Healthy Life Ad
Child

ငါးနှစ်အောက် ကလေးငယ်များအား ခေါက်ဆွဲခြောက်ထုပ် လုံးဝ မကျွေးသင့်

အသက် ငါးနှစ်အောက် ကလေးများအား အသင့်စား ခေါက်ဆွဲခြောက် ( Instant Noodle )ကို လုံးဝ မကျွေးသင့်ကြောင်း အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောကြားသည်။

” အသက် ငါးနှစ်အောက် ကလေးတွေဆိုရင် ခေါက်ဆွဲခြောက်ထုပ်ကို လုံးဝကို မကျွေးသင့်ပါဘူး။ ဖယောင်းလည်းပါတယ်၊ တာရှည်ခံစေတဲ့ ဓာတုပစ္စည်း တွေ (Preservatives )တွေလည်း ပါတဲ့အတွက် ကျန်းမာရေးနဲ့ လုံးဝမကိုက်ညီပါဘူး ” ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ဆိုသည်။

အရွယ်ရောက်ပြီးသူများသည်လည်း အသင့်စား ခေါက်ဆွဲခြောက်ထုပ်ကို နေ့တိုင်း မစားသင့်ကြောင်း၊ နေ့တိုင်းစားလျှင် ဆီးချိုရောဂါ၊ ကင်ဆာရောဂါနှင့် အဆီတက်ခြင်းတို့ ဖြစ်လာနိုင်ကြောင်း သိရသည်။

“ခေါက်ဆွဲခြောက်ထုပ်ကို နေ့တိုင်း မစားသင့်ပါဘူး။ တကယ်လို့ စားစရာမရှိလို့ ခေါက်ဆွဲခြောက်ထုပ်ကို စားမယ်ဆိုရင်တောင် တစ်ပတ်မှာ နှစ်ခါထက်ပိုပြီး မစားသင့်ပါဘူး။ စားတဲ့အခါမှာလည်း အရင်ဆုံး ခေါက်ဆွဲထုပ်ကိုပြုတ်လိုက်မယ်၊ ပြီးရင် အဲဒီအရည်ကို သွန်လိုက်ရပါမယ်၊ နောက်တစ်ခေါက် ထပ်ပြုတ်ပြီးမှ ပါဝင်တဲ့ အမှုန့်တွေထည့်ပြီး စားရပါမယ်။ များသောအားဖြင့် ခေါက်ဆွဲခြောက်ထုပ်မှာပါတဲ့ အမှုန့်တွေက အချိုမှုန့်၊ ကြက်သားမှုန့်စတာတွေ ထည့်ထားတတ်တဲ့အတွက် ကျန်းမာရေးနဲ့ လုံးဝ မညီညွတ်ပါဘူး ” ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က သတိပေးထားသည်။

ခေါက်ဆွဲခြောက်ထုပ်ကို တစ်ခါတစ်ရံ စားမည်ဆိုလျှင် အစိမ်းရောင် ဟင်းရွက်များများ ထည့်စားသင့်ကြောင်း သိရသည်။

Most Popular

Healthy Life Ad
To Top