Healthy Life Ad
Q & A

အပ်မှိုရဲ့ အကျိုးကျေးဇူး

မေး ။ အပ်မှိုရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို သိချင်ပါတယ်။ အပ်မှိုက ချက်လိုက်ရင် အချိန်ခဏလေးနဲ့ ကျက်ပါသလား။ ဟော့ပေါ့အိုးထဲ ထည့်ပြုတ်စားတာများလာလို့ အဆိပ်အတောက်ဖြစ်နိုင်သလား သိချင်လို့ပါ။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။
ဖြေ ။ အခုခေတ်မှာ အပ်မှိုကို လူတွေတော်တော်များများစားသုံးလာကြတယ်။ အထူးသဖြင့် အပ်မှိုကို ဟော့ပေါ့စားတဲ့အခါ ထည့်စားတတ်ကြပါတယ်။ အပ်မှိုက အချိန်ခဏလေးနဲ့ ကျက်ပါတယ်။ အပ်မှိုက စိုက်ပျိုးရေးက ရရှိထားတဲ့ အပင်ဖြစ်လို့ တော်တော်လေးအန္တရာယ်ကင်းပါတယ်။ လူ ၉၉ ရာခိုင်နှုန်းလောက်က အပ်မှိုနဲ့ တည့်ကြပါတယ်။ အပ်မှိုမှာ အင်တီအောက်ဆီးဒင့်၊ အမျှင်ဓာတ်၊ ကယ်လ်ဆီယမ်စတဲ့ အာဟာရဓာတ်တွေပါလို့ ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ ကယ်လိုရီအများကြီး ပါတာမဟုတ်ပေမယ့် တချို့အစိမ်းရောင်ဟင်းရွက်တွေနဲ့ ယှဉ်ရင် အတော်လေး အန္တရာယ်ကင်းပါတယ်။ အပ်မှိုက ချက်လိုက်ရင် ကြာတဲ့အခါ ပျော့ပြဲသွားတတ်တဲ့အတွက် ဂရုတစိုက်နဲ့ ချက်ပြုတ်စားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top