Healthy Life Ad
Health Tips

သတိမမူမိဘဲ ဓာတ်မတည့်မှုဖြစ်စေနိုင်သည့် နေ့စဉ် အသုံးအဆောင်များ

လေ့လာမှုစစ်တမ်းတွေအရ အမေရိကန်မှာ အရွယ်ရောက်သူ ၃၀ ရာခိုင်နှုန်းကျော်နဲ့ ကလေး ၄၀ ရာခိုင်နှုန်းကျော်ဟာ တစ်ခုခုနဲ့ ဓာတ်မတည့်မှုဝေဒနာ ဖြစ်နေကြတယ်လို့ သိရပါတယ်။ အစားအသောက်၊ အိမ်မွေးတိရစ္ဆာန်၊ ဖုန်မှုန့်တွေနဲ့ ဓာတ်မတည့်မှုဖြစ်တတ်တာကို လူတိုင်းသိပေမယ့် လူအများမသိဘဲ ဓာတ်မတည့်မှုဖြစ်တတ်တဲ့ အသုံးအဆောင်တွေရှိပါတယ်။

(၁) လက်ကိုင်ဖုန်းနှင့် တက်ဘလက်

လက်ကိုင်စမတ်ဖုန်းနဲ့ တက်ဘလက်တွေလို နည်းပညာပစ္စည်းတွေ အပြည့်ရှိတဲ့လောကကြီးမှာ ဒါတွေမရှိဘဲနေဖို့ ခက်ပါတယ်။ ဒါပေမဲ့ လူတချို့ကတော့ နီကယ် (nickel)ဒါမှမဟုတ် ကိုဘော့(cobalt)လို သတ္တုဓာတ်မျိုးနဲ့ ဓာတ်မတည့်မှု ဖြစ်တတ်ပါတယ်။ ခေတ်မီဖုန်းအများစုကလည်း ဒီသတ္တုဓာတ်တွေနဲ့ လုပ်တတ်ကြပါတယ်။ လက်ကိုင်ဖုန်း၊ တက်ဘလက်တွေနဲ့ ဓာတ်မတည့်မှုဖြစ်တဲ့လူတွေဟာ သူတို့လက်၊ နားနဲ့ ပါးပြင်တွေမှာ အနီကွက်တွေ ထွက်တတ်သလို ယားယံတတ်ပါတယ်။ ဒီလိုဖြစ်ရင် ဖုန်းကိုင်ပြီး စကားပြောတာရှောင်ပြီး နားကြပ်တပ်ကာ ဖုန်းပြောပါ။

(၂) ဘောင်းဘီကြယ်သီး

လက်ကိုင်ဖုန်းလိုပဲ ဘောင်းဘီကြယ်သီးတွေနဲ့ မတည့်တဲ့သူတွေရှိပါတယ်။ ဘောင်းဘီကြယ်သီးက နီကယ်နဲ့လုပ်ထားရင် နီကယ်နဲ့ဓာတ်မတည့်သူတွေမှာ ယားယံတာနဲ့ နီမြန်းတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဆိုရင် ရှပ်အင်္ကျီကို အထဲမြှုပ်ဝတ်တာမျိုး လုပ်ဆောင်သင့်ပါတယ်။

(၃) အသား

အသားနည်းနည်းစားလိုက်တာနဲ့ ဖျားနာတယ်၊ နှာချေတယ်၊ နှာပိတ်တယ်၊ ယားတယ်ဆိုရင် ဒါက အသားနဲ့ဓာတ်မတည့်တာ ဖြစ်နိုင်ပါတယ်။ ဘယ်အရွယ်မဆို ဖြစ်နိုင်ပေမယ့် ရှားတော့ရှားပါတယ်။

(၄) ပိုးကိုက်သစ်သီး

ပိုးကိုက်သစ်သီးတွေကိုစားမိရင် ခံတွင်းနဲ့လည်ချောင်းမှာ ပူစပ်ပူလောင်ဝေဒနာ ဖြစ်တတ်ပါတယ်။ ကလေးတွေမှာထက် ဆယ်ကျော်သက်အရွယ်တွေမှာ ပိုဖြစ်တတ်ပါတယ်။

(၅) နေရောင်ခြည်

နေဒဏ်နဲ့ ဓာတ်မတည့်တာထက် ပိုဆိုးတာဘာရှိဦးမှာလဲ။ နေပူထဲသွားတိုင်း အရေပြားယားယံတာ၊ ရောင်ရမ်းတာ၊ နီမြန်းတာတို့ ဖြစ်တတ်ပါတယ်။ ဒီလိုလူတွေက တတ်နိုင်သမျှ နေပြင်းချိန်မှာ အပြင်မသွားလာသင့်ပါဘူး။

(၆) ရေ

လူ့အရေပြားက ရေနဲ့ထိတွေ့ရင် အင်ပြင်လိုအနီကွက်ပေါ်တတ်တာပါ။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပြီး ရှားပါတယ်။

(၇) လေ့ကျင့်ခန်း

လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ကိုယ်အပူချိန် မြင့်တက်လာရာက အရေပြားမှာ အနီကွက်ထွက်တာ၊ အသက်ရှူကျပ်တာ၊ အရေပြားယားယံတာ စတာတွေဖြစ်ပြီး ဓာတ်မတည့်မှု ခံစားရတာပါ။ ရှားပေမယ့် ဒီလိုဖြစ်ရင် စိတ်ရောကိုယ်ပါ အနားယူပေးရပါမယ်။ မပြင်းထန်တဲ့ ယောဂလို လေ့ကျင့်ခန်းလုပ်ပြီး လေ့ကျင့်ခန်းမလုပ်ခင်မှာ ပရိုတင်းများတဲ့ အစာရှောင်ရပါမယ်။

(၈) ချွေး

ပူပြီးနေသာတဲ့နေ့မှာ ချွေးထွက်တာကြောင့် ချွေးနဲ့မတည့်သူတွေဟာ အရေပြားယားယံနီမြန်းတတ်ပါတယ်။ အေးသွားတဲ့အခါ သက်သာသွားပါလိမ့်မယ်။

(၉) အလှကုန်နှင့် အသားအရေထိန်းပစ္စည်း

အလှကုန်တွေ၊ ခရင်မ်တွေနဲ့ လိုးရှင်းတွေထဲမှာပါတဲ့ ဓာတုပစ္စည်းတွေက မတည့်ရင် လိမ်းပြီးနှစ်နာရီအတွင်း ဓာတ်မတည့်တုံ့ပြန်မှု ဖြစ်ပေါ်တတ်တယ်။ ဒါကြောင့် မလိမ်းခင် လက်ကောက်ဝတ်မှာဖြစ်ဖြစ် စမ်းသုံးကြည့်ဖို့ ပြောကြတာပါ။

(၁၀) အဝတ်လျှော်ဆပ်ပြာ

အဝတ်လျှော်ဆပ်ပြာတွေမှာ ပါဝင်တဲ့ပစ္စည်းတချို့က ဓာတ်မတည့်တုံ့ပြန်မှု ဖြစ်စေနိုင်ပါတယ်။ ဒီလိုဓာတ်မတည့်မှုဖြစ်တတ်သူတွေက သူနဲ့မတည့်တဲ့ ဆပ်ပြာနဲ့လျှော်ထားတဲ့ အဝတ်အစား၊ အိပ်ရာခင်းသုံးချိန်မှာ အရေပြားယားယံတတ်ပါတယ်။

(၁၁) သိုးမွှေး

သိုးမွှေးတွေက ယားယံစေပါတယ်။ လာနိုလင်နဲ့ ဓာတ်မတည့်မှုရှိသူတွေက လာနိုလင်ပါတဲ့ အသုံးအဆောင်တွေကို ရှောင်ရပါမယ်။

(၁၂) သားရေ

ဓာတ်မတည့်မှုဖြစ်တတ်တဲ့ အသုံးအဆောင်တစ်မျိုးက သားရေပါ။ သားရေကုတ်အင်္ကျီနဲ့မတည့်ရင် ဝတ်ပြီးအရေပြားယားတာနဲ့ ပူစပ်ပူလောင်ဖြစ်တာတို့ ဖြစ်တတ်ပါတယ်။

(၁၃) အိမ်သုံးသန့်စင်ပစ္စည်းများ

အိမ်သုံးသန့်စင်ပစ္စည်းတွေမှာပါတဲ့ ဓာတုပစ္စည်းတွေနဲ့မတည့်ရင် အရေပြားဟာ နီမြန်းတာနဲ့ အနီကွက်ထွက်တာတွေ ဖြစ်တတ်ပါတယ်။ တတ်နိုင်သမျှ သဘာဝသန့်စင်ပစ္စည်းကိုပဲ ရွေးသင့်ပါတယ်။

(၁၃) အိမ်သုံးသန့်စင်ပစ္စည်းများ

အိမ်သုံးသန့်စင်ပစ္စည်းတွေမှာပါတဲ့ ဓာတုပစ္စည်းတွေနဲ့မတည့်ရင် အရေပြားဟာ နီမြန်းတာနဲ့ အနီကွက်ထွက်တာတွေ ဖြစ်တတ်ပါတယ်။ တတ်နိုင်သမျှ သဘာဝသန့်စင်ပစ္စည်းကိုပဲ ရွေးသင့်ပါတယ်။

(၁၄) လက်ဝတ်လက်စား

လက်ဝတ်လက်စားတချို့မှာ နီကယ်ပါတာကြောင့် နီကယ်နဲ့မတည့်တဲ့သူတွေဟာ ဝတ်လိုက်ရင် အရေပြားယားတာနဲ့ နီမြန်းတာတို့လို ဓာတ်မတည့်မှုတွေ ဖြစ်တတ်ပါတယ်။

(၁၅) စာအုပ်

စာအုပ်ချစ်သူတို့အတွက် စာအုပ်အသစ်ကနေ ထွက်လာတဲ့အနံ့က ကမ္ဘာပေါ်မှာ အကောင်းဆုံးအနံ့ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဓာတ်မတည့်မှုဖြစ်တတ်သူတွေအတွက်တော့ အဲဒီအနံ့က နှာခေါင်းပိတ်တာနဲ့ ခေါင်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top