Healthy Life Ad
Life Style

ညှင်း (Tinea Versicolor)

ဒေါက်တာတင့်ဆွေ

Pityriasis Versicolor ညှင်းဆိုတာ Malassezia furfur ကြောင့်ဖြစ်ပြီး၊ အဖြူ-ပန်းရောင် ကတ္တီပါလို နူးညံ့တယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဖြစ်တယ်။ ကူးစက်ရောဂါမဟုတ်ပါ။

မြန်မာပြည်မှာ အစစအရာရာအလွန်ရှားပါးတဲ့ (မဆလ) ခေတ်မှာ ဆေးရှာရတာ အတော်ခက်ခဲခဲ့တယ်။ ညှင်းပေါက်နေသူတွေကို အခုရေးမယ့်ဆေးတွေမပေးနိုင်ဘူး။ နည်းပညာခေတ်ကလဲ ဖလင်နဲ့ ရိုက်တဲ့ ကင်မရာခေတ်မို့၊ ဖလင်ဆေးတဲ့(ဟိုက်ပို) ဆေးရည်အကျကိုဓာတ်ပုံဆိုင်ကတောင်းပြီး အလိမ်းခိုင်းခဲ့ရဖူးတယ်။ နောက်ပြီး Sodium thiosulfate ဆေးရည်လိုက်ရှာပြီး ပေးခဲ့ရသေးတယ်။ ဒီဆေးရည် က ဆေးပညာမှာလည်း အတော်အသုံးကျတယ်။ Cyanide poisoning (စိုင်းယာနိုက်) အဆိပ်သင့်တာ၊ Sulfur mustard poisoning မုံညင်းငွေ့အဆိပ်သင့်တာတွေမှာလဲ သုံးတယ်။ Calciphylaxis ကျောက်ကပ်ဆေးနေရသူတွေ အခြေအနေဆိုရင်လဲပေးတတ်တယ်။ Ringworm ပွေး၊ Tineaversicolor ညှင်းအတွက်လဲ ပေးတယ်။

ခေတ်ပေါ်လိမ်းဆေးတွေ –
Clotrimazole 1% solution တနေ့တခါ၊ တပတ်ကြာလိမ်းပါ။ Clotrimazole (1%) + Selenium sulfide (2.5%) (Candid-TV) တွေကိုရောသုံးနိုင်တယ်။ Clotrimazole (Lotrimin, Mycelex) and Miconazole (Lotrimin) လိမ်းဆေးကိုတနေ့ ၂ ကြိမ်၊ ၁၀-၁၄ ရက်ကြာလိမ်းပါ။ Clotrimazole, Miconazole or Terbinafine လိမ်းဆေးတွေက ခံစားရတာကိုသက်သာစေတယ်။

Fluconazole 150-300-400 mg ကို ၂ ပတ်ခြားပြီး ၂ ခါပေးတာနဲ့ ထိရောက်တယ်။Hydrogen peroxide ကလဲအတူတူပဲ။ ဒါပေမဲ့ အမာရွတ်ဖြစ်မှာစိုးရတယ်။Ketoconazole (Nizoral ointment and shampoo) လိမ်းဆေးဆိုရင် ၁၀ မိနစ်ကြာ၊ နေ့စဉ် ၂ ပတ်လိမ်းပါ။ Ketoconazole shampoo 1% or 2%လည်း ထပ်မဖြစ်အောင် ၃ပတ်ကြာအောင် လိမ်းပါ။

Selenium sulfide 2.5% lotion or Shampoo လိမ်းဆေး ၇-၁၄ ရက် လိမ်းပါ။ Selenium sulfide shampoo 1% (Selsun Blue) or 1% Ketoconazole shampoo (Nizoral) လိမ်းဆေးကို ၁၅ မိနစ်ကြာ၊ တပတ်မှာ ၂ ကြိမ်၊ ၂-၄ ပတ်ကြာလိမ်းပါ။ Selsun Blue ထဲမှာ 1% Selenium sulfide သာပါလို့တချို့ကိုသာပျောက်စေတယ်။Terbinafine 1% solution တနေ့နှစ်ခါ တပတ်ကြာလိမ်းပါ။

ခေတ်ပေါ်သောက်ဆေးတွေ -Fluconazole 400 mg (၁) ကြိမ်တည်း သောက်ပါ၊ Itraconazole (Sporanox) ၅ရက် သောက်ပါ။ Itraconazole 200-400 mg တရက်ခြား ၇ရက်သောက်ပါ။ Itraconazole 400 mg တနေ့ ၁ ကြိမ်၊ ၃-၇ ရက်သောက်ပါ။ Ato-rvastatin (Lipitor) ခေါ်တဲ့ (ကိုလက်စထော)ကျဆေးနဲ့ တွဲမပေးသင့်ပါ။Ketoconazole 200 mg တနေ့ ၁ ကြိမ်၊ ၇ ရက်သောက်ပါ။ Ketoconazole 400 mg (၁) ကြိမ်တည်းသောက်ပါ၊ (၁) ကြိမ်တည်းသောက်ဆေးသောက်ပြီးနောက် ၁-၂နာရီအကြာမှာ လေ့ကျင့်ခန်းလုပ်လို့ ချွေးထွက်ရင် ပိုကောင်းတယ်။Ciclopirox (Ciclopiroxolamine) ဆေးကိုလည်း အစားထိုးသုံးနိုင်တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top