၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)
အက်ရှ်လေရဲ့ ဖခင်က မတူတဲ့ အိုးသုံးလုံးထဲ ရေနွေးထည့်ပြီး ကြက်ဥတစ်လုံး၊ အာလူးတစ်လုံးနဲ့ လက်ဖက်ခြောက် အနည်းငယ်ထည့်လိုက်ပါတယ်။ အချိန် ၁၀ မိနစ်ကြာတော့ အက်ရှ်လေကို အိုးတွေ ဖွင့်ကြည့်ခိုင်းလိုက်တယ်။ အက်ရှ်လေကို အာလူးအခွံနွှာခိုင်း၊ ကြက်ဥအခွံခွာခိုင်းပြီး လက်ဖက်ရည်ကြမ်း စစ်ခိုင်းလိုက်တယ်။ သူ့ဖခင်က ဘာကြောင့်လုပ်ခိုင်းတယ်ဆိုတာ အက်ရှ်လေ နားမလည်ခဲ့ဘူး။
သူ့ဖခင်က ဆိုတယ်။
“ဒီပစ္စည်းသုံးမျိုးစလုံးက တူညီတဲ့ ရေနွေးအိုး၊ တူညီတဲ့အချိန်၊ တူညီတဲ့ အခြေအနေမှာပဲ ရှိခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ တုံ့ပြန်ပုံက မတူဘူးဆိုတာ သမီးတွေ့လား . .
ပြုတ်ရေနဲ့ ပြုတ်တဲ့အရှိန်ကြောင့် အာလူးက နူးညံ့ပျော့ပျောင်းသွားတယ်။ ကြက်ဥကတော့ မာသွားတယ်။ လက်ဖက်ခြောက်ကတော့ လက်ဖက်ရည်အဖြစ် ကူးပြောင်းသွားတယ်။
ဖေဖေတို့ကလည်း ဒီအတိုင်းပဲသမီး . .တူညီတဲ့ လောကဓံကိုခံရတဲ့အခါ သမီးဘယ်လို ပြုမူတုန့်ပြန်မှာလဲ . . အာလူးလား၊ ကြက်ဥလား ဒါမှမဟုတ် လက်ဖက်ခြောက်လား . .”
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)