Healthy Life Ad
Life Style

နံနက်ခင်းတွင် စိတ်ကြည်လင်စေရန် လုပ်ဆောင်သင့်သော နည်းများ

၊ လရိပ်မေ ၊

နံနက်ခင်း အိပ်ရာနိုးချိန်မှာ စိတ်ကြည်လင် လန်းဆန်းစေဖို့ရာအတွက် လိုက်နာကြည့်ရအောင်။

အသားအရေချောမွေ့စေရန် ခေါင်းအုံးစွပ်လဲသင့်
ချည်သားဝတ်စုံ ဝတ်သင့်ပေမယ့် ခေါင်းအုံးစွပ်အနေနဲ့ ချည်သားသုံးရင် အိပ်ရာထချိန်မှာ မျက်နှာပြင်ပေါ် အရေးကြောင်းတွေ၊ အစင်းရာတွေထင်ကျန်နေတတ်ပါတယ်။ ဒါကြောင့်ခေါင်းအုံးစွပ်သုံးတဲ့အခါမှာ ပိုးသား၊ ဖဲသားနဲ့လုပ်ထားတဲ့ ခေါင်းအုံးစွပ်ကို ရွေးသုံးပေးဖို့လိုပါတယ်။ ဒါမှသာ အိပ်ရာနိုးတိုင်း မျက်နှာတစ်ခုလုံးအစင်းကြောင်းကင်းပြီး တောက်ပနေမှာပါ။

စိတ်ဖိစီးမှု ပြေလျော့စေမည့် ရေချိုးနည်း
ခေါင်းလျှော်တဲ့အခါ ဦးရေပြားကို လက်ချောင်းထိပ်လေးတွေနဲ့ စက်ဝိုင်းပုံ လှည့်လည်ကာနှိပ်ပေးပါ။ ဆံပင်လိုင်းနေရာတစ်လျှောက်နဲ့ နားသယ်စနေရာအထိ လက်ချောင်းထိပ်နဲ့ နှိပ်ပေးသင့်ပါတယ်။ ဆံပင်အရင်းနေရာတွေက အဆီပိုတွေကို ကင်းစေတဲ့အပြင် စိတ်ဖိစီးမှု လျော့ကျကာ အပန်းပြေစေတဲ့ နည်းတစ်နည်း ဖြစ်ပါတယ်။

စိတ်ကြည်နူးစေရန် ကိုယ်လိမ်းလိုးရှင်းလိမ်းခြင်း
ခန္ဓာကိုယ်ကို လိုးရှင်းလိမ်းမယ်ဆိုရင်အေးနေတဲ့ လိုးရှင်းအရည်တွေကို လိမ်းမယ့်အစား လက်ဖဝါးထဲကို လိုးရှင်းလက်တစ်ဆုပ်စာပမာဏထည့်ပြီး နွေးထွေးသွားအောင် လက်ဖဝါးချင်း ပွတ်တိုက်ပေးပါ။ ပြီးမှ ခန္ဓာကိုယ်တစ်ခုလုံးကို လိမ်းပေးသင့်ပါတယ်။ လိုးရှင်းလိမ်းတဲ့အခါမှာ ရေချိုးပြီး စိုထိုင်းစရှိနေတဲ့အချိန် လိမ်းပေးတာ အကောင်းဆုံးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top