာ အသုံးပြုတာနည်းပါးလာပါတယ်။ ပိုမိုညင်သာတဲ့နည်းကို အသုံးများလာပါတယ်”

“ဘယ်လို ကုထုံးလဲဗျ”

“Covert Sensitisation လို့ ခေါ်ပါတယ်။ “စိတ်ကူးထဲမှာ ကြောက်စိတ်မွေးစေတဲ့ကုထုံး” လို့ ဘာသာပြန်နိုင်တယ်။ သူလိင်ဆန္ဒရှိနေတဲ့ပစ္စည်းကို စိတ်ထဲစဉ်းစားခိုင်း၊ သက်မဲ့ပစ္စည်းချစ်ရောဂါ အပြုအမူတွေကိုလည်း စဉ်းစားခိုင်း။ အဲဒီလိုသွေဖည်တဲ့ လိင်ဆန္ဒအပြုအမူကြောင့် နောက်ဆက်တွဲ ကြုံတွေ့ရတဲ့ ဆိုးကျိုးကိုလည်း စဉ်းစားခိုင်း။ စာရွက်ပေါ်မှာ ရေးမှတ်ခိုင်း။ ဥပမာ လူတွေရှေ့မှာ အရှက်ကွဲခြင်း၊ အဖမ်းခံရခြင်း၊ ထောင်ကျခြင်း၊ အိမ်ထောင်ရေးပြိုကွဲပျက်စီးခြင်း စတာတွေပေါ့ဗျာ”

ကိုတာက ကြားဖြတ်ပြောတယ်။

“စီးကရက်ဆေးလိပ်ဘူးတွေမှာ အဆုတ်ကင်ဆာရုပ်ပုံ ကပ်ထားတာမျိုးလား”

“မှန်ပါတယ်။ လာမယ့်ဘေးကို ကြိုတင်ဆင်ခြင် စဉ်းစားတတ်အောင် သင်ကြားလေ့ကျင့်ပေးတာ ဖြစ်ပါတယ်”

“သက်မဲ့ပစ္စည်းချစ်ရောဂါအတွက် ဘာဆေးသုံးသလဲ”

“ဖိုလိင်ဟော်မုန်းဆန့်ကျင်ဆေး (Anti-and­ro­gens)တွေကို အသုံးပြုပါတယ်။ ဥပမာ- Cypro­terone AcetateeJY Medroxy Prog-esterone Acetate(Depo-provera) ဆေးမျိုးတွေပါ။ အဲဒီဆေးတွေကို အသုံးပြုရင် သွေးထဲမှာ ဖိုလိင်ဟော်မုန်း (Testerone) သာမန်ထက် လျော့နည်းသွားပါတယ်။ ဒါကြောင့် လိင်ဆန္ဒလျော့နည်းသွားမယ်။ သက်မဲ့ပစ္စည်းချစ် အပြုအမူတွေ နည်းပါးလာနိုင်ပါတယ်။ မော်တော်ကားကို လမ်းကြောင်းပြောင်းပေးတာမဟုတ်ဘဲ စက်အရှိန်ကို လျှော့ချပေးတဲ့ သဘောပါ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top