Healthy Life Ad
Life Style

စိန်ခေါ်ခြင်း…

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ကောင်မလေးက သူ့ချစ်သူကို တစ်နေ့မှာ စိန်ခေါ်ချက် (Challenge) တစ်ခုလုပ်လိုက်တယ်။

“ရှင့်ဘဝမှာ ကျွန်မမရှိဘဲ သုံးလလောက်နေကြည့်စမ်းပါ . . အဲဒီလိုများနေနိုင်ခဲ့ရင် ရှင်တောင်းထားတဲ့ ကတိအတိုင်း ကျွန်မလက်ထပ်ပါ့မယ်”

ကောင်လေးက ချစ်သူကို ပိုင်ဆိုင်ချင်တဲ့စိတ်နဲ့ တခြားမြို့မှာ သုံးလလောက် အလုပ်သွားလုပ်နေခဲ့တယ်။

သုံးလပြည့်လို့ ပြန်လည်းလာရော ချစ်သူကောင်မလေးက ကင်ဆာရောဂါနဲ့ သေဆုံးလုနီးနီး ဖြစ်နေပြီဆိုတာကို တွေ့လိုက်ရတော့တယ်။

ကောင်လေးက အလွန်အမင်း စိတ်လှုပ်ရှား တုန်လှုပ်ဝမ်းနည်းစွာနဲ့ ကောင်မလေးခုတင်ဘေးနား သွားရင်း “မင်းမရှိဘဲ သုံးလလောက် ငါနေနိုင်ခဲ့တယ်လေ အချစ်”လို့ ရေရွတ်ရင်း မျက်ရည်တွေ ကျလာခဲ့တယ်။

ကောင်မလေးရဲ့ အိပ်ရာဘေးမှာ ကောင်လေးအတွက် ရေးထားတဲ့ စာလေးကတော့-

“ရှင်လုပ်နိုင်ခဲ့ပြီ ဘေဘီ . . အခုကစပြီး ကျွန်မရှိဘဲ နေ့တိုင်းနေနိုင်အောင် ကြိုးစားပေးပါနော် . . ကျေးဇူးပြုပြီး . .

Most Popular

Healthy Life Ad
To Top