Healthy Life Ad
Life Style

၀က်နဲ့ သိုး . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်နေ့မှာ သိုးအုပ်က စားကျက်မှာရှိနေစဉ် သိုးထိန်းက မြက်ခင်းပြင်မှာ ဝက်တစ်ကောင်ကို တွေ့ခဲ့ပါတယ်။ သူက ဝက်ပေါ်ခုန်အုပ်ပြီး အလျင်အမြန်ဖမ်းလိုက်တယ်။ ဝက်က နာကျင်သွားတာကြောင့် ကျယ်လောင်တဲ့ အော်ဟစ်သံကြားရလိမ့်မယ်လို့ ထင်လိမ့်မယ်။ တကယ်တော့ ဝက်ကညည်းညူအော်ဟစ်မယ့်အစား လွတ်မြောက်ဖို့ ရုန်းကန်တယ်။ အဲဒီလိုလုပ်တော့ သိုးထိန်းက မရုန်းနိုင်အောင် ကြိုးတွေနဲ့ ချုပ်ပစ်လိုက်တော့တယ်။

စားကျက်ထဲက သိုးတွေဟာ ဝက်ရဲ့အပြု အမူမြင်တော့ အကြီးအကျယ်အံ့အားသင့်သွားခဲ့တယ်။ သိုးထိန်းနောက်ကိုလိုက်ပြီး ဝက်ကို ပြောတယ်။
“ဘာလို့ ဒီလိုလုပ်တာလဲ၊ သိုးထိန်းက ငါတို့ သိုးတွေထဲက တစ်ကောင်ကို ဖမ်းခေါ်တဲ့အခါတိုင်း လွတ်အောင် မကြိုးစားဘူး။ အော်ပဲအော်တယ်”လို့ သိုးတစ်ကောင်က ဝက်ကို အပြစ်တင်စကားဆိုတယ်။

“မှန်ပါတယ်။ သူက မင်းကို ဖမ်းတဲ့အခါ မင်းရဲ့သိုးမွှေးကိုပဲ ယူတာလေ . . ဒါပေမဲ့ ငါ့ကို ဖမ်းတာကတော့ ဝက်ပေါင်ခြောက်လိုချင်တာကိုးကွ”
ဒီစာစုရဲ့ ဆိုလိုရင်းက အန္တရာယ်မရှိတဲ့အချိန် မှာ သတ္တိရှိဖို့လွယ်တယ်။ အခြေအနေအမှန်ကို နားမလည်ဘဲနဲ့ မတူညီတဲ့ အနေအထားနှစ်ရပ်ကိုမနှိုင်းယှဉ်ပါနဲ့လို့ ဆိုလိုတာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top