Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်တို့ သိလိုသည့်အချက်များ

၊ လရိပ်မေ ၊

– ကိုယ်ဝန်ဆောင်ချိန်မှာ ရေပူနဲ့ချိုးတာက အန္တရာယ်ကင်းပါသလား။

ကိုယ်ဝန်ဆောင်ချိန်မှာ ရေပူနဲ့ချိုးတာ၊ ရေပူစိမ်ချိုးတာနဲ့ ပေါင်းခံ ချွေးထုတ်တာတွေကို ရှောင်သင့်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အပူဒဏ်က ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေကာ သွေးဖိအားကို ကျဆင်းစေပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဗိုက်ထဲက သန္ဓေသားဆီ သွေးထောက်ပံ့မှုနည်းသွားပြီး အောက်ဆီဂျင်နဲ့ အာဟာရဓာတ်ရောက်ရှိမှု လျော့ကျသွားကာ သန္ဓေသားရဲ့ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။

– ကိုယ်ဝန်ဆောင်ချိန်မှာ ဖိနပ်အမြင့် စီးသင့်သလား၊ ဖိနပ်အပါးပဲ စီးသင့်သလား။

ကိုယ်ဝန်ဆောင်စဉ်မှာ ဖိနပ်အမြင့်စီးတာက သန္ဓေသားရဲ့ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုတွေကို ထိခိုက်စေနိုင်တာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ လမ်းလျှောက်တဲ့အခါ မသက်မသာဖြစ်တာနဲ့ မတော်တဆချော်လဲတာတွေ ဖြစ်တတ်တာကြောင့် ဖိနပ်အမြင့်ကို မစီးသင့်တာပါ။ ကိုယ်ဝန်ဆောင်နေ ချိန်အတောအတွင်းမှာ ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်ကလည်း အလွန်လျင်မြန်စွာပြောင်းလဲလာတာကြောင့် ဖိနပ်အမြင့်စီးတာကလဲကျနိုင်တဲ့ အန္တရာယ်ကို ပိုများစေပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ ဖိနပ်အမြင့်စီးရင် ခါးနာဝေဒနာကို ပိုဖြစ်စေနိုင်ပါတယ်။

– ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရေတွေ ပိုအရောင်ရင့်လာတာက စိုးရိမ်သင့်ပါသလား။

အမျိုးသမီးအများစုဟာ ကိုယ်ဝန်ဆောင် ချိန်အတောအတွင်းမှာ မျက်နှာနဲ့ လည်ပင်းနေရာ ကအသားအရေတွေ အရောင်ရင့်လာတတ်ပါတယ်။ ဒါဟာ ကလေးမွေးပြီးချိန်မှာ တဖြည်းဖြည်းချင်း ပျောက်သွားတတ်တာကြောင့် စိုးရိမ်စရာမရှိပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရေ အရောင်ရင့်လာတာက ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ရတာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top