Healthy Life Ad
International

မင်နီဒယိုင်ဘာ၏လက်မောင်းအလှ လျှို့ဝှက်ချက်ဖွင့်ဟ

လရိပ်မေ

အင်္ဂလိပ်မင်းသမီး၊ အဆိုတော်၊ သီချင်းရေးဆရာဖြစ်သူ မင်နီဒယိုင်ဘာက သူလက်မောင်း ကျစ်လျစ်လှပရခြင်း လျှို့ဝှက်ချက်မှာ ရေသန့်ဘူးနှစ်ဘူး ဒါမှမဟုတ် အလေးတုံးတစ်စုံကြောင့် ဖြစ်တယ်လို့ ဖွင့်ဟထားပါတယ်။

“အပေါ် လက်မောင်းတွေ ပုံစံကျနလှပစေဖို့ ပခုံးကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးရပါတယ်။ ရေသန့်ဘူး ဒါမှမဟုတ် အလေးတုံးကို လက်တစ်ဖက်တစ်ချက်မှာကိုင်ပြီး ခြေချောင်းတွေကို ပခုံးအကွာအတိုင်း ချဲရပ်ပါတယ်။ ပြီးတော့ လက်ကိုအဖြောင့်အတိုင်းထားပြီး ရေသန့်ဘူးဆုပ်ကိုင်ထားတဲ့ လက်ချောင်းတွေက ခန္ဓာကိုယ်ဘက်ကို ညွှန်ပြနေရပါတယ်။ ပြီးရင် ဒူးနဲ့တံတောင်ကိုကွေးပြီး ပခုံးမြင့်တဲ့အထိ လက်မောင်းတွေကို ဘေးတိုက်မြှင့်ပါတယ်။ ပခုံးကို မြှင့်နိုင်သလောက် မြှင့်ပေးရပါတယ်။ ဒီအနေအထားအတိုင်း နှစ်စက္ကန့်လောက်နေပြီးမှ လက်တွေကို ပြန်လျှော့ချလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်းကို တစ်နေ့ ၁၂- ၁၅ ကြိမ်လောက် ထပ်ခါထပ်ခါ လုပ်ပေးပါတယ်” လို့ မင်နီက လက်မောင်းအလှလေ့ကျင့်နည်းကို မျှဝေထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top