Healthy Life Ad
Women

နွေကာလအတွင်း မြင်သူတိုင်း အေးမြသွားစေမည့် အလှပြင်နည်းများ

၊ ငွေကြယ်စင်ယံ၊

နေပူပေမယ့် နေပြင်းပြင်းပူချိန်မှာပဲ အေးချမ်းတဲ့အလှနဲ့ ကြည့်ကောင်းနေစေဖို့၊ မြင်သူတိုင်း အပူမကူးဘဲ အေးမြသွားစေဖို့ မိတ်ကပ်လိမ်းရာမှာ သတိပြုသင့်တဲ့ အချက်တွေရှိပါတယ်။

(၁) မတောက်ပသော မိတ်ကပ်ကိုလိမ်းပါ

သဘာဝကျကျကြည့်ကောင်းစေမယ့် ပျော့ပျောင်းတဲ့ မိတ်ကပ်မျိုးကိုလိမ်းတာက နွေရာသီမှာ ကြည့်ကောင်းစေပါတယ်။

(၂) ဖောင်ဒေးရှင်းမိတ်ကပ်ကို နည်းနည်းပဲလိမ်းပါ

နွေရာသီမှာ ဖောင်ဒေးရှင်းမိတ်ကပ်ကို နည်းနည်းပဲ လိမ်းသင့်ပါတယ်။ ဒါဆိုရင် နေပူချိန်မှာ အရေပြား နီမြန်းတာကို လျော့ပါးစေပါတယ်။

(၃) နှုတ်ခမ်းကို အရောင်ဖျော့ဖျော့ဆိုးပါ

တောက်ပပြီး ရင့်မှောင်တဲ့ နှုတ်ခမ်းနီကို နွေရာသီမှာ မဆိုးပါနဲ့။ နှုတ်ခမ်းသားတွေကို ခရမ်းလွန်ရောင်ခြည်ဒဏ် ကာကွယ်နိုင်အောင် နေရောင်ကာနိုင်တဲ့ အမျိုးအစားသုံးပါ။

(၄) သဘာဝအရောင် ပေါင်ဒါမှုန့်လိမ်းပါ

မျက်နှာတောက်ပနေအောင် အသားအရောင်အလိုက် သဘာဝဆန်ဆန်ပေါင်ဒါမှုန့်ကို လိမ်းပေးပါ။

(၅) ရေစိုခံမျက်တောင်ကော့ဆေးသုံးပါ

ရေစိုခံမျက်တောင်ကော့ဆေးသုံးတာက မျက်တောင်တွေကို ဘယ်လောက်ပဲနေပူပူ ကြည့်ကောင်းစေပြီး မျက်ဝန်းကိုပါ တောက်ပစေပါတယ်။ အိုင်းလိုင်နာသုံးရာမှာ အနက်ရောင်ထက် အညိုရောင်ကို ပြောင်းသုံးပါ။ မျက်ခုံးကိုလည်း အညိုရောင် မျက်ခုံးမွေးဆွဲခဲတံနဲ့ ဆွဲပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top