Healthy Life Ad
Life Style

မျှဝေခြင်း . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)
လတ်တလောမှာ စတိဗ်ဟာ ကားမတော်တဆထိခိုက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ကားကို ဝပ်ရှော့ပို့ပြီး နေ့စဉ်သွားရတဲ့ အလုပ်ကိုရောက်ဖို့ ရထားစီးခဲ့ပါတော့တယ်။ ဒီလိုနဲ့ ညဘက် မီးရထား ဘူတာရုံမှာ အိမ်ရာမဲ့လူတစ်ဦးကို စတိဗ်သတိပြုမိခဲ့ပါတယ်။ သူ့ကို မြင်တော့ လွန်စွာသနားခဲ့တဲ့ စတိဗ်က ငွေနည်းနည်း ထုတ်ပေးခဲ့ပါတယ်။

ထိုသူက စတိဗ်ကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ အဲဒီနေရာမှာ အိမ်ရာမဲ့လူကိုစတိဗ်ထပ်တွေ့ပြန်ပါလေရော။ ဒီအချိန် မှာတော့ စတိဗ်က သူ့ကို စားစရာဝယ်ကျွေးခဲ့တဲ့အခါ ကျေးဇူးတင်စကားဆိုခဲ့ပြန်ပါတယ်။ ဒါပေမဲ့ စတိဗ်က စူးစမ်းလိုစိတ်နဲ့ မေးမြန်းခဲ့တယ်။

“ဘယ်လိုဖြစ်ပြီး ခင်ဗျားဒီလိုနေရာ ရောက်ခဲ့တာလဲ”
သူက စတိဗ်ကို ပြုံးကြည့်တယ်။ “ချစ်ခြင်း မေတ္တာကို ပြသရင်း ဒီအခြေအနေ ရောက်ခဲ့တယ် ဆိုပါတော့ဗျာ”လို့ဖြေတယ်။ စတိဗ်က နားမလည် လို့ “ဘာကိုဆိုလိုတာလဲ”လို့ ထပ်မေးလိုက်တယ်။

“ကျွန်တော့်ဘဝတစ်လျှောက်လုံး လူတိုင်းပျော်ရွှင်စေခဲ့တယ်။ ဘဝမှာ ဘာတွေဖြစ်နေပါစေ၊ လူတိုင်းကို အမြဲတမ်း ကူညီခဲ့တယ်”
“ခင်ဗျား နောင်တရနေတာလား”လို့ စတိဗ် က မေးတော့ သူက ပြန်ဖြေတယ်။

“အဲလိုတော့မဟုတ်ပါဘူး။ ဒါပေမဲ့ လူတွေ ကို ကူညီတဲ့အခါ ကိုယ်ဆောက်မယ့် အိမ်အတွက် အုတ်နီခဲတွေကို ပေးလိုက်တာထက် အိမ်ဆောက်ပြီး ခိုနားနေဖို့ ဖိတ်ခေါ်တာက ပိုကောင်းပါတယ်။ မဟုတ်ရင် သူတို့ကို အုတ်နီခဲတွေပေးလိုက်ပြီးလို့ ကိုယ့်အိမ်ဆောက်တော့မယ်ဆိုတဲ့အချိန်မှာ ဘာမှမရှိတော့တဲ့ အခြေအနေကြုံရနိုင်တယ်လေ”

အိမ်ရာမဲ့ ပြောတဲ့ စကားကို စတိဗ်နားလည်သွားတော့တယ်။
တစ်ပါးသူကို ကူညီတာကောင်းပါတယ်။ ဒါပေမဲ့ တစ်ပါးသူကိုကူညီရင်း တချို့လူတွေကကိုယ့် ပြဿနာနဲ့ လိုအပ်ချက်တွေကို မေ့ထားတတ်ကြတယ်။ တကယ်တော့ ကိုယ့်ရှိတာအကုန်ပေးတာထက်မျှဝေတာက ပိုကောင်းတယ်လို့ စတိဗ်ကို သင်ခန်းစာပေးခဲ့တာဖြစ်ပါတယ်။
_ _ _
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top