Healthy Life Ad
Life Style

ဘုရင့်ပုံတူပန်းချီ . . .

စူး ၊ (ဆေးဝါးတက္ကသိုလ်)
တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ခြေတစ်ချောင်း၊ မျက်လုံးတစ်လုံးပဲရှိတဲ့ ဘုရင်ကြီး တစ်ပါးရှိသတဲ့။ ဘုရင်ကြီးက အလွန်ကြင်နာတတ်ပြီး ဉာဏ်ရည်ထက်မြက်သူဖြစ်တယ်။ သူ့တိုင်းပြည်ထဲက လူတိုင်း ပျော်ရွှင်ကျန်းမာတဲ့ ဘဝမှာ နေနိုင်ကြတယ်။ တစ်နေ့မှာတော့ ဘုရင်ကြီးက နန်းတော်ထဲ လမ်းလျှောက်ကြည့်တဲ့အခါ အရင်ဘုရင်တွေရဲ့ ပုံတူတွေကို မြင်တွေ့ခဲ့တယ်။ တစ်နေ့ကျရင် သူ့ကလေးကသူ့လိုနန်းတော်ထဲလျှောက်ကြည့်ရင်း သူ့ပုံတူကို မြင်မှသတိရလိမ့်မယ်လို့ တွေးမိခဲ့ပါသတဲ့။ ဒါပေမဲ့ သူ့ပုံတူကလည်း မရှိသေးဘူး။ သူ့ကိုယ်ခန္ဓာမသန်စွမ်းမှုကြောင့် သူ့ပုံတူဘယ်လိုထွက်လာမလဲဆိုတာလည်း စိတ်ဝင်စားတယ်။ ဒါနဲ့ တိုင်းပြည်ထဲက နာမည်ကြီးတဲ့ ပန်းချီဆရာတွေကို ဖိတ်ခေါ်ပီး သူ့အတွက် နန်းတော်ထဲချိတ်ဆွဲဖို့ လှပတဲ့ ပုံတူပန်းချီကားတစ်ခု ဆွဲပေးပါလို့ ကြေညာလိုက်တယ်။ ပန်းချီပေါ် မူတည်ပြီး သူက ဆုလာဘ်ချီးမြှင့်မယ်လို့ ဆုံးဖြတ်ထားတယ်။

ဘုရင်ကြီးမှာ ခြေထောက်တစ်ဖက်၊ မျက်လုံးတစ်လုံးပဲရှိတာကို ပန်းချီဆရာအားလုံး စတင်တွေးမိခဲ့တယ်။ဒီတော့ ဘယ်လိုလုပ်ပြီး လှပတဲ့ ပန်းချီကား ဖြစ်လာမှာလဲ။ ဒါက မဖြစ်နိုင်တဲ့အတွက် မလှမပထွက်လာရင် ဘုရင်ကြီး စိတ်တိုပြီး သူတို့ ကိုအပြစ်ပေးလိမ့်မယ်လို့ တွေးကြတယ်။ ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက်က ဆင်ခြေအမျိုးမျိုးပေးပြီး ပန်းချီပုံတူဆွဲပေးဖို့ ငြင်းဆိုကြတော့တယ်။ ဒါပေမဲ့ ရုတ်တရက်ဆိုသလို ပန်းချီတရာတစ်ဦးက သူ့လက်ကိုမြှင့်ပြီး ဘုရင်ကြီး ပုံတူ ဆွဲပေးပါမယ်လို့ လျှောက်ထားတယ်။

ဘုရင်ကြီးလည်း ပျော်ရွှင်သွားတယ်၊ တခြား ပန်းချီဆရာတွေကလည်း ဘယ်လိုဆွဲမှာပါလိမ့် ဆိုပြီး စိတ်ဝင်စားကြတယ်။ ဒါနဲ့ ပန်းချီဆရာက အချိန်ယူရေးဆွဲပြီးချိန်မှာ ပန်းချီကား ပြီးသွားတယ်။

ဘုရင်ကြီးကမသန်စွမ်းဖြစ်တဲ့အတွက် ဘယ်လိုမျိုးလှပတဲ့ ပုံတူထွက်လာနိုင်မှာလဲ၊ ဘုရင်ကြီးက ပန်းချီကားမကြိုက်ရင် စိတ်တိုမှာလား စသဖြင့် တခြားပန်းချီဆရာတွေ သိလိုစိတ်ပြင်းပြနေကြတယ်။ ဒါပေမဲ့ ပုံတူကားချပ်ကို မြင်လိုက်တဲ့အခါ ဘုရင်ကြီးအပါအဝင်အားလုံးက ကြက်သေသေသွားခဲ့တယ်။
ပန်းချီဆရာက မြင်းပေါ်ထိုင်နေတဲ့ ဘုရင်ကြီးရဲ့ ခြေထောက်တစ်ဘက်အခြမ်းကို ရေးဆွဲထားပြီး သူ့လက်ကလေးကို ကိုင်ထားတယ်။ မျက်စိတစ်ဖက်ပိတ်ပြီး မြားချိန်နေတဲ့ ပုံကို ဆွဲထားတယ်။ ဘုရင်ကြီးရဲ့ မသန်စွမ်းမှုကို လိမ္မာပါးနပ်စွာဖုံးကွယ်ရင်း လှပတဲ့ ပုံတူကားချပ်တစ်ခုကို မြင်ရတဲ့အတွက် ဘုရင်ကြီးက အလွန်ကျေနပ်နှစ်သိမ့်တော်မူတယ်။ ဘုရင်ကြီးက သူ့ကို ကြီးမားတဲ့ ဆုလာဘ်ချီးမြှင့်ပေးခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top