Healthy Life Ad
Q & A

ခေါင်းမူး၊ ခေါင်းကိုက်ခြင်းအတွက် တက်စာရှောင်သင့်၊ မသင့်

မေး ။ အခုအခါမှာ အမျိုးသား၊ အမျိုးသမီး ကြီးငယ်မရွေး သွေးတိုး၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ဇက်ကြောတက်၊ လေးဖက်နာ အဖြစ်များကြပါတယ်။ ဒါကြောင့် တက်စာလို့ အများသတ်မှတ်ထားတဲ့ တမာ၊ နံနံပင်၊ ဆူးပုတ်၊ ဒူးရင်း၊ တညင်း၊ ရွှေဖရုံ၊ ကြောင်လျှာ၊ကြက်ဟင်းခါး၊ ပဲပုပ်၊ ပဲကြီး၊ မှို၊ မျှစ်၊ ငါးသလောက်၊ ငါးသေတ္တာ ရှောင်ပါတယ်။ အထက်ပါ ရောဂါတွေအတွက် တက်စာတွေကို အမှန်တကယ် ရှောင်ဖို့ လိုပါသလား။
ဦးတင်မောင်၊ မိတ္ထီလာ။

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ တက်စာတွေကတော့ အမှန်က တိုင်းရင်းဆေးဝါးနဲ့ ပိုဆိုင်ပါလိမ့်မယ်။ တချို့သော အစားအသောက်တွေက တကယ်ပဲသွေးတိုးပါတယ်။ ငါးသလောက်တို့ ငါးသေတ္တာတို့ကတော့ ယူရစ်အက်စစ်နဲ့ပဲ ဆိုင်ပါတယ်။ ယူရစ်အက်စစ်တက်နေတဲ့သူတွေက ငါးသလောက်၊ ငါးသေတ္တာနဲ့ တိရစ္ဆာန် ကလီစာတွေကို ရှောင်ရပါတယ်။ ဒူးရင်းသီးတွေကတော့ ဆီးချိုရောဂါရှိရင် ဆင်ခြင်သင့်ပါတယ်။ ခေါင်းကိုက်တာနဲ့ ဇက်ကြောတက်တာက ကျီးပေါင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်၊ စိတ်ညစ်၊ စိတ်ရှုပ်လို့လည်း ဖြစ်နိုင်တယ်၊ တီဗီနဲ့ ကွန်ပျူတာတွေကို အကြာကြီး ကြည့်လို့လည်း ဖြစ်နိုင်ပါတယ်။ မကြာခဏ ဖြစ်နေရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top