Healthy Life Ad
Health Tips

အင်ပြင်ထွက်ခြင်း (Allergy – Urticaria – Hives)

———၊ ဒေါက်တာတင့်ဆွေ ၊———

ကျွန်တော် လွန်ခဲ့တဲ့ ၂ လလောက်စပြီး အသားအရေယားယံတဲ့ ဝေဒနာ ခံစားနေရပါတယ်။ ယားလို့ ကုတ်လိုက်တဲ့အခါတိုင်း (Allergic) တွေ ဖြစ်လာပါတယ်။ အဲဒါကြောင့် အသိမိတ်ဆွေ တစ်ယောက်ရဲ့ အညွှန်းအတိုင်း Lergi (Cetrizine 10mg) ဆေးကို တစ်နေ့တစ်လုံးကျ သောက်ပါတယ်။ ထိုဆေးသောက်ဖို့ တစ်ရက်ပျက်ကွက်ပါက နောက်တစ်နေ့တွင် ယားယံခြင်းကို ပြန်လည်ခံစားရပါတယ်။ သို့ပါကြောင့် ထိုဆေးကို ရေရှည်ဆက်သောက်သင့်၊ မသောက်သင့်၊ ရောဂါဖြစ်ပေါ်ရခြင်း အကြောင်းရင်းနှင့် ကုသခြင်းဆိုင်ရာ အချက်အလက်များကို ပြန်လည်ဖြေကြားပေးစေလိုပါတယ် ခင်ဗျာ။

ကျွန်တော့်သားလေးရဲ့ Allergic Reaction အကြောင်းသိချင်လို့ပါ။ အမည်–။ အသက် ၈ နှစ်။ နေရပ် ရန်ကုန်။ လက္ခဏာ ညနေ ၄ နာရီမှ ညအိပ်ရာမဝင်ခင် ၉ နာရီအတွင်း အဖုအပိမ့်များထွက်ခြင်း။ လွန်ခဲ့တဲ့ သုံးပတ်လောက်ကစပြီး ညဦးပိုင်းတွေမှာ ထွက်လာတတ်ပါတယ်။ ပထမရက်တွေမှာ အနီးအနားက ဆေးခန်းမှာ ကုသမှုခံယူတော့ ဓာတ်မတည့်တတ်တာတွေ၊ အစားအသောက်မှ ယားယံမှုဖြစ်ပေါ်စေတာတွေ၊ တကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ဖို့ စသဖြင့် ကုသမှုပေးခဲ့ပါတယ်။ သောက်ဆေးများလည်း ပေးခဲ့ပါတယ်။ အဲဆေးတွေ သောက်နေရတဲ့ ရက်တွေမှာတော့ ဖြစ်လေ့မရှိပါဘူး။ ပေးထားတဲ့ ဆေးပတ်ပြီးသွားပြီး နောက်တစ်ရက်ခြားလောက်ဆို ထပ်ဖြစ်တတ်ပါတယ်။

နောက်တစ်ခေါက်ကျတော့ ရန်ကုန်ကို ပြန်ရောက်နေတာနဲ့ အရင်ကလေးငယ်တုန်းက ပြနေကျ ကလေးအထူးကုနဲ့ ပြဖို့ စီစဉ်တဲ့အခါမှာ ဆရာဝန်မကြီးက နေပြည်တော်ကို အရေးပေါ်သွားရလို့ မပြဖြစ်ဘဲ အဲဆေးခန်းက အထွေထွေရောဂါကု ဆရာဝန်တစ်ယောက်နဲ့ပဲ ကုသမှုခံယူခဲ့ပါတယ်။ ကလေးသန်မချတာ ခြောက်လကျော်နေလို့ သန်ချဆေးတိုက်ပါတယ်။ ပြီးတော့ ယားယံလာရင် အဖုအပိမ့်ပေါ်လာရင် သောက်ဖို့ဆိုပြီး ဆေးပေးပါတယ်။ ဆေးတွေသောက်နေတဲ့ ရက်ပိုင်းတွေမှာ သက်သာပါတယ်။ ပြီးတော့ အရင်လိုပဲ ဆေးမသောက်တော့တဲ့ အချိန်ကျရင် ညနေဘက်တွေဆို ယားယံအဖုအပိမ့်တွေ ထွက်လာတတ်ပါတယ်။ ဒါနဲ့ ကလေးအထူးကုဆ ရာဝန်တစ်ယောက်နဲ့ ထပ်ပြဖြစ်ပါတယ်။ အပေါ်ကလိုပဲ ဆေးသောက်တာ ဆေးပတ်ကုန်သွားရင် နောက်တစ်ရက်ခြားလောက်ဆို ထပ်ဖြစ်ပါတယ်။ အခုလက်ရှိကတော့ တကိုယ်ရည်သန့်ရှင်းရေးကို ကျွန်တော်ကိုယ်တိုင် ဂရုစိုက်ပေးနေပါတယ်။ အစားအသောက်ပိုင်းကတော့ ဘာကိုမစားစေဘူးဆိုတာမျိုး မရှိသေးဘဲ သင့်တင့်မျှတအောင်ပဲ စားခိုင်းထားပါတယ်။ ဆရာ့ဆီက အကြံပြုချက်တွေကို တောင်းခံအပ်ပါတယ်ခင်ဗျာ။

“မတည့်လေ့ရှိတဲ့ အစားအစာတွေထဲမှာ Shellfish ငါးနဲ့ အစေ့အဆံတွေပါတယ်။ မြေပဲ၊ ဥ၊ ဂျုံ၊ ပဲပုတ်။ သူများမတည့်တိုင်း ကိုယ်မတည့်တာ မဟုတ်သလို၊ ကိုယ့်ပဲမတည့်တာရှိတယ်။ သူများပြောတိုင်း လိုက်ရှောင်နေရင် စားစရာမရှိသလို ဖြစ်တတ်တယ်။ မမှန်ပါ။ တချို့မှာ အကြောင်းတရားတခုမက တွဲမှ ဖြစ်တာလည်း ရှိပါတယ်။”

အဖြေ

Allergy (အလာဂျီ) ရရင် ဘာတွေဖြစ်သလဲ။ ၂ မျိုးဖြစ်မယ်။

၁။ Hay Fever ဆိုတာဖြစ်ရင် Sneezing နှာချေ၊ Allergic rhinitis နှာခေါင်းယား၊ Itchy eyes မျက်စိမွှန်တာတွေ ခံစားရမယ်။

၂။ Urticaria (Hives) ဆိုတာ အနီပြင် (အင်ပြင်) တွေထွက်တာ ဖြစ်တယ်။

အကြောင်းရင်းတွေရှာရင် ရက်တိုခဏဖြစ်တာနဲ့ ရက်ရှည်ဖြစ်တာ ၂ မျိုးရှိတယ်။

ဆေးတခုခုနဲ့ မတည့်လို့ဖြစ်တာ၊ Sulpho-nylurea glimepiride (Amaryl), Dextro-amphetamine, Aspirin, Ibuprofen, Peni-cillin, Clotrimazole, Sulfonamides (Septein) နဲ့ Anticonvulsants အတက်သက်သာဆေးတွေပါတယ်။ ဆေးကြောင့်ဖြစ်ရင် အရေးပေါ်ဖြစ်တတ်တယ်။

မတည့်လေ့ရှိတဲ့ အစားအစာတွေထဲမှာ Shellfish ငါးနဲ့ အစေ့အဆံတွေပါတယ်။ မြေပဲ၊ ဥ၊ ဂျုံ၊ ပဲပုတ်။ သူများမတည့်တိုင်း ကိုယ်မတည့်တာ မဟုတ်သလို၊ ကိုယ့်ပဲမတည့်တာရှိတယ်။ သူများပြောတိုင်း လိုက်ရှောင်နေရင် စားစရာမရှိသလို ဖြစ်တတ်တယ်။ မမှန်ပါ။ တချို့မှာ အကြောင်းတရားတခုမက တွဲမှ ဖြစ်တာလည်း ရှိပါတယ်။ (ကျွန်တော်ဆိုရင် ဆေးကျောင်းတက်ရကာစ မန္တလေးဘူတာကြီးကရတဲ့ ကျောက်မီးသွေးအနံ့နဲ့ ဆောင်းရာသီအအေးဓာတ် တွဲနေတာကို သိပ်သဘောမကျဘူး။)

ရုပ်ဝတ္ထုနဲ့မတည့်လို့ဖြစ်တာ၊ (ဂွမ်းစောင်၊ အနွေးထည်)

စိတ်ဖိအားကနေဖြစ်တာ၊

အေးလို့ဖြစ်တာ၊ ပူလို့ဖြစ်တာ၊ နေရောင်ကြောင့်ဖြစ်တာ၊ ရေကြောင့်ဖြစ်တာ၊ တုန်ခါမှုကြောင့်ဖြစ်တာ၊ လေ့ကျင့်ခန်းလုပ်လို့ဖြစ်တာ၊

အနံ့အသက်မတည့်တာ၊ ပန်းနံ့၊ ရေမွှေးနံ့၊ ခြင်ဆေးနံ့၊ ကားအိတ်ဇောနံ့။

အများဆုံးသုံးရတဲ့ဆေး

Generic name ဆေးနာမည် Cetirizine နဲ့ Brand name ဆိုင်တင်နာမယ် Zyrtec စတဲ့ နာမည်တွေ အများကြီးရှိတယ်။ (စီထရက်ဇင်း) ဟာ Antihistamines (အင်တီ-ဟစ်တမင်း) ဆေးခေါ်တယ်။ (အလာဂျီ) ရရင်ထွက်လာတဲ့ Histamines တွေကို တားဆီးပေးတယ်။ Histamine (H-1) receptor blockers လို့လည်း ခေါ်တယ်။ (အင်တီဟစ်တမင်း) ဆေးတွေထဲမှာ စတုတ္ထမျိုးဆက်ဆေးဖြစ်တယ်။ နောက်ပေါ်လို့ပြောရင် မှန်တယ်။ နောက်ပေါ်တာက ဘာထူးလဲဆိုရင် အိပ်ချင်စိတ်နည်းတယ်။ ဆေးအလေးချိန် 5mg နဲ့ 10mg စားဆေးဖြစ်တယ်။

ဆေးကို အစာနဲ့ သောက်သင့်တယ်။ အစာနဲ့ဝေးလည်း ရပါတယ်။ Theophylline ဆေးနဲ့တွဲပေးရသူဆိုရင် Theophylline ကို လျှော့ပေးပါ။ ကလေးတွေကိုလည်း ပေးနိုင်တယ်။ ဘေးထွက်-ဆိုးကျိုးတွေ = ၁၄% မှာ အိပ်ချင်တယ်၊ အာခေါင်ခြောက်၊ ပျို့၊ ခေါင်းကိုက်၊ အားယုတ်၊ လည်ပင်းနာ။

Hives အနီပြင်(အင်ပြင်)ထနေတာကို Cetirizine ဆေးတမျိုးထဲနဲ့ မရလို့ အရေးပေါ်ဖြစ်လာရင် Epinephrine ဆေးပါ ပေးရတတ်တယ်။ လိုအပ်သူတွေကို စိတ်အခြေခံတာဆိုရင် stress management လုပ်သင့်တယ်။ Tricyclic antidepressants ဆေးအုပ်စုထဲက Doxepin ဆေးကိုလဲ သုံးနိုင်တယ်။ သိပ်ဆိုးဆိုးဝါးဝါး ခံစားရသူကို Corticosteroid ဆေးအုပ်စုထဲက Prednisone ထိုးဆေး-စားဆေးပေးနိုင်တယ်။ Topical creams လိမ်းဆေး Hydrocortisone, Fluocinonide, Desonate တွေလဲ သုံးနိုင်တယ်။ ဆရာဝန်မတိုင်ပင်ဘဲ လုံးဝမသုံးပါနဲ့။ Calamine lotion လိမ်းတာ သိသိသာသာ သက်သာတယ်။

Most Popular

Healthy Life Ad
To Top