Healthy Life Ad
Life Style

အိပ်ချိန်တန် အိပ်ရမယ်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ညမှာ ဘယ်လိုသိပ်သိပ်မအိပ်တဲ့ ကလေးငယ်လေးရှိတယ်။ သူ့မေမေက ကလေးအိပ်ပျော်အောင် သိပ်မရလွန်းလို့ ပင်ပန်းနေပြီ။ ကလေးကတော့ မျက်စိကျယ်မြဲ ကျယ်ဆဲပဲ။ ဒါနဲ့ သူ့မိခင်လည်း ကလေးကို ပြတင်းပေါက်ဆီ ပွေ့ချီလာပြီး ကြယ်တွေကို ပြလိုက်တယ်။ ကြက်လေးတွေ ပင်လယ်ထဲ ကြွေကျသွားတာကို သားလေးမြင်တယ်။ မေမေက ကြယ်လေးတွေအကြောင်း ပုံပြင်တချို့ သားလေးကို ပြောပြခဲ့တယ်။

ပင်လယ်ပြာပြာထဲမှာ ငါးလေးနှစ်ကောင်နဲ့အတူ ကြယ်လေးတွေက ကစားနေကြတယ်။ အဲဒီမှာ ဖားလေးနှစ်ကောင်ရောက်လာပြီး “ငါတို့ ဟိုမှာ ချစ်စရာကောင်းတဲ့ ကလေးလေးကို အိပ်သင့်ပြီလို့ သွားပြောကြမယ်”လို့ ဆိုတယ်။ အဲဒီမှာ ကြယ်လေးတွေရယ်၊ ငါးလေးတွေရယ်၊ ဖားလေးတွေရယ် သီချင်းဆိုကြတယ်။ “အိပ်ချိန်တန် အိပ်ရမယ်ကလေးရယ်၊ ဒါမှ အားရှိမယ်၊ ကျန်းမာမယ်”

မိခင် သီချင်းဆိုသံကြားတာနဲ့ ကလေးငယ် ပျော်ရွှင်သွားတယ်။ မကြာခင် မေမေ့လက်မောင်းပေါ်မှာပဲ ကလေးလေး အိပ်ပျော်သွားတော့တယ်။ ကလေးတွေကို ငယ်စဉ်အချိန်မှာ ဖြစ်စေချင်တဲ့ အရာလေးတွေကို ပုံပြင်လေးတွေနဲ့ ထိန်းသိမ်းပဲ့ပြင်ပုံသွင်းပေးသင့်တယ်ဆိုတာ ဒီစာစုကသင်ခန်းစာပေးထားတာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top