Healthy Life Ad
Life Style

လေဖက်နာ ကုသနည်းများ (Rheumatoid Arthritis Treatments)

၊ ဒေါက်တာတင့်ဆွေ ၊

လေးဖက်နာဆိုတာ အော်တိုအင်မြူးခေါ် ရောဂါပြီးစနစ် ကမောက်ကမဖြစ်လို့ဖြစ်တယ်။ ကုသရခက်တယ်။ ကိုယ်ခန္ဓာကနေ ကိုယ့်ပစ္စည်းကို ရန်သူလိုသဘောထားနေလို့ဖြစ်တဲ့ အော်တိုအင်မျူးရောဂါတွေ အများကြီးထဲက တခုဖြစ်တယ်။ အဆစ်တစ်သျှူးတွေကို တိုက်ခိုက်နေတယ်။ ဆောရီး။ ရောင်မယ်။ နာမယ်။ နာတာရှည်ဖြစ်တယ်။ တခြားအဆစ်နာ ရောဂါတွေကတော့ အသုံးပြုဖန်များလို့သာဖြစ်တယ်။ လေးဖက်နာအဆစ်မှာတော့ အဆစ်ဖုံးလွှာကို ပျက်စီးစေတယ်။ ပုံပန်းပါပြောင်းလာမယ်။

လူဦးရေ ၁% မှာလေးဖက်နာရှိတယ်။ အမျိုးသမီးတွေမှာ ၂ ဒသမ ၅ ဆပိုဖြစ်တယ်။ ဆောရီး။ အသက် ၄၀-၅၀ ကြားအများဆုံးဖြစ်တယ်။ ဘာလို့ဖြစ်သလဲ မရှင်းလင်းပါ။ မျိုးဗီဇနဲ့ ပတ်ဝန်းကျင်ကြောင့်လို့ ယူဆရတယ်။

ဖြစ်စမှာ အဆစ်သေးလေးတွေကစတယ်။ လက်ချောင်း၊ ခြေချောင်းအဆစ်တွေ။ တချို့ လည်ပင်းအဆစ်မှာဖြစ်တယ်။ ဖြစ်တဲ့အဆစ်တွေ နာမယ်။ ရောင်မယ်။ တင်းနေမယ်။ တချို့က မနက်ထဆိုးပြီး တချို့က လှုပ်ရှာမှုမလုပ်တာကြာလို့ဆိုးတယ်။ တချည်ဖြစ်ရင် လနဲ့ချည်ကြာတတ်တယ်။ သက်သာနေဦးမယ်။ ပြန်ဖြစ်တယ်။ ကြာတော့ ဒူးဆစ်လို အဆစ်အကြီးတွေမှာလာဖြစ်တယ်။ တံတောင်ဆစ်၊ တင်ပါးဆုံအဆစ်။ ပခုံးဆစ်။ အများအားဖြင့် ဘယ်-ညာဖြစ်တယ်။ ဥပမာ ညာလက်ကောက်ဝတ်နဲ့ ဘယ်လက်ကောက်ဝတ်။

အဆစ်တွေနာတာအပြင် အားယုတ်မယ်။ ကိုယ်ပူနိုင်တယ်။ မအီမသာဖြစ်မယ်။ တယောက်နဲ့တစ်ယောက်မတူပါ။ တချို့မှာ အရေပြား၊ မျက်စိ၊ အဆုပ်၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ တံတွေးထွက်အိတ်၊ ရိုးတွင်းချဉ်ဆီနဲ့ သွေးကြောတွေမှာ ဖြစ်တယ်။

ဘယ်နည်းတွေနဲ့ ကုသမလဲ (RA Treatment Options)

ပျောက်အောင်ကုသလို့မရပါ။ ဆောရီး။ သက်သာအောင်နဲ့ အလုပ်လုပ်နိုင်အောင် ကုသနည်းတွေရှိပါတယ်။ ဘယဆေးနည်း၊ အရပ်နည်းတွေမှာ ဆေးသုတေသနမစုံလင်ပါ။

၁။ Disease-Modifying Antirheumatic Drugs (DMARDs) ရောဂါကို မူပြောင်းစေတဲ့ဆေးတွေကို အခြေခံသုံးတယ်။ ဘေးထွက်သက်ရောက်မှုတွေတော့ သတိထားရတယ်။

၂။ Anti-Inflammatory Agents အရောင်ကျဆေးများ

NSAIDs တွေလို့ ခေါ်တယ်။ နည်း(၁)က ဆေးတွေလောက် ရောဂါဖြစ်စဉ်ကိုမပြောင်းစေနိုင်။ အနာနဲ့ ရောင်တာကို သက်သာစေတယ်။ ဒုတိယတန်းစားသာ ဖြစ်တယ်။

၃။ Surgery ခွဲစိတ်ကုသနည်း

လိုအပ်သူတွေကို လုပ်ပေးရတယ်။

၄။ Lifestyle Changes လူနေမှုပုံစံပြောင်းခြင်း

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း၊ စိတ်ဖိအားကျစေနည်းတွေ လိုအပ်တယ်။

၅။ Natural Treatments သဘာဝနည်းများ

Omega-3 fatty acids အိုမီဂါ-သရီး။ Cloves or clove essential oil ဆီးနည်း။ bos­we­llic acid, curcumin, devil’s claw, Eu­o­n­y­mus alatus နဲ့ thunder god vine (Trip­terygium wilfordii) တွေကိုလည်း သုံးကြတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top