Healthy Life Ad
Q & A

ဦးရေပြား ကျန်းမာဖို့ ခေါင်းလျှော်ရည်သုံးတဲ့အခါ သတိထားရမှာတွေ . . .

မေး ။ ဗောက်မထအောင်၊ ဆံပင်အကျွတ်မများအောင် ခေါင်းလျှော်ရည်သုံးရင် ဘာတွေ သတိထားရမလဲ သိချင်ပါတယ်။
ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော်(အရေပြားအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ ခေါင်းလျှော်ရည်ဘူးကို သေသေချာချာ လှုပ်ပြီးမှ သုံးရပါမယ်။ ခေါင်းလျှော်ရည်မထည့်ခင်မှာ ဆံပင်ကိုကြက်သီးနွေးရေလောက်နဲ့ အရင် စွတ်စိုစေတာက ပိုကောင်းစေပါတယ်။

ဦးရေပြားတစ်ပြင်လုံးကို ခေါင်းလျှော်ရည် နှံ့အောင်ထည့်ပေးပြီး ငါးမိနစ်လောက်ထားပါ။ ပြီးရင် ရေနဲ့ စင်အောင်ဆေးပေးပါ။ ခေါင်းလျှော်ရည်သုံးတဲအခါ မျက်လုံးထဲ မဝင်အောင် သတိထားရပါမယ်။ ဦးရေပြားထိခိုက်အောင် ကုတ်လွန်း၊ ဖဲ့လွန်းတာမျိုး မဖြစ်စေသင့်ပါဘူး။

ခေါင်းလျှော်တဲ့အခါ ရေပူပူနဲ့လည်း မလျှော်သင့်ပါဘူး။ ရေနွေးနွေးနဲ့လျှော်ပြီးရင် နောက်ဆုံးမှာ ရေအေးနဲ့ ပြန်လျှော်တာ ပိုကောင်းပါတယ်။ ခေါင်းလျှော်ပြီးရင် သံလွင်ဆီနွေးနွေးလေး ပြန်လိမ်းမယ်ဆိုရင် ပိုကောင်းပါတယ်။ တစ်ခါသုံးလို့ မတည့်တဲ့ ခေါင်းလျှော်ရည်ကို နောက်တစ်ခါ ထပ်မသုံးသင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top