Healthy Life Ad
Life Style

ကျန်းမာအောင် ဘယ်လိုစားသောက်နေထိုင်သင့်သလဲ . . .

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

ကျန်းမာမှ လုပ်ငန်းဆောင်တာတွေကို အောင်မြင်အောင် စွမ်းဆောင်နိုင်မှာဖြစ်တာကြောင့် သင့်တင့်မျှတတဲ့ အစာအာဟာရတွေမှီဝဲတာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာတွေလိုက်နာပြီး ရောဂါဘယတွေကင်းဝေးအောင် ပြုမှုနေထိုင်သင့်ပါတယ်။

ကူးစက်တတ်သည့်ရောဂါနှင့် ကူးစက်မဟုတ်သည့်ရောဂါ

ရောဂါတွေကို ကူးစက်တတ်တဲ့ရောဂါနဲ့ ကူးစက်မဟုတ်တဲ့ရောဂါဆိုပြီး နှစ်မျိုးခွဲပါတယ်။ ကူးစက်တဲ့ရောဂါတွေကတော့ တုပ်ကွေးရောဂါ၊ HIV/ AIDS၊ တီဘီရောဂါ စတာတွေဖြစ်ပါတယ်။ အခုနောက်ပိုင်း အဖြစ်များလာတဲ့ ကူးစက်မဟုတ်တဲ့ ရောဂါတွေကတော့ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ ကင်ဆာရောဂါ စတာတွေဖြစ်ပါတယ်။ ဒီလိုမျိုးရောဂါတွေ တစ်ခုမဟုတ်တစ်ခု ဖြစ်လာတာက အဓိက ဘဝနေထိုင်စားသောက်မှု ပုံစံမမှန်တာကြောင့်ဖြစ်ပါတယ်။ ရောဂါကင်းချင်ရင် အစားအသောက်၊ အနေအထိုင်တွေအားလုံးကို ဂရုတစိုက်ရှိဖို့ အရမ်းကြီးပါတယ်။

အလုပ်လုပ်တဲ့သူတွေအနေနဲ့ လေ့ကျင့်ခန်းလုပ်ပေးတာ ပုံမှန်ရှိသင့်သလို မိသားစုနဲ့ အချိန်ကုန်တာမျိုး ပြုလုပ်သင့်ပါတယ်။ အခုနောက်ပိုင်းဆိုရင် အလုပ်မှာ စိတ်ဖိစီးမှုများတာတွေ ဖြစ်လာကြပါတယ်။ ဒီတော့ မိသားစုနဲ့ အတူတူခရီးသွားတာမျိုး၊ မုန့်ထွက်စားတာမျိုး ပြုလုပ်သင့်ပါတယ် . . .

ကျန်းမာစေမည့် နေထိုင်မှုပုံစံ

အလုပ်လုပ်တဲ့သူတွေအနေနဲ့ လေ့ကျင့်ခန်းလုပ်ပေးတာ ပုံမှန်ရှိသင့်သလို မိသားစုနဲ့ အချိန်ကုန်တာမျိုး ပြုလုပ်သင့်ပါတယ်။ အခုနောက်ပိုင်းဆိုရင် အလုပ်မှာ စိတ်ဖိစီးမှုများတာတွေ ဖြစ်လာကြပါတယ်။ ဒီတော့ မိသားစုနဲ့ အတူတူခရီးသွားတာမျိုး၊ မုန့်ထွက်စားတာမျိုး ပြုလုပ်သင့်ပါတယ်။ ကလေးတွေကိုလည်း အားကစားလုပ်ခိုင်းတာ၊ အတူတူလုပ်တာမျိုးလည်းရှိဖို့ လိုပါတယ်။ နောက်ပြီး အရက်သောက်တာပေါ့။ စိတ်ဖိစီးမှုများလို့ အရက်အများကြီးသောက်တာတော့ မကောင်းပါဘူး။ အရက်မသောက်ရ မနေနိုင်ရင် အရက်လုံးဝမသောက်နဲ့လို့ မပြောပေမယ့် ဆေးလိပ်သောက်တာကိုတော့ လုံးဝခွင့်မပြုပါဘူး။

အစာစားခြင်းနှင့် ပြုလုပ်သင့်သည့် ကိုယ်လက်လှုပ်ရှားမှု

ကာဗိုဟိုက်ဒရိတ် တစ်ဂရမ်စားတိုင်း ကယ်လိုရီ လေးယူနစ်ရပါတယ်။ လူတစ်ယောက် တစ်နေ့ကို ကယ်လိုရီပျှမ်းမျှအားဖြင့် ၂၀ဝ၀ လိုပါတယ်။ လှုပ်ရှားမှုနည်းတဲ့သူတွေဆို တစ်နေ့ကို ၁၃၀ဝ လောက်ပဲ လိုပါတယ်။ ကိုယ်လက်လှုပ်ရှားမှု များတဲ့သူတွေ ဥပမာ- ကုန်ထမ်းတဲ့ ယောကျာ်းကြီးတွေဆို တစ်နေ့ကို ကယ်လိုရီ ၃၀ဝ၀ လောက်ထိ လိုပါတယ်။ ရုံးမှာ အလုပ်လုပ်တဲ့သူတွေဆို တစ်နေ့ကို ကယ်လိုရီ ၁၆၀ဝ-၂၀ဝ၀ လောက်ပဲ လိုပါတယ်။ ဒီတော့ ကိုယ်က တစ်နေ့ကို ၂၀ဝ၀ ယူနစ် စားတယ်ဆိုပါတော့။ သုံးလိုက်တာက ၁၆၀ဝ ဆိုရင် ၄၀ဝ၊ ၅၀ဝ လောက်က ပိုနေပါတယ်။ တစ်ပတ်လောက်ကြာတဲ့ခါ ပိုနေတဲ့ ကယ်လိုရီ ၃၀ဝ၀ ဖြစ်သွားပြီး ဆိုတာနဲ့ ကိုယ်အလေးချိန် တစ်ပေါင်တက်ပါတယ်။ ကယ်လိုရီ ၃၀ဝ၀ လျော့နည်းတာနဲ့ ကိုယ်အလေးချိန် တစ်ပေါင်ကျပါတယ်။

ဒီတော့ ဝချင်တဲ့သူတွေ တစ်ရက်ကို ကယ်လိုရီ ၁၀ဝတိုးစားရင် တစ်လပြည့်ရင် တစ်ပေါင်တက်မှာပါ။ အဲလိုပဲ ပိန်ချင်တယ်ဆိုရင် ကယ်လိုရီကို တစ်နေ့ ၅၀ဝ လောက် လျှော့စားပေးပါ။ အစားအသောက်ကို ၂၅၀ ကယ်လိုရီလောက် လျှော့စားမယ်၊ လှုပ်ရှားမှုကို ကယ်လိုရီ ၂၅၀ လောက် လောင်ကျွမ်းသွားအောင် ပြုလုပ်မယ်ဆိုရင် ပိန်သွားမှာ သေချာပါတယ်။ ပုံမှန် ထမင်းတစ်ပန်းလုံးတစ်လုံးစားရင် ၁၅၅ ကယ်လိုရီရပါတယ်။ ထမင်းတစ်ပန်းကန်ကိုဆို ကယ်လိုရီ ၂၆၀ ကနေ ၃၆၀ ရပါတယ်။ တစ်နာရီ လမ်းလျှောက်တာနဲ့ ကယ်လိုရီ ၂၀ဝ ပြည့်အောင်တောင် မလောင်ကျွမ်းနိုင်ပါဘူး။ ဒီတော့ အစားလျှော့စားသလို ကိုယ်အလေးချိန်မျှတအောင်လုပ်မှ မဝမှာဖြစ်ပါတယ်။

လူတိုင်းက အထိုင်များတာနဲ့ အချိန်ကုန်ကြပါတယ်။ နောက်ပြီး တစ်နေကုန် အလုပ်လုပ်ထားတာရယ်၊ ကားလမ်းပိတ်နေလို့ ကားပေါ်မှာ အကြာကြီးထိုင်စောင့်ရလို့ အချိန်ကုန်ပင်ပန်းပြီး အိမ်ရောက်တဲ့အခါ ဘာမှမလုပ်နိုင်တော့ပါဘူး။ ကားစီးရတာ ပင်ပန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိပ်ရာထဲဝင်ချင်ဝင်မယ်။ ဒါမှမဟုတ် တီဗီကြည့်မယ်။ အထူးသဖြင့် ရုံးမှာထိုင်ပြီး အလုပ်လုပ်နေတဲ့သူတွေ ထိုင်တာများနေရင်တော့ ဗိုက်မှာ အဆီတွေ တက်လာတာတွေ့ရမှာပါပဲ။ ဒါကြောင့် ကျန်းမာချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ရမှာက လမ်းလျှောက်တာ တစ်ရက်ကို ဘယ်လောက်နှုန်းရှိသလဲ . . ကိုယ်လက်လှုပ်ရှားမှု လုပ်ပြီးပြီလားဆိုပြီး ပြန်လည်ဆန်းစစ်ပြီး နေထိုင်မှုပုံစံကို ပြုပြင်ရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top