Healthy Life Ad
Health Tips

ဦးရေပြားတွင် ဒက် (Tinea Capitis) ပေါက်ခြင်း

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. ဒက်အကြောင်း သိပါရစေ ဆရာမ။

ဖြေ. ဒက်ဆိုတာ ဦးရေပြားမှာ မှိုပိုးဝင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒက်ပေါက်ရင် အကြေးခွံ အဖတ်လေးတွေနဲ့ ဆံပင်ကျွတ်နေတတ်ပါတယ်။ ဦးရေပြားမှာ ဖုတက်ရောင်နေတဲ့ အနာလုံးတွေကိုလည်း တွေ့ရတတ်ပါတယ်။ ပြည်တည်နေကာ အမာရွတ်ဖြစ်ပြီး ဆံပင်ပြန်မပေါက်တာမျိုးလည်း တွေ့နိုင်ပါတယ်။

မေး. ဘယ်အရွယ်တွေက ဒက်ဖြစ်နှုန်းများပါသလဲ ဆရာမ။

ဖြေ. အဖြစ်များတဲ့ အသက်အရွယ်က ကျောင်းနေအရွယ်ကလေးငယ်တွေနဲ့ တွားသွားတတ်တဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ အသက်ခြောက်နှစ်မှ ဆယ်နှစ်အတွင်း အဖြစ်များတတ်ပါတယ်။ ကျောင်းနဲ့ လူစုဝေး ထူထပ်စွာနေတတ်တဲ့ နေရာတွေမှာ အဖြစ်များတတ်ပါတယ်။

မေး. ဒက်က ဘယ်လိုကူးစက်တတ်ပါသလဲ ဆရာမ။

ဖြေ. ကူးစက်ပြန့်ပွားပုံမှာ ရောဂါရှိသူနဲ့ထိတွေ့တာ၊ ရောဂါရှိတဲ့ တိရစ္ဆာန်နဲ့ ထိတွေ့တာတွေကြောင့် ကူးတတ်ပါတယ်။ တချို့သူတွေ၊ တိရစ္ဆာန်တွေဟာ ရောဂါလက္ခဏာ မပြပေမယ့်လည်း ပိုးသယ်ဆောင်သူတွေ ဖြစ်နေတတ်ပါတယ်။ တချို့ပစ္စည်း ဥပမာ- ဘီး၊ အဝတ်အစား၊ ဦးထုပ်၊ ထိုင်ခုံ စတာတွေကလည်း ရောဂါပိုးထိတွေ့ရင် ကူးစက်တတ်ပါတယ်။ ပိုဆိုးတာက အာဟာရချို့တဲ့တာ၊ နာတာရှည်ရောဂါ ဖြစ်နေတာတွေဆိုရင် ပိုဆိုးတတ်ပါတယ်။

မေး. ဒက်က ဘယ်နှမျိုးလောက်ရှိပါသလဲ ဆရာမ။

ဖြေ. ဒက်အမျိုးမျိုးရှိပါတယ်။ ဆံပင်အပြင်မှာ ပိုးဝင်တာ၊ ဆံပင်အတွင်း ပိုးဝင်တာဆိုပြီးရှိသလို အမည်းစက်များတဲ့ဒက်ဆိုရင် ဦးရေပြားမှာ အမည်းစက်လေးတွေ ပုံစံနဲ့ တွေ့ရတတ်ပါတယ်။

ရောဂါဖြစ်စဉ်က ဆံပင်ကို မှိုပိုးဝင်ရောက်တာကြောင့်ဖြစ်ပြီး ပတ်ဝန်းကျင်မှ မှိုပိုးတွေလည်း ဝင်ရောက်နိုင်ပါတယ်။ အရေပြားမှာ ထိခိုက်ဒဏ်ရာရှိပါက မှိုပိုးပိုမိုဝင်ရောက်နိုင်ပါတယ်။ မှိုပိုးက အရေပြား အပေါ်ယံလွှာထဲကိုဝင်ရောက်ပြီး ဆံပင်မွှေးထဲကို ပိုးဝင်ပါတော့တယ်။ အဲဒီနောက် ဆံပင်အခြေရင်းက အိတ်ဆီကို ပိုးရောက်ပါတယ်။

မေး. ဒက်ပေါက်တဲ့ရောဂါဖြစ်စဉ်ကို သိပါရစေဆရာမ။

ဖြေ. ရောဂါဖြစ်စဉ်က ဆံပင်ကို မှိုပိုးဝင်ရောက်တာကြောင့်ဖြစ်ပြီး ပတ်ဝန်းကျင်မှ မှိုပိုးတွေလည်း ဝင်ရောက်နိုင်ပါတယ်။ အရေပြားမှာ ထိခိုက်ဒဏ်ရာရှိပါက မှိုပိုးပိုမိုဝင်ရောက်နိုင်ပါတယ်။ မှိုပိုးက အရေပြား အပေါ်ယံလွှာထဲကိုဝင်ရောက်ပြီး ဆံပင်မွှေးထဲကို ပိုးဝင်ပါတော့တယ်။ အဲဒီနောက် ဆံပင်အခြေရင်းက အိတ်ဆီကို ပိုးရောက်ပါတယ်။ အဲဒီ့နောက် တခြားဆံပင်မွှေးအိတ်တွေထဲကို ကူးစက်တတ်ပါတယ်။ လူတစ်ဦးချင်းစီရဲ့ ကိုယ်ခံစွမ်းအားစနစ်ပေါ်မူတည်ပြီး ဒက်တွေဖြစ်တတ်ပါတယ်။ တုန့်ပြန်မှုများတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။

မေး. ဒက်ဖြစ်ပြီး မကုသရင် ဘာဖြစ်တတ်ပါသလဲ ဆရာမ။

ဖြေ. ဒက်ဖြစ်ပြီး မကုသရင် လများစွာကြာပေမယ့်လည်း မပျောက်နိုင်ပါဘူး။ ဒက်ဖြစ်တဲ့အရေပြားက နီရဲရောင်ရမ်းပြီး ဖုတက်နေတတ်ပါတယ်။ နာနေတတ်ပါတယ်။ ယားလာတတ်ပါတယ်။ အကြေးခွံတွေဖြစ်နေပါတယ်။ ဦးခေါင်းနဲ့ ဆက်စပ်နေတဲ့ သားနံရည်အကျိတ်လည်း ရောင်နေတတ်ပါတယ်။ ဆံပင်ကွက် ကျွတ်နေတတ်ပါတယ်။ ဆံပင် အတိုအစတွေ တွေ့ရတတ်ပါတယ်။ ဆံပင်က ကြွပ်ဆတ်နေပြီး ဆံပင်ကို ဆွဲလိုက်တာနဲ့ ကျွတ်ထွက်နေတတ်ပါတယ်။ အဲဒီလိုနဲ့ အကွက်လေးတွေပေါင်းပြီး အကွက်ကြီး ဖြစ်လာတတ်ပါတယ်။ ဆံပင်မွှေးညင်းပေါက်ဘေးမှာ နီရဲနေတတ်ပါတယ်။ အရေပြား အရောင်ပြောင်းကာ အညိုကွက်တွေအနေနဲ့လည်း တွေ့ရတတ်ပါတယ်။

မေး. ဒက်ကိုဘယ်လို စစ်ဆေးနိုင်ပါသလဲ ဆရာမ။

ဖြေ. ဒက်ကို Wood’s Lamp နည်းနဲ့ စစ်ဆေးနိုင်ပါတယ်။ အဲဒါက ဦးရေပြားကိုခြစ်ယူကာ မှိုပိုးကို မိုက်ခရိုစကုပ်အောက်မှာ ကြည့်ရှုစစ်ဆေးတာပဲ ဖြစ်ပါတယ်။ မှိုပိုး မွေးနိုင်ပါတယ်။

မေး. ဒက်ကို ဘယ်လိုကုသနိုင်ပါသလဲ ဆရာမ။

ဖြေ. ကုသနည်းမှာ လိမ်းဆေးနဲ့ ကုသလို့မရနိုင်ပါဘူး။ မှိုပိုးသေစေတဲ့ ဆေးတွေနဲ့ကုသရပါမယ်။ ဘက်တီးရီးယားပိုးဝင်ပါက မကုသရင် ဘက်တီးရီးယားပိုး ဝင်တတ်ပါတယ်။ ဆံပင်ကျွတ်တတ်ပါတယ်။ တချို့လူတွေမှာ ကုသမှုနောက်ကျရင် ဆံပင်ပြန်မပေါက်တော့ပါဘူး။

မေး. ဆေးကုတာက ဘယ်လောက် အချိန်ကြာတတ် ပါသလဲ ဆရာမ။

ဖြေ. ဒက်ပေါက်ရင် ဆေးကုသတဲ့ အချိန်က ခြောက်ပတ်အနည်းဆုံးဖြစ်ရပါမယ်။ လိုအပ်ရင် အရောင်ကျဆေးကို သုံးရပါမယ်။ ပြည်တည်ရင် ခွဲစိတ်ကုသရပါမယ်။

မေး. ဒက်ကို ဘယ်လိုကာကွယ်နိုင်ပါသလဲ ဆရာမ။

ဖြေ. ကာကွယ်နည်းက ကုသနည်းထက် ပိုမိုကောင်းမွန်ပါတယ်။ ဒက်ဖြစ်နေသူနဲ့ ထိတွေ့နေတဲ့သူတွေ အားလုံးကို အရေပြား စစ်ဆေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top