Healthy Life Ad
Q & A

မိတ်ကပ်လိမ်းပြီး အနီဖုများများထွက်ခြင်း

မေး ။ မိတ်ကပ်လိမ်းပြီးချိန်မှာ ကျွန်မ ပါးစပ်နား အနီဖုတွေ အများကြီးထွက်လာပါတယ်။ ပါးစပ်ဘေးအရေပြားကလည်း ရောင်နေပါတယ်။ သမီးပါးစပ်ဘေးမှာ အနီရောင်၊ ပန်းရောင်အစက်၊ အဖုသေးလေးတွေ ဖြစ်နေလို့ပါ။ ဒီအဖုလေးတွေက ဝက်ခြံလို အဆံမရှိဘူး၊ တစ်ခါတလေတော့ နည်းနည်း ပူစပ်စပ်၊ ယားကျိကျိ ဖြစ်တယ်။ ရုပ်ဆိုးတယ်လို့ပါ။ ဘာကြောင့်ဖြစ်ရတာပါလဲ။

ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ မိတ်ကပ်တွေ အထူကြီး နေ့တိုင်းလိမ်းလို့ ဖြစ်တတ်ပါတယ်။ ဒါကို Perioral dermatitis လို့ ခေါ်ပါတယ်။ ဒါမျိုးက သန့်စင်ပစ္စည်း၊ အလှပြင်ပစ္စည်းတေမှာ ပါတဲ့ ဓာတုပစ္စည်းတွေ၊ တချို့နေရောင်ကာ ခရင်မ်တွေကြောင့်လည်း ဖြစ်တတ်တယ်။ စတီးရွိုက်ပါတဲ့ ခရင်မ်တွေလိမ်းရင် ပိုဆိုးတတ်ပါတယ်။ လောလောဆယ်မှာ သနပ်ခါးပဲ လိမ်းသင့်ပါတယ်။ မသက်သာရင်၊ ပိုဆိုးလာရင် အရေပြားအထူးကု ဆရာဝန်နဲ့ ပြသရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top