Healthy Life Ad
Women

ပျော့ပျောင်း တောက်ပသောဆံကေသာ ပိုင်ဆိုင်စေမည့် အလွယ်နည်းများ

လရိပ်မေ

နာမည်ကျော်တွေလို တောက်ပစိုပြည်တဲ့ ဆံကေသာအလှရရှိစေဖို့ ငွေကုန်ကြေးကျမများတဲ့ အလွယ်နည်းတွေကို အကြံပြုလိုက်ပါတယ်။

နည်းလမ်း(၁) မရောနိစ်သုံးပြီး ထိန်းသိမ်းမှု

– ရေစွတ်ထားတဲ့ ဆံပင်ကို မရောနိစ်များများ လိမ်းပေးတာက ဆံပင်သားကိုအလွယ်တကူ စိုပြေတောက်ပစေပါတယ်။

– မရောနိစ်လိမ်းတဲ့အခါ ဦးရေပြား၊ ဆံပင်လိုင်းနားကပ်ပြီး မလိမ်းပါနဲ့။ ဆံပင်အဖျားတွေကို များများလိမ်းပါ။

– မရောနိစ်လိမ်းပြီး ခေါင်းကို ခေါင်းစွပ်စွပ်ထားပါ။ ရေချိုးပြီးမှ ဆံပင်တွေကိုပုံမှန်အတိုင်း ခေါင်းလျှော်ချလိုက်ပါ။

နည်းလမ်း(၂) ကြက်ဥ၊ ဘဲဥသုံးပြီး ဆံကေသာ ထိန်းသိမ်းမှု

ကြက်ဥဘဲဥနဲ့ ဆံကေသာ ထိန်းသိမ်းတာကလည်း စိုပြည်တောက်ပစေတဲ့ နည်းလမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။

– အရင်ဆုံး ကြက်ဥ၊ ဘဲဥကို သင့်ဆံပင်အရှည် ပေါ်မူတည်ပြီး ပန်းကန်လုံးထဲ ထည့်လိုက်ပါ။ အနှစ်နဲ့အကာကို သီးခြားစီခွဲထုတ်လိုက်ပါ။

– ကြက်ဥ/ဘဲဥအနှစ် ထည့်ထားတဲ့ ပန်းကန်လုံးထဲကို သံလွင်ဆီဖုံးတဲ့အထိထည့်ပြီး ရောမွှေပါ။

– ဆံပင်ကို ကြက်သီးနွေးရေနဲ့ အရင်ခေါင်းလျှော်ပြီး ရောထားတဲ့ အရည်နဲ့ ပွတ်လိမ်းလိုက်ပါ။ အချိန် ၅-၆ မိနစ်ကြာထားပြီးမှ ရေအေးနဲ့ ဆေးကြောလိုက်ပါ။

နည်းလမ်း(၃) ဒိန်ချဉ်သုံးပြီး ဆံကေသာထိန်းသိမ်းမှု

ဆံပင်သားချောမွေ့စိုပြည်စေဖို့ ဒိန်ချဉ်ကိုလည်း သုံးနိုင်ပါတယ်။

– ဆံပင်ကို အရင်ဆုံး ဖြီးသင်ပြီး ဒိန်ချဉ်အလွတ်နဲ့ သုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။

– ဆံပင်သားတစ်လွှာချင်းပေါ်မှာ ဒိန်ချဉ်ကိုလိမ်းပြီး ခေါင်းစွပ်စွပ်ထားပါ။

– အချိန် ၂၀-၃၀ မိနစ်ကြာ ဒါမှမဟုတ် ဒိန်ချဉ်မာသွားတဲ့အထိထားပေးပါ။ ပြီးရင် အမျိုးအစားကောင်းတဲ့ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top