Healthy Life Ad
Life Style

ရီဟားနားကဲ့သို့အလန်းစားစတိုင်ပြောင်းနိုင်မည့် လိမ်းခြယ်နည်းအဆင့်ဆင့်

၊ ငွေကြယ်စင်ယံ ၊

လိုအပ်သောပစ္စည်းများ

– အညိုပုပ်ရောင် နှုတ်ခမ်းနီ

– အိုင်းလိုင်နာ အရည်

– မျက်ခုံးဆွဲ ခဲတံ

– အစိမ်းရောင် မျက်ကပ်မှန်

– အညိုဖျော့ရောင် အိုင်းရှဲဒိုး

ခပ်လန်းလန်း မိတ်ကပ်ပြင်ဆင်တတ်တဲ့ ရီဟားနားလို စတိုင်မိုက်တဲ့ မိန်းကလေးဖြစ်ချင်သူတွေအတွက် မိတ်ကပ်လိမ်းခြယ်နည်းအဆင့်ဆင့်ကို မျှဝေလိုက်ပါတယ်။

အဆင့် (၁) အစပိုင်းမှာ အစိမ်းရောင် မျက်ကပ်မှန်တပ်ပြီး ဖောင်ဒေးရှင်း မိတ်ကပ်ကိုလိမ်းပါ။ ပြီးရင် နှုတ်ခမ်းသားတွေ နူးညံ့စိုပြည်နေစေဖို့ နှုတ်ခမ်းဆိုး ဆေးအဆီကိုဆိုးပါ။

အဆင့် (၂) မျက်ခုံးက မျက်နှာပုံစံကို ပေါ်လွင်အောင် ပံ့ပိုးပေးပါတယ်။ မျက်ခုံးကို အညိုရောင် မျက်ခုံးဆွဲ ခဲတံနဲ့ ဖြည့်ပြီး အပေါ်မျက်ဝန်းအပြင်ထောင့်တစ်လျှောက် အညိုရောင် အိုင်းရှဲဒိုးလိမ်းပါ။

အဆင့် (၃) အိုင်းလိုင်နာအရည်နဲ့ ကြောင်မျက်လုံးလို ဆိုးပါ။

အဆင့် (၄) မျက်ဝန်းပြူးကျယ်စေဖို့ မျက်တောင်ကို အရင်ဆုံးကော့ပြီး မက်စ်ကာရာဆိုးပါ။ မျက်တောင်တွေ တစ်မျှင်နဲ့တစ်မျှင် ပူးကပ်မနေအောင် မျက်တောင်ဖြီးတဲ့ ဘီးနဲ့ ဖြီးပေးပါ။

အဆင့် (၅) အောက်မျက်ခမ်းကိုပါ ခဲတံနဲ့ ဆိုးပေးပါ။ ပြီးရင် မျက်ဝန်းအောက်မှာ လင်းလက်စေဖို့ အိုင်း ရှဲဒိုးအဖြူအနည်းငယ် လိမ်းပေးပါ။

အဆင့် (၆) မျက်ဝန်းအပေါ်နဲ့ မျက်ဝန်းအတွင်းထောင့်မှာ အိုင်းရှဲဒိုးလိမ်းပေးရင် မျက်ဝန်းကို ပိုပြီး ထင်ရှားကာ လန်းဆန်းစေပါတယ်။ နှာခေါင်း ဘေးတစ်လျှောက်မှာ အမည်းရောင်အရိပ်ထင်အောင်နဲ့ ပါးရိုးတွေပေါ်လွင်အောင် အညိုရောင် ပေါင်ဒါခပ်ပါးပါး ခြယ်ပေးပါ။

အဆင့် (၇) အစပိုင်းက ဆိုးခဲ့တဲ့ နှုတ်ခမ်းဆိုးဆေး အဆီကိုဖျက်ပြီး အညိုရောင် နှုတ်ခမ်းဆိုးတောင့်နဲ့ နှုတ်ခမ်းသားကို ပုံဖော်ပါ။ ပြီးမှ နှုတ်ခမ်းအလယ်ကို ဆီးရောင်၊ ဘယ်ရီသီးရောင်၊ အညိုရောင်၊ အနက်ရောင် နှုတ်ခမ်းနီထဲက တစ်မျိုးမျိုးဆိုးပေးပါ။
နောက်ဆုံးမှာတော့ ဦးထုပ်ကို စောင်းပြီး သတ္တုလည်ဆွဲနဲ့ ဖန်စီလက်ကောက်တွေကို ဝတ်ဆင်လိုက်ရင် ရီဟားနားလို အလန်းစားမိန်းကလေးပုံစံ ဖြစ်သွားမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top