Healthy Life Ad
Health Tips

ထိခိုက်လွယ်သော အသားအရေရှိသူတို့ ရှောင်သင့်သည့် မိတ်ကပ်ပါဝင်ပစ္စည်းများ

လရိပ်မေ

(၁) အနံ့ (Scent)

မိတ်ကပ်အလှကုန်ပစ္စည်းတွေထဲမှာ အမွှေးနံ့တွေကိုထည့်တာကြောင့် အသားအရေ၊ အထူးသဖြင့် ထိခိုက်လွယ်တဲ့အသားအရေကို ဓာတ်မတည့်မှုတွေဖြစ်စေပြီး စပ်ဖျဉ်းဖျဉ်းဖြစ်နိုင်ပါတယ်။ အမွှေးနံ့ ဒါမှမဟုတ် ရေမွှေးနံ့ဆိုင်ရာ ပါဝင်ပစ္စည်းတွေ ပိုနည်းတဲ့အလှကုန်တွေက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ အကောင်းဆုံးက သဘာဝအမွှေးနံ့ပါတဲ့ အလှကုန်ကို သုံးသင့်တာပါ။

(၂) တာရှည်ခံစေသောအရာများ (Preservative)

တာရှည်ခံစေတဲ့အရာတွေက အသားအရေမှာ ဓာတ်မတည့်မှုနဲ့ စပ်ဖျဉ်းဖျဉ်းဖြစ်တာတွေ ဖြစ်စေနိုင်တဲ့ အရာတွေပါ။ အဓိကရှောင်သင့်တဲ့ ဓာတုပစ္စည်းတစ်မျိုးက Methylisothiazolinone ဖြစ်ပြီး အသားအရေကို ဓာတ်မတည့်တုံ့ပြန်မှု ဖြစ်နိုင်ခြေ ၁၀ ရာခိုင်နှုန်းများစေပါတယ်။

(၃) အရောင် (Color)

အသားအရေကို ဓာတ်မတည့်မှုနဲ့ စပ်ဖျဉ်းဖျဉ်းဖြစ်တာတွေဖြစ်တဲ့ နောက်တစ်မျိုးက အရောင်(ဆိုးဆေး)တွေပါ။ အလှကုန်ထဲမှာ ဆိုးဆေးတွေထည့်ထားရင် ဓာတ်မတည့်မှုကို သိသိသာသာ ဖြစ်စေနိုင်ပါတယ်။

(၄) သားလိတ် (Phthalates)

နယူးယော့ခ်လေ့လာမှုတစ်ခုအရ သားလိတ်ဓာတ်ကို အလှကုန်ပစ္စည်းထဲမှာ ထည့်သုံးရင် နှင်းခူ၊ ဓာတ်မတည့်တာနဲ့ အရေပြားစပ်ဖျဉ်းဖျဉ်းဖြစ်တာတို့ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

(၅) Comedogens

မိတ်ကပ်၊ နေကာခရင်မ်နဲ့ တခြားအသားအရေထိန်းပစ္စည်းတွေထဲမှာ အဓိကတွေ့ရရင် အဲဒီအလှကုန်သုံးမိသူတွေမှာ ဝက်ခြံနဲ့ဆားဝက်ခြံတွေ ဖြစ်တတ်ပါတယ်။ အဓိကတွေ့ရတဲ့ ပါဝင်ပစ္စည်းတွေက Acetylated Lanolin Alcohol? Ethy­l­hexyl Palmitate? Sodium Laureth Sulfate နဲ့ Potassium Chloride တို့ ဖြစ်ကြပါတယ်။

(၆) Amioda-Amine Surfactants

မျက်နှာသစ်ဆေးတချို့မှာ ပါဝင်တတ်တဲ့ဓာတ်ဖြစ်ပြီး ထိခိုက်လွယ်တဲ့ အသားအရေရှိသူတွေမှာ စပ်ဖျဉ်းဖျဉ်းဖြစ်တတ်ပါတယ်။ Cocamidopro­pylbe- taine, Dimethylaminopropylamine, Ole-amidopropyldimethylamine နဲ့ Stearami-dopropyl Dimethylamine အစရှိတာတွေ ပါဝင်ပါတယ်။

(၇) ပါဝင်ပစ္စည်းနည်းလေ၊ ကောင်းလေ

အလှကုန်ပစ္စည်းတွေနဲ့ပတ်သက်ရင် နည်းလေကောင်းလေဆိုတာ မှန်ပါတယ်။ ပါဝင်ပစ္စည်းနည်းတဲ့ အလှကုန်တွေကို ရွေးချယ်သုံးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top