Healthy Life Ad
Life Style

ခရီးသွားသည့်အခါ ကျန်းမာရေးနှင့်ညီညွတ်စေရန် တည်းခိုသင့်သော ဟိုတယ်အခန်း

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ခရီးထွက်တဲ့အခါမှာ သွားရ၊ လာရတာ အစစ အရာရာအဆင်ပြေရင် သွားရတဲ့ခရီးက အပန်းပြေပြီး စိတ်ချမ်းသာမှုကိုရရှိစေပါတယ်။ သင့်အနေနဲ့လည်း တည်းခိုဖို့ဟိုတယ်ရွေးရာမှာ အောက်ပါအချက်တွေ ပါရဲလားဆိုတာကို ဆန်းစစ်နိုင်ဖို့နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟိုတယ်အခန်းတွေဖြစ်စေဖို့ ဟိုတယ်ကောင်းတစ်ခုမှာရှိတဲ့ အရည်အချင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆေးလိပ်ငွေ့၊ ဆေးလိပ်နံ့ကင်းခြင်း

ဟိုတယ်မှာ ဆေးလိပ်မသောက်ရ (ဒါမှမဟုတ် ဆေးလိပ်သောက်ခန်းသီးသန့်ပါတဲ့)ဆိုပြီး သတ်မှတ်ထားတဲ့ ဟိုတယ်အခန်းရှိရဲ့လားဆိုတာကို မေးပြီးမှတည်းပါ။ မရှိရင်တော့ ဆေးလိပ်ငွေ့ကင်းတဲ့အခန်းကို တောင်းပါ။

(၂) အရက်ဘား မပါဝင်ခြင်း

အရက်ဘားအသေးမပါတဲ့ အခန်းကိုမေးပါ။ အရက်သောက်တာက ငွေကုန်သလို ကယ်လိုရီတက်လာနိုင်ပါတယ်။ ဒါ့အပြင် ခရီးသွားတဲ့အခါ သင့်ကို ပိုပြီးပင်ပန်းစေနိုင်ပါတယ်။

(၃) အိပ်ရာခင်းအဖုံးရှိခြင်း

အိပ်ရာခင်းတွေက ဖုန်မှုန့်မွှားတွေ ကပ်ငြိနေနိုင်တာကြောင့် အိပ်ရာပေါ်မှာ အိပ်ရာခင်းအဖုံးပါဖို့ လိုပါတယ်။ မအိပ်ခင်မှာ အဲဒီအဖုံးကိုခွာပြီး အခန်းထောင့်ကို ပို့လိုက်ပါ။

(၄) ပိုးကင်းစင်ခြင်း

တီဗီ အဝေးထိန်းခလုတ်နဲ့ တယ်လီဖုန်းတွေကိုမသုံးခင်မှာ အရင်ဆုံး ပိုးသေစေဖို့ အဝတ်စနဲ့ သုတ်ပေးပါ။

(၅) တစ်ခါသုံးရေခွက်ကို သုံးခြင်း

ပြန်သုံးနိုင်တဲ့ရေခွက်တွေကို မသုံးပါနဲ့။ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ တစ်ခါသုံးရေခွက်တွေကို သုံးပါ။

(၆) လေ့ကျင့်ခန်းလုပ်နိုင်သော အကျယ်အဝန်းရှိခြင်း

သင့်အတွက် ကိုယ်ပိုင်အားကစားခန်းမလို လေ့ကျင့်နိုင်လောက်အောင် အခန်းက ကျယ်ဝန်းဖို့ လိုပါတယ်။ ယောဂကျင့်လို့ရတဲ့အထိ အခန်းက ကျယ်ဝန်းသပ်ရပ်နေသင့်ပါတယ်။

(၇) ဆူညံသံမရှိခြင်း

အိပ်စက်အနားယူတဲ့အခါ အိပ်ရေးဝ၀အိပ်မောကျစေဖို့ ဆူညံသံတွေလုံတဲ့ အခန်းမျိုးဖြစ်သင့်ပါတယ်။

(၈) ကျန်းမာရေးနှင့် ညီညွတ်သော သရေစာများရှိခြင်း

သင်ဗိုက်ဆာတဲ့အခါ စားနိုင်အောင်ရေခဲသေတ္တာထဲမှာ သစ်သီး(ဥပမာ-ငှက်ပျောသီး၊ ပန်းသီး)၊ အခွံမာသီး စတဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာတွေရှိနေသင့်ပါတယ်။

(၉) လုံခြုံသော တံခါးရှိခြင်း

ဟိုတယ်ကနေ အပြင်ထွက်တဲ့အခါရော ဟိုတယ်အခန်းထဲမှာနေတဲ့ အချိန်တွေမှာပါ လုံခြုံစိတ်ချရမှုရှိစေဖို့ အခန်းတံခါးတွေက အရေးပါပါတယ်။

(၁၀) အသစ်ပြင်ဆင်မွမ်းမံမှုရှိခြင်း

ဟိုတယ်အခန်းတွေကို မကြာခဏ ပြန်လည်စစ်ဆေးပြီး လိုအပ်ချက်တွေ နည်းနိုင်သမျှနည်းအောင် ပြုပြင်နေတဲ့ ဟိုတယ်မျိုးဖြစ်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top