Healthy Life Ad
Health Tips

အကျိုးပြုဘက်တီးရီးယား လိုအပ်ကြောင်းပြသနေသည့် လက္ခဏာ (၇) မျိုး

(၁) ပဋိဇီဝပိုးသတ်ဆေး များစွာမှီဝဲနေရခြင်း

ပဋိဇီဝပိုးသတ်ဆေးများများမှီဝဲရင် အူလမ်းကြောင်းရှိ ဘက်တီးရီးယားပိုးတွေကိုသေစေပြီး ကောင်းတဲ့ ဘက်တီးရီးယားနဲ့ မကောင်းတဲ့ ဘက်တီးရီးယားမျှခြေကို ဟန်ချက်ပျက်စေပါတယ်။ အူလမ်းကြောင်း ဘက်တီးရီးယားမျှခြေပျက်တာက ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေနိုင်ပါတယ်။ ဒီအချိန်မှာ အကျိုးပြုဘက်တီးရီးယားလိုအပ်နေပါတယ်။

(၂) အစာအိမ်အူလမ်းကြောင့် ပြဿနာဖြစ်ခြင်း

အကျိူးပြုဘက်တီးရီးယားက အစာမကြေတာ၊ လေပွလေထတာ၊ အစာအိမ် အူလမ်းကြောင်း ဝေဒနာဖြစ်တာတို့ကို သက်သာစေပြီး ဗိုက်အောင့်တာကို အမြန်သက်သာစေပါတယ်။

(၃) မှိုစွဲလွယ်ခြင်း

ကိုယ်ခံအားကျတဲ့အခါနဲ့ ပဋိဇီဝပိုးသတ်ဆေးမှီဝဲမှုများတဲ့အခါ ကန်ဒီဒါမှိုပေါက်ပွားမှု မြင့်မားတတ်ပါတယ်။ ဒီအချိန်မှာ အကျိုးပြုဘက်တီးရီးယားမှီဝဲတာကြောင့် မှိုပေါက်ပွားမှုကိုလျော့ကျစေပါတယ်။

(၄) စိတ်ဖိစီးမှုများခြင်း/သောကများခြင်း

အူလမ်းကြောင်းကျန်းမာရေးက ဦးနှောက်လုပ်ငန်းဆောင်တာ၊ စိတ်ခံစားမှုတွေနဲ့ ဆက်နွှယ်မှုအားကြီးပါတယ်။ အကျိုးပြုဘက်တီးရီးယားမှီဝဲတာက စိတ်ခံစားမှုကောင်းစေပြီး ပူပင်သောက လျော့ပါးစေပါတယ်။

(၅) ကိုယ်ခံအားစနစ် နည်းပါးခြင်း

ကိုယ်ခံအားစနစ်ရဲ့ ၈၀ ရာခိုင်နှုန်းက အူလမ်းကြောင်းနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် အကျိုးပြုဘက်တီးရီးယားမှီဝဲရင် ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။

(၆) အစာအဆိပ်သင့်ခြင်း

မကောင်းတဲ့ ဘက်တီးရီးယား၊ ကပ်ပါးကောင်၊ ဗိုင်းရပ်စ် စတာတွေပါတဲ့ အစာတွေကို စားတဲ့အခါ အစာအဆိပ်သင့်နိုင်ပါတယ်။ အကျိုးပြုဘက်တီးရီးယားက အူလမ်းကြောင်းရှိ ကောင်းတဲ့ဘက်တီးရီးယားတွေကို အားဖြည့်ပေးပြီး အူလမ်းကြောင်းစနစ် လုပ်ငန်းဆောင်တာကို အားကောင်းစေပါတယ်။

(၇) အရေပြားကျန်းမာရေး ထိခိုက်ခြင်း

အကျိုးပြုဘက်တီးရီးယားက ဝက်ခြံတွေကို ကုသပေးနိုင်သလို နှင်းခူ၊ အရေပြား အိုမင်းမှု စတဲ့ အရေပြားဝေဒနာတွေကိုလည်း သက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top