Healthy Life Ad
Men

ဓာတ်မတည့်မှု ဖြစ်တတ်သူတို့ ခရီးသွားရာတွင် အဓိက ဆောင်ထားသင့်သည့် ဆေးဝါးများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

မကြာခဏဓာတ်မတည့်မှု ဖြစ်တတ်သူတွေအနေနဲ့ ခရီးသွားတဲ့အခါ အဓိကဆောင်ယူသွားသင့်တဲ့ ဆေးဝါးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မျက်စဉ်းဆေး

ဓာတ်မတည့်မှုဖြစ်တဲ့အခါ မျက်စိနီပြီး ယားယံတတ်တာကြောင့် လက်ထဲမှာ မျက်စဉ်းဆေး အဆင်သင့်ရှိနေဖို့လိုပါတယ်။ မျက်စဉ်းဆေးခတ်လိုက်ရင် မျက်စိရောင်ရမ်းမှုကို လျော့ကျစေနိုင်ပြီး မျက်စိယားတာ၊ မျက်ရည်ကျတာနဲ့ မျက်စိရောင်ရမ်းတာ စတဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။ ပဋိဇီဝပိုးသတ်ဆေးပါတဲ့ မျက်စဉ်းဆေး ဒါမှမဟုတ် ဆရာဝန်ညွှန်တဲ့ မျက်စဉ်းဆေးကို ဆောင်ထားသင့်ပါတယ်။

(၂) နှာပိတ်ပျောက်ဆေး

ဓာတ်မတည့်မှုကြောင့် နှာခေါင်းပိတ်ရင် နှာခေါင်းတွင်း တစ်သျှူးတွေက ရောင်ရမ်းမှုဖြစ်နိုင်ပါတယ်။ နှာပိတ်ပျောက်ဆေးတွေကို မိမိဘာသာ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။ ဒါပေမဲ့ သွေးတိုးတာ၊ ရေတိမ်ဖြစ်တာ၊ သိုင်းရွိုက်ရောဂါ စတဲ့ရောဂါရှိတဲ့သူတွေ အနေနဲ့ နှာပိတ်ပျောက်ဆေးမဆောင် ခင်ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။

(၃) နှာခေါင်းတွင်း ဖျန်းဆေး

ဓာတ်မတည့်မှုကြောင့် နှာရည်ကျတာ၊ နှာချေတာတို့ ဖြစ်တတ်ပါတယ်။ ဒီဝေဒနာတွေက ရက်အနည်းငယ်ထက် ပိုပြီးဖြစ်နေရင် နှာခေါင်းတွင်း ဖျန်းဆေးကိုထည့်နိုင်ဖို့ ဆောင်ထားပါ။

(၄) ဟစ္စတာမင်းဟန့်တားဆေး

ဟစ္စတာမင်းဟန့်တားဆေးတွေကိုလည်း အရေးပေါ်သုံးနိုင်ဖို့ ဆောင်ထားသင့်ပါတယ်။ နှာချေတာ၊ မျက်စိယားတာ၊ အရေပြားယားယံတာနဲ့ အင်ပြင်ထတာစတဲ့ ဓာတ်မတည့်မှုဆိုင်ရာ ဝေဒနာတွေကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ ဒီဆေးက ဟစ္စတာမင်းလို့ခေါ်တဲ့ ကိုယ်ခံစွမ်းအားစနစ်မှ ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာထွက်ရှိမှုကို ဟန့်တားပေးပါတယ်။

(၅) ပန်းနာရင်ကျပ်ရောဂါရှိသူများ ဆောင်ထားသင့်သော ရှူဆေး

ပန်းနာရင်ကျပ်ရောဂါရှိသူတွေအတွက် ဓာတ်မတည့်မှုကြောင့် ရောဂါထတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆရာဝန်ညွှန်ကြားထားတဲ့ ရှူဆေးကို အမြဲဆောင်ထားသင့်ပါတယ်။ ဒီရှူဆေးက အသက်ရှူလမ်းကြောင်းတစ်ဝိုက် တင်းရင်းကျပ်သွားစေတဲ့ ကြွက်သားတွေကို အနားရစေလို့ပါ။

(၆) ဓာတ်မတည့်မှု သက်သာစေသောခေါင်းအုံးစွပ်

ဓာတ်မတည့်မှုဖြစ်တတ်သူတွေ ခရီးသွားမယ်ဆိုရင်တော့ ဖုန်ပိုးတွေကို ကာကွယ်နိုင်တဲ့ ကိုယ်ပိုင်ခေါင်းအုံးစွပ်ကို ဆောင်ယူသွားဖို့ လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top