Healthy Life Ad
Women

သင်အကြိုက်ဆုံးနှုတ်ခမ်းနီအရောင်က ပြောပြနေသည့် သင့်အကြောင်း

၊ ကိုထက် ၊

သင်အကြိုက်ဆုံး နှုတ်ခမ်းနီအရောင်က သင့်ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနိုင်တယ်လို့ ဆိုပါတယ်။ ဥပမာအားဖြင့်ပြောရရင်-

အနီရောင်ကို ကြိုက်တဲ့သူတွေက တက်ကြွတယ်၊ နက်နက်ရှိုင်းရှိုင်းချစ်ခင်တတ်တယ်။ ရုပ်ဝတ္တုတွေပြည့်စုံဖို့အားဖြည့်တတ်ပါတယ်။

အပြာရောင်နဲ့ အဖြူရောင်ကြိုက်သူတွေက ငြိမ်းချမ်းမှုကို လိုလားတယ်။

အစိမ်းရောင်က သူတစ်ဖက်သားကို တန်ဖိုးထားတတ်တယ်။

အလားတူပဲ မိန်းကလေးအများစုက နှုတ်ခမ်းနီနဲ့ပတ်သက်ပြီး အနှစ်သက်ဆုံးအရောင်ဆိုတာရှိကြပါတယ်။ အဲဒီ သင်အကြိုက်ဆုံး နှုတ်ခမ်းနီအရောင်က သင့်ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနိုင်တယ်လို့လေ့လာမှုတွေက ဆိုပါတယ်။

အနီရောင်နှုတ်ခမ်းနီကို ကြိုက်ပါက သင်က စွမ်းအားပြည့်ဝသူပါ
အနီရောင် နှုတ်ခမ်းနီဆိုးရတာ သဘောကျရင် သင့်နှုတ်ခမ်းတွေကို ပေါ်လွင်ထင်ရှားစေလိုတဲ့သူပါ။ ပတ်ဝန်းကျင်က လူတွေ သင့်ကို အာရုံစိုက်လာအောင် ကြိုးစားတတ်သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိသူလည်း ဖြစ်ပါတယ်။ ချစ်စိတ်များတတ်ပြီး ခံစားချက်ပြင်းထန်ပါတယ်။ စွမ်းအင်အပြည့်အဝရှိပြီး ရဲဝံ့တက်ကြွသူပါ။

ပန်းရောင်နှုတ်ခမ်းနီကို ကြိုက်ပါကသင်က စိတ်ထားနူးညံ့သူပါ
ပန်းရောင်နှုတ်ခမ်းနီက မိန်းကလေးတွေအကြားရေပန်းစားပါတယ်။ ပန်းရောင်နှုတ်ခမ်းနီကို အကြိုက်ဆုံးဆိုတဲ့ ပျိုမေတွေက ချစ်စရာကောင်းပြီး အလွန်မိန်းမဆန်တဲ့သူတွေပါ။ ချစ်စရာကောင်းတဲ့ သူဖြစ်ပြီး ဘဝမှာ အချစ်ခံရတာများပါတယ်။ စိတ်နေသဘောထားနူးညံ့တဲ့ မိန်းကလေးလို့လည်း ဆိုကြပါတယ်။

အညိုရောင်နှင့် ဆီး(ဇီး)ရောင်နှုတ်ခမ်းနီကို ကြိုက်ပါက သင်က သတ္တိရှိသူပါ
အညိုရောင်နဲ့ ဆီး(ဇီး)ရောင် နှုတ်ခမ်းနီကို ကြိုက်နှစ်သက်တဲ့မိန်းကလေးတွေက စွန့်စားလိုစိတ် အပြည့်ရှိပါတယ်။ သူများလျှောက်တဲ့လမ်းကို လိုက်လျှောက်ရတာထက် ကိုယ်တိုင်လမ်းသစ်ထွင်ပြီး လျှောက်တတ်သူပါ။ စွန့်စားလိုစိတ်ရှိပြီး အမှားကြုံခဲ့ရင်တောင် နောက်မဆုတ်တတ်ပါဘူး။ စိန်ခေါ်မှုကို လိုလားပြီး ဘဝမှာ လျှို့ဝှက်ချက်တွေများလွန်းတယ်လို့ ခံစားနေတတ်ပါတယ်။

အမည်းရောင် နှုတ်ခမ်းနီကို ကြိုက်ပါက သင်က သီးခြားနေတတ်သူပါ
အခုနောက်ပိုင်းအမည်းရောင် လက်သည်းနီနဲ့ နှုတ်ခမ်းနီတွေကခေတ်စားလာပါတယ်။ လူကြားထဲမှာ တိုးထွက်ရဲတဲ့ အမျိုးသမီးတွေက အမည်းရောင် နှုတ်ခမ်းနီကိုနှစ်သက်ကြပါတယ်။ လူတွေနဲ့ ရောနှောနေထိုင်ရတာကို သဘောမကျဘဲ လူတွေက ချည်းကပ်ဖို့မလွယ်တဲ့ မိန်းကလေးပါ။ ဒါပေမဲ့ ဝါသနာ၊ အကျင့်စရိုက်တူရင် သွေးသားရင်းပမာ ချစ်ခင်ပေါင်းဖော်တတ်ပါတယ်။

သဘာဝ အရောင်နှုတ်ခမ်းနီကိုကြိုက်ပါက သင်က အပြစ်ကင်းစင်သူပါ
သဘာဝအရောင်နှုတ်ခမ်းနီအဆီကို ကြိုက်တဲ့ မိန်းကလေးတွေက ရိုးစင်းပြီး အပြစ်ကင်းစင်တတ်ပါတယ်။ ပင်ကို ရုပ်သွင်နဲ့ပတ်သက်ပြီး ယုံကြည်မှုရှိသလို စိတ်အေးချမ်းတည်ငြိမ်နေတတ်ပါတယ်။ ရက်ရောပြီး ကြင်နာတတ်တဲ့ စိတ်ထားရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top