Healthy Life Ad
Life Style

ကိုယ့်ကိုယ်ကိုယ် အားပေးရမည့် နည်းလမ်းများ

လရိပ်မေ

နည်းလမ်း (၁) ငါ အရင်က စွမ်းဆောင်နိုင်ခဲ့တဲ့အောင်မြင်မှုတွေ အများကြီးပဲ။ ဒီတစ်ကြိမ် ရှုံးတာက တကယ့်အရှုံးမဟုတ်သေးဘူး။

နည်းလမ်း (၂) သူက ငါ့ကို လက်တွဲဖြုတ်လိုက်ပေမယ့် ငါနဲ့ လက်တွဲပြီး အလုပ်လုပ်နေတဲ့ ပါတနာတွေ အများကြီးရှိနေတာပဲ။ အေးဆေးပါ။

နည်းလမ်း (၃) ဘယ်သူ ဘာပဲပြောပြော ငါ့အတွက် ဂုဏ်ယူနေမယ့် အမေရှိတယ်။

နည်းလမ်း (၄) ဘာမှ မပိုင်ဆိုင်ရင်တောင် အိပ်စက်ခြင်းကို ငါပိုင်တယ်။ အိပ်ရေးဝပြီးတဲ့အခါ ခွန်အားအပြည့်နဲ့ အားလုံးကို ကျော်လွှား ရင်ဆိုင်နိုင်မှာ။

နည်းလမ်း (၅) စိတ်ညစ်စရာအားလုံးချ ရေးလိုက်လို့ ငါ့ဆီမှာ မကျန်တော့ဘူး။ အားလုံး ထွက်သွားပြီ။

နည်းလမ်း (၆) ငါ ဘယ်လောက်ခက်ခဲပါစေ၊ သူများကိုကူညီနိုင်တဲ့အစွမ်းတော့ ရှိသေးတာပဲ။

နည်းလမ်း (၇) သူတစ်ပါးကို ပေးကမ်းမကူညီနိုင်ရင်တောင် အပြုံးတစ်ပွင့်နဲ့ တစ်ပါးသူစိတ်ချမ်းသာအောင် လုပ်ဆောင်နိုင်တယ်။ ပြုံးပြုံးလေးပဲနေမယ်။

နည်းလမ်း (၈) ကျန်းမာနေတဲ့အတွက် ကျေးဇူးတင်တယ်။ ကျန်းမာရင် ဘာမဆို စွမ်းဆောင်နိုင်ပြီ။

နည်းလမ်း (၉) ဘဝမှာ စိန်ခေါ်မှုတွေကြုံလာတိုင်း တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်တဲ့စိတ်ဓာတ်အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတယ်။

နည်းလမ်း (၁၀) ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင်ပဲဖန်တီးနိုင်တဲ့အရာ။ ဒီတော့ ပျော်ပျော်နေမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top