Healthy Life Ad
Health Tips

ပရိုတင်းဓာတ်အပြည့်အဝ ရရှိစေမည့် နံနက်စာ

နံနက်စာမှာ ပရိုတင်းဓာတ ်အပြည့်အဝရရှိအောင် ထည့်သွင်းစားသုံးပေးရင် ခန္ဓာကိုယ်က ပိုမို ကြံ့ခိုင် သန်စွမ်းလာပါလိမ့်မယ်။ ကျန်းမာရေးလည်း ပိုကောင်းလာပါလိမ့်မယ်။
ဒါ့အပြင် ဗိုက်ပြည့်တင်းပြီး ဆာလောင်မှုလျော့ကျတာကြောင့် ကိုယ်အလေးချိန်ကိုလည်း ထိန်းနိုင်ပါလိမ့်မယ်။

နံနက်ခင်းမှာ ပရိုတင်းဓာတ် ရရှိစေရန်
ကျောင်းဖွင့်ရက်၊ အလုပ်လုပ်ရတဲ့ နေ့ရက်တွေမှာ ကျောင်းချိန်အမှီ၊ အလုပ်ချိန်အမှီ အပြေးအလွှား ပြင်ဆင်ရတာကြောင့် နံနက်စာမှာ ပရိုတင်းဓာတ ်အလုံအလောက ်မရရှိတတ်ပါဘူး။ ဒါဆိုရင် လွယ်ကူတဲ့ နည်းတစ်ခုဖြစ်တဲ့ ကြက်ဥ၊ ဘဲဥကိုသာ ပြုတ်ပြီး ဒါမှမဟုတ် ကြော်ပြီး စားလိုက်ပါ။ ကြက်ဥ၊ ဘဲဥထဲ မှာပါတဲ့ ပရိုတင်းဓာတ်က ကြာရှည်စွမ်းအင်ပြည့်ဝ စေကာ ဆာလောင်မှုကိုကြာကြာခံအောင် ထိန်းထားပေးပါတယ်။ ကြက်ဥ၊ ဘဲဥကို ကြော်မယ်ဆိုရင် အချိန်နှစ်မိလောက်ပဲကြာပါတယ်။ ပြီးရင် အခွံချွတ် မထားတ ဲ့ ကောက်နှံစာ (ဆန်လုံးညို၊ အညိုရောင် ခေါက်ဆွဲ၊ အညိုရောင်ပေါင်မုန့်)၊ လိမ္မော်ရည် တစ်ဖန်ခွက်စတာတွေနဲ့ တွဲစား ပေးမယ်ဆိုရင် အာဟာရဓာတ် အပြည့်အဝရရှိသွားပါပြီ။
ကြက်ဥ၊ ဘဲဥတွေက ကိုယ်အလေးချိန် ထိန်းသိမ်းရေးနဲ့ ကျန်းမာရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍ ကနေပါဝင်နေပါတယ်။ အကြောင်းကတော့ ကြက်ဥ၊ ဘဲဥထဲမှာ အရည်အသွေးမြင ့်ပရိုတင်းဓာတ်တွေ ပါဝင်နေတဲ့အပြင် ဗီတာမင် အေ၊ B12 ၊ ဒီ ၊ အီး ၊ သံဓာတ ်၊ ဖောလစ်အက်စစ်နဲ့ ကိုလင်းတို့လို အကျိုးပြု အာဟာရဓာတ် ၁၄မျိုးခန့် ပါဝင်နေကာ ဆာလောင်မှုကို ခံနိုင်ရည်ရှိတာကြောင့်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top