Healthy Life Ad
Life Style

ဘဝရဲ့ အကောင်းဆုံးအချိန်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဦးတာတူးက ခပ်ပျော်ပျော် နေတတ်သူတစ်ဦးဖြစ်တယ်။ သူ့ကြည့်လိုက်ရင် သက်သောင့်သက်သာရှိရှိ၊ အေးအေးဆေးဆေး၊ ခပ်ပြုံးပြုံးနဲ့ အများတကာကို ကူညီတတ်သူ၊ စိတ်ထားကောင်းသူ၊ လူမှုဆက်ဆံရေး ကောင်းမွန်သူ . . ။ ဒါပေမဲ့ သူ့ဘဝက ထင်သလောက် ချောမွေ့နေတာတော့ မဟုတ်။ အမြဲတမ်း အဆင်ပြေနေတာမျိုး မဟုတ်ပေမယ့် သူကတော့ သူတတ်နိုင်သမျှ သူများကို ကူညီပေးဆပ်တတ်သူ။

ဦးတာတူးကို အိမ်နီးချင်းကောင်လေးတစ်ဦး က မေးတယ်။

“ဦးဘဝရဲ့ အကောင်းဆုံးအချိန်က ဘယ်တုန်းကလဲ”

ဦးတာတူးက ပြုံးပြီး ဖြေတယ်။

“အကောင်းဆုံးအချိန်တွေက အများကြီးပဲ ငါ့တူ”

“မိန်းမရတုန်းကလည်း ဘဝရဲ့အကောင်းဆုံးအချိန်ပဲ . . .

အိမ်လေးတစ်လုံး ဝယ်နိုင်တုန်းကလည်းဘဝ ရဲ့ အကောင်းဆုံးအချိန်ပဲ . . .

ကိုယ်စိုက်ပျိုးလိုက်တဲ့ သစ်ပင်က သစ်သီးဝလံတွေ စသီးတုန်းကလည်း ဒါဘဝရဲ့ အကောင်းဆုံးအချိန်ပဲ . . .

အလှူအတန်းတွေ လုပ်နိုင်တော့လည်း ဒါဘဝရဲ့ အကောင်းဆုံး အချိန်ပဲ . . .

သူများတကာ ခက်ခဲနေချိန် ကူညီလိုက်နိုင်တာကလည်း ဘဝရဲ့အကောင်းဆုံးအချိန်ပဲ . . .

ဒါတွေအားလုံးထက် အကောင်းဆုံးအချိန်ကတော့ . . လက်ရှိ အခုအချိန်ပဲဟေ့ ငါတူ . .

အတိတ်ကိုလည်း မပူဆွေး၊ အနာဂတ်ကိုလည်း မမျှော်ကိုးဘဲ လက်ရှိပစ္စုပ္ပာန်အချိန်မှာ စိတ်အေးလက်အေး သက်သောင့်သက်သာနေနိုင်ပြီး ကိုယ်တတ်နိုင်တဲ့ အင်အားနဲ့ အများတကာကို ကူညီနိုင်တဲ့ အခုအချိန်က ဘဝရဲ့ အကောင်းတကာ့ အကောင်းဆုံးအချိန်ပဲဟေ့”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top